Home သတင်း KNU ကွန်ဂရက်မတိုင်မီ သစ်‌တောမူဝါဒ အပြီးသတ်‌ရေးဆွဲနိုင်ရန် ဗဟိုသစ်‌တောဌာနမှ အလုပ်ရုံ‌ဆွေး‌နွေး

KNU ကွန်ဂရက်မတိုင်မီ သစ်‌တောမူဝါဒ အပြီးသတ်‌ရေးဆွဲနိုင်ရန် ဗဟိုသစ်‌တောဌာနမှ အလုပ်ရုံ‌ဆွေး‌နွေး

1930
ဇွန် ၁၈ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုသစ်‌တောဋ္ဌာနမှ ၎င်းတို့ချမှတ်‌ရေးဆွဲထား‌သော သစ်‌တော မူဝါဒဆိုင်ရာများကို လာမည့် ၁၆ ကြိမ်‌မြောက် KNU ကွန်ဂရက်အမီ အပြီးသတ်‌ရေးဆွဲ အတည်ပြုနိုင်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် ဇွန်လ ၁၆ရက်မှ ၁၇ရက်‌နေ့အထိ အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

‌လေးနှစ်တစ်ကြိမ်ပြုလုပ်သည့် KNU ကွန်ဂရက်တွင် သက်ဆိုင်ရာဋ္ဌာနများအလိုက် လုပ်‌ဆောင်ချက်များ၊ မူဝါဒပိုင်းဆိုင်ရာပြင်ဆင်ဖြည့်စွက်ချက်များကို အသီးသီးတင်ပြကြမည်ဖြစ်၍ လက်ရှိ သစ်‌တောဋ္ဌာန၏ ပြင်ဆင်‌ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ဗဟိုသစ်‌တော ဌာနတာဝန်ခံမန်းဘထွန်းက ယခုလို ‌ပြောသည်။

“အခု ကျ‌နော်တို့အ‌နေနဲ့က‌တော့ သစ်‌တောမူဝါဒကို သက်ဆိုင်တဲ့ခရိုင်၊ မြို့နယ်က သစ်‌တောတာဝန်ခံ‌တွေ ကရင်လူမှုအဖွဲ့အစည်း‌တွေနဲ့‌တွေ့ပြီး မူကြမ်း အ‌ချောသတ်နိုင်ဖို့ သုံးသပ်တာ၊ ပြင်ဆင်ဖြည့်စွက်တာ အကြံ ဉာဏ်‌တွေရယူတာ ဖြစ်ပါတယ်။ ပြီးစီးမှု အ‌ခြေအ‌နေက‌တော့ ၉ဝ ရာခိုင်နှုန်း‌လောက်ရှိပါပြီ”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် သစ်‌တောဆိုင်ရာမူဝါဒအကြမ်းများထဲမှ မရှင်းလင်းသည့် အချက်များ၊ ‌ဝေါဟာရ အသုံးအနှုန်းများနှင့် သစ်‌တောကြိုးဝိုင်းသတ်မှတ်မှုများကို ‌ဆွေး‌နွေးပြီး ဖြည့်စွက်ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ ကြသလို နိုဝင်ဘာလတွင် ကျင်းပမည့် ကွန်ဂရက်မတိုင်မီ ပြီးပြတ်သည်အထိ အလားတူ အလုပ်ရုံ ‌ဆွေး‌နွေးပွဲကို ဆက်လက်လုပ်‌ဆောင်သွားမည်ဟုလည်း KNU ဗဟိုသစ်‌တောဋ္ဌာနက ‌ပြောသည်။

‌ဆွေး‌နွေးပွဲသို့ KNU ခရိုင် ၇ခုမှ ခရိုင်၊ မြို့ နယ် သစ်‌တောဋ္ဌာန တာဝန်ရှိသူများ၊ ကရင်လူမှုအဖွဲ့အစည်းများ ဖြစ်သည့် KWO၊ KSNG၊ KESAN၊ KHRG တို့အပြင် ထားဝယ်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး မဟာမိတ်အဖွဲ့ CAT ကိုယ်စားလှယ်များ၊ အ‌မေရိကန်နိုင်ငံမှ သစ်‌တောပညာရှင်များ အပါအဝင် ၃၀‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။
13480331_707536386053677_1650372414_n copy
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးမဟာမိတ်အဖွဲ့ ကိုယ်စားလှယ်ဖြစ်သူ ‌စောစံ‌ငွေက “အခု သစ်‌တော ဆိုင်ရာ ‌ပေါ်လစီကလည်း ထပ်ထွက်လာဖို့ရှိ‌တော့ လက်‌တွေ့အ‌ကောင် အထည်‌ဖော်‌ဆောင်ရွက်နိုင်မယ် ဆိုရင် အများကြီး ‌ကောင်းသွားဖို့ ရှိတယ်။ ‌နောက်ပြီးပို‌ကောင်းတာတစ်ခုက မူဝါဒ‌တွေ အ‌ကောင်အထည် ‌ပေါ်လာဖို့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်‌တောထိန်းသိမ်း ‌ရေး‌ကော်မတီဖွဲ့ပြီး လုပ်မယ်ဆို‌တော့ ပိုပြီး ထိ‌ရောက်မယ်လို့ မြင်ပါတယ်”ဟု ‌ပြောသည်။

KNU လက်‌အောက်ခံဋ္ဌာန ၁၄ခုအနက် တစ်ခုဖြစ်သည့် ဗဟိုသစ်‌တောဋ္ဌာနသည် ၎င်းတို့နယ်‌မြေများ အတွင်းရှိ ပြည်သူပိုင်‌မြေယာများကို ‌မြေဂရမ်(‌ပြေစာ)ထုတ်‌ပေးခြင်း၊ သစ်‌တောကြိုးဝိုင်းနယ်နိမိတ်များ သတ်မှတ်‌ပေးခြင်းတို့ကို လုပ်‌ဆောင်‌ပေးလျှက်ရှိသလို ခရိုင် ၇ ခုအတွင်း ဧက‌ပေါင်း ၇ ‌သောင်း နီးပါးရှိသည့် ‌ကျေးရွာပိုင်ဘုံသစ်‌တော ၆၈ခုကို သတ်မှတ်‌ပေးနိုင်ခဲ့‌ကြောင်းလည်း KNU ဗဟိုသစ်‌တောဋ္ဌာနက ဆိုသည်။

ဗဟိုသစ်‌တောဌာနအ‌နေဖြင့် ခရိုင်၊ မြို့နယ်များမှသစ်‌တောဆိုင်ရာ တာဝန်ရှိသူများ နိုင်ငံခြားသား ပညာရှင်များပါဝင်သည့် အလားတူ သစ်‌တောဆိုင်ရာ မူဝါဒ‌ရေးဆွဲ‌ရေး အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခုကို ယခုနှစ် မတ်လ ၈ရက်နှင့် ၉ရက်‌နေ့များကလည်း ပြုလုပ်ခဲ့‌သေးသည်။