Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၌ ပထမဦးဆုံးအကြိမ် ကမ္ဘာ့မိခင်များ‌နေ့ကျင်းပ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၌ ပထမဦးဆုံးအကြိမ် ကမ္ဘာ့မိခင်များ‌နေ့ကျင်းပ

1569

‌မေ ၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

‌မေလ ၈ရက်‌နေ့က ကျ‌ရောက်သည့် ကမ္ဘာ့မိခင်များ‌နေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော် ‌ဒေသအ‌နေဖြင့် ခလယ်‌ကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်း ဓမ္မဗိမာန်ဓမ္မာရုံတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ကြသည်။

ဦး‌ဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ‌နော်အဲစီက “မိခင်‌တွေရဲ့ ‌စေတနာ၊ ‌မေတ္တာတရား‌တွေဟာ သားသမီးအ‌ပေါ်မှာ ဘယ် ‌လောက်ကြီးမားကျယ်ပြန့် နက်ရှိုင်း‌နေသလဲဆိုတာ ‌ခေတ်ကာလလူငယ်‌တွေကို ‌ပေးသိချင်လို့ ဒီပွဲကိုကျင်းပရခြင်းဖြစ်တယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကိုးလလွယ် ဆယ်လမှဖွားပြီး ‌သေမင်း၏နှုတ်ခမ်းဝမှာ ရင်ဆိုင်ပြီး‌မွေးလာခဲ့ရသည့် မိခင်များ၏ ‌ကျေးဇူး‌မေတ္တာကြီးမား‌ကြောင်း ကို ယခုလို‌နေ့မျိုးတွင် မိခင်မရှိ‌တော့သည့် လူငယ်များနှင့် မိခင်ရှိ‌သော လူငယ်များပါ ‌နောင်တစ်ချိန် ၎င်းတို့မိဘ‌နေရာ ပြန် ‌ရောက်ချိန်တွင် သိရှိနားလည်ရန် ရည်ရွယ်ကျင်းပခြင်းလည်းဖြစ်သည်ဟု ‌နော်အဲစီက ဆက်‌ပြောသည်။

အခမ်းအနားတွင် ခလယ်‌ကျေးရွာရှိ အသက်(၇၀)အထက် မိခင်(၇၅)ဦးကို လှူဖွယ်ပစ္စည်းများဖြင့် စု‌ပေါင်း ကန်‌တော့ခဲ့ကြပြီး မိခင်များ‌နေ့ ဖြစ်‌ပေါ်လာပုံ မိခင်‌မေတ္တာ‌တေးသီချင်းများ စု‌ပေါင်းသီဆိုကြသည့်အပြင် ကွယ်လွန်သွားကြ‌သော ကမာ္ဘ့မိခင်များ အား ‌အောက်‌မေ့သတိရသည့်အ‌နေဖြင့် တစ်မိနစ်ငြိမ်သက် ဆု‌တောင်းခဲ့ကြသည်။

ထို့အပြင် အနန္တမိခင်‌ကျေးဇူးရှင် ကဗျာရွတ်ဆိုခြင်း၊ မိခင်များအား စု‌ပေါင်းကန်‌တော့ခြင်း၊ မိခင်ကို ‌အောက်‌မေ့အမှတ်ရ‌စေရန် မိခင်ရှိသူများက စကားဝါပန်းဖြူ၊ မိခင်ကွယ်လွန်သွားသူများက စကားဝါပန်းနီများဖြင့် အခမ်းအနားတက်‌ရောက်လာသူများက လက်‌ဆောင်‌ပေးခဲ့သည်။

အသက် ၇၅နှစ်အရွယ် ခလယ်ရွာမှ အဖွားနန်မှုးပယ်က “အခု‌ခေတ်လူငယ်‌တွေ မိဘ‌တွေကို ရို‌သေ‌လေးစားမှု နည်းလာတယ်။ ဒီလို မိခင်‌မေတ္တာ ‌ဖော်ထုတ်‌ပေးတဲ့ပွဲ‌တွေ များများလုပ်‌ပေးဖို့လိုတယ်။ အဲဒါမှလူ့‌လောကထဲ‌ရောက်လာဖို့ မိခင်တစ်‌ယောက်အ‌နေ နဲ့ ဘယ်‌လောက်ထိ စွန့်လွှတ်အနစ်နာခံခဲ့ရသလဲဆိုတာ သူတို့‌တွေပိုသိလာမယ်။ လူငယ်‌တွေ မိခင် ဖခင်‌တွေကို ပြန်မလုပ်‌ကျွေး နိုင်ရင်‌တောင်မှ ‌ကျေးဇူးမကန်းကြဖို့ တိုက်တွန်းလိုတယ်״ဟု ‌ပြောသည်။

ခလယ်ရွာမှ လူငယ် ‌စောရှာ့‌ဖောင်ကလည်း “အရင်က‌တော့ မိဘ‌မေတ္တာကြီးတယ်ဆိုတာ‌လောက်ပဲ သိတယ်။ အခုမှ မိခင်‌တွေ ဟာ သားသမီး‌တွေကို ‌မွေးလာကတည်းက‌နေ ကြီးပြင်းလာတဲ့အထိ သားသမီး‌တွေအ‌ပေါ်မှာ ဘယ်‌လောက်အနစ်နာခံ ကြိုးစား ခဲ့ရသလဲဆိုတာ ပိုပြီး‌တော့ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာရတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကမ္ဘာ့မိခင်များ‌နေ့ ဖြစ်‌ပေါ်လာရန် ပထမဦးဆုံး ကြိုးပမ်းလုပ်‌ဆောင်သူမှာ အ‌မေရိကန်ပြည်‌ထောင်စုမှ (Miss Ann Javis) ဆိုသည့် အမျိုးသမီးဖြစ်ပြီး ကွယ်လွန်သွား‌သော သူမ၏ မိခင် Mrs Javis ကို အမှူးပြုပြီး မိခင်များ‌နေ့ ပြဌာန်း‌ပေးရန် အ‌မေရိ ကန်သမ္မတ ရုစဘဲ(Roo Sevelt)ထံ စာတင်ပြီး‌နောက် ၁၉၁၄ခုနှစ်၊ ‌မေလ ၈ရက်‌နေ့ကို မိခင်များ‌နေ့အဖြစ် အ‌မေရိကန်အစိုးရက တရားဝင်ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင်မူ ၁၉၄၆ခုနှစ်မှစပြီး မိခင်များ‌နေ့ကို ကျင်းပလာခဲ့သည်။