Home သတင်း ဝမ်းနည်း‌ကြေကွဲခြင်း

ဝမ်းနည်း‌ကြေကွဲခြင်း

2136

ကရင့်‌တော်လှန်‌ရေး အဖွဲ့အစည်းအတွင်း‌သော်လည်း‌ကောင်း၊ ကရင့်သမိုင်းနှင့် သု‌တေသနဆိုင်ရာ လုပ်ငန်းများတွင်‌သော် လည်း‌ကောင်း ထဲထဲဝင်ဝင် ပါဝင်‌ဆောင်ရွက်ခဲ့ပြီး ‌ကေအိုင်စီ-ကရင်သတင်းဋ္ဌာန၏ ပင်တိုင် ‌ဆောင်းပါးရှင်‌ကောင်းဖြစ်ခဲ့သူ စာ‌ရေးဆရာ မန်းထက်‌ခေါင် (၆၂)နှစ်သည် ၂၀၁၅ခုနှစ်၊ ‌မေလ ၂၃ရက်‌နေ့တွင် အာရုံ‌ကြော‌ဝေဒနာဖြင့် ထိုင်းနိုင်ငံ၊ ကန်ချဘူ ရီခရိုင်၊ စံခလဘူရီမြို့ ‌နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။

ထက်မြက်၍ ‌ထောင့်‌စေ့‌သော အ‌တွေးအ‌ခေါ်နှင့် ‌တွေးဆသုံးသပ်ကာ ‌ဝေဖန်‌ထောက်ပြ၊ အကြံ‌ပေးစာများ ‌ရေးသားခဲ့သူ ဆရာ မန်းထက်‌ခေါင် ကွယ်လွန်သွားခြင်းသည် ကရင်လူမှုအသိုင်းအဝိုင်းနှင့် မဟာမိတ်အဖွဲ့အစည်းများအတွက် စာ‌ရေးဆရာ‌ကောင်း တစ်ဦး ကြီးမားစွာ ဆုံးရှုံးသွားခြင်းဖြစ်သည်ဟု ယုံကြည်သည်။

‌ကေအိုင်စီ လုပ်‌ဖော်ကိုင်ဖက်များအ‌နေဖြင့် ဆရာမန်းထက်‌ခေါင် ကွယ်လွန်သွားသည့်အ‌ပေါ် ကျန်ရစ်သူ မိသားစု၊ ‌ဆွေမျိုးသား ချင်းများ၊ ရဲ‌ဘော်ရဲဘက်များ အားလုံးနှင့် ထပ်တူ ဝမ်းနည်း‌ကြေကွဲရပါသည်။

ဆရာမန်းထက်‌ခေါင် ‌ရောက်‌လေရာဘဝမှာ ‌ကောင်းရာ သုဂတိလားပြီး ဘဝအဆက်ဆက်မှာလည်း အများအကျိုးသယ်ပိုးနိုင် ပါ‌စေ။

‌လေးစား၊ ဝမ်းနည်းခြင်း များစွာဖြင့်
‌ကေအိုင်စီဝန်ထမ်းများ
(‌မေလ ၂၇ရက်၊ ၂၀၁၆ခုနှစ်)