Home သတင်း ဒီ‌ကေဘီ‌အေ ဗိုလ်ချုပ် ‌စောလားပွယ် ကွယ်လွန်

ဒီ‌ကေဘီ‌အေ ဗိုလ်ချုပ် ‌စောလားပွယ် ကွယ်လွန်

2245

မတ် ၁၃ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်‌စောလားပွယ်(‌ခေါ်) ဗိုလ်နှုတ်ခမ်း‌မွှေးသည် ယ‌နေ့ (မတ်လ ၁၃ရက်‌နေ့) မွန်းလွဲ ၁း၅ဝနာရီအချိန်၌ ပဲခူးမြို့၊ ‌ဆေးရုံကြီး၌ ကွယ်လွန်သွားပြီဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေ ‌ကော့ ကရိတ်မြို့ ဆက်ဆံ‌ရေးတာဝန်ခံ ‌စောရင်ကြည်က ‌ပြောသည်။

“(အဘိုး)‌စောလားပွယ်က ဒီ‌နေ့ ဘုရား‌ကျောင်းက‌နေအပြန် လမ်းမှာ သူ အန်တယ်။ အဲဒါနဲ့ ပဲခူး‌ဆေးရုံကို ပို့တာ‌ပေါ့။ ‌ဆေးရုံမှာပဲ သူ ဆုံးသွားတယ်”ဟု သူက ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

ကွယ်လွန်သွားသည့် ဗိုလ်ချုပ်‌စောလားပွယ်၏ ရုပ်အ‌လောင်းကို ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ ဒီ‌ကေဘီ‌အေဌာနချုပ် သို့ ယ‌နေ့ ပြန်လည် သယ်‌ဆောင်လာ‌နေပြီဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းထံမှ သိရသည်။

(ယခင်)ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)မှူး ဗိုလ်ချုပ်‌စောလားပွယ်သည် နယ်ခြား‌စောင့်တပ် အသွင်ကူး‌ပြောင်း‌ရေးကို လက်မခံခဲ့ဘဲ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို သပိတ်‌မှောက်သည့်အ‌နေဖြင့် ၂၀၁ဝခုနှစ်၊ နိုဝင်ဘာလ ၈ရက်‌နေ့တွင် မြန်မာအစိုးရကို ပြန်လည် တိုက် ခိုက်ခဲ့သည်။ ထို့‌နောက် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၃ရက်‌နေ့တွင် အစိုးရနှင့် အပစ်ရပ် သ‌ဘောစာချုပ် ချုပ်ဆိုခဲ့သည်။