Home သတင်း မြဝတီမြို့ မိုတယ်ပိုင်ရှင်ထံမှ မူးယစ်‌ဆေးပြား ၁၇၀၀‌ကျော် ဖမ်းဆီးရမိ

မြဝတီမြို့ မိုတယ်ပိုင်ရှင်ထံမှ မူးယစ်‌ဆေးပြား ၁၇၀၀‌ကျော် ဖမ်းဆီးရမိ

2475

ဇန်နဝါရီ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရပ်ကွက်(၃) ဗန္ဓုလလမ်းရှိ အဲဗားဂရင်း (Ever Green Motel) အမည်ရှိ မိုတယ် (တည်းခိုခန်း)တစ် ခု၌ ဇန်နဝါရီလ ၂ဝရက်‌နေ့က မိုတယ်ပိုင်ရှင်နှင့် မန်‌နေဂျာနှစ်ဦးတို့ထံမှ မူးယစ်‌ဆေးပြား စုစု‌ပေါင်း ၁၇၀၂ပြား (တန်ဘိုးကျပ် ၅,၁၀၆,၀၀၀)ကို ဖမ်းဆီးရမိခဲ့သည်ဟု မြဝတီခရိုင် ရဲတပ်ဖွဲ့က ‌ပြောသည်။

ဇန်နဝါရီလ ၁၉ရက်‌နေ့က မြို့တွင်း၌ ဖြစ်ပွားခဲ့‌သော အရပ်သားအချင်းချင်း ‌သေနတ်ဖြင့် ပစ်ခတ်မှုအတွင်း လွတ်‌မြောက်‌နေသူ တရားခံနှင့် ကားအား တပ်မ‌တော်၊ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ အမှတ် (၃) အုပ်ချုပ်‌ရေးမှူးတို့ ပူး‌ပေါင်းအဖွဲ့က လိုက်လံရှာ‌ဖွေ‌နေစဉ် ၎င်းမိုတယ်ကို ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးရာတွင် အ‌ရောင်း‌ကောင်တာအံဆွဲ၊ စတိုးခန်းနှင့် ဘုရားခန်းတို့တွင် သိမ်းဆည်း ထား‌သော WY စာသားပါ မူးယစ်စိတ်ကြွ‌ဆေးပြားများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု မြဝတီခရိုင် ခရိုင်ရဲမှူး ဦးမိုးညိုက ယ‌နေ့ ‌ပြောကြားသည်။

“အဲဗားဂရင်းမိုတယ်က အဖွဲ့စုံဖြစ်တဲ့အတွက်‌ကြောင့်၊ သတင်းလည်း ရတာဖြစ်တဲ့အတွက်‌ကြောင့် ‌ရှောင်တခင် စစ်‌ဆေးတဲ့အခါ မှာ မိုတယ်ပိုင်ရှင်၊ မန်‌နေဂျာနဲ့ သူတို့ရဲ့ ထွက်ဆိုချက်အရ‌ကော၊ သူတို့ဆီက သိမ်းဆည်းရမိတဲ့ အ‌နေအထားအရ‌ကော မူးယစ် ‌ဆေးဝါး စိတ်ကြွ‌ဆေးပြား ၁၇၀၂ပြား ဖမ်းဆီးရမိပါတယ်״ဟု သတင်း‌ထောက်များကို ‌ပြောကြားသည်။

မူးယစ်‌ဆေးဝါးနှင့်အတူ ၎င်းဖမ်းဆီးရမိခဲ့‌သော Ever Green Motel ပိုင်ရှင်ဖြစ်သူ ‌ဇော်မင်းထွန်း ၄ဝနှစ်နှင့် မန်‌နေဂျာ သန်းကြည် ၇၂နှစ်တို့နှစ်ဦးအား မူး/စိတ် ဥပ‌ဒေ ပုဒ်မ ၁၅/၁၉ (က)/ ၂၀(က)/၂၁အရ အမှုဖွင့်အ‌ရေးယူထားသည်ဟု ခရိုင်ရဲမှူး ဦးမိုးညိုက ဆက်‌ပြောသည်။
12607221_918189511612075_234379191_n
ယခုကိစ္စအ‌ပေါ် ကရင်လူငယ်ကွန်ယက်မှ ‌နော်အယ်‌ဖောဝါးက “ဥပ‌ဒေကလည်း ထိထိ‌ရောက်‌ရောက် ပြစ်ဒဏ်မ‌ပေး‌တော့ ပြည် သူ‌တွေကလည်း စနစ်မ‌ကောင်းတာကို အပြစ်ပုံချပြီး သူတို့ကိုယ်တိုင်ပါ သုံးစွဲလာကြတယ်။ မထူးတဲ့ ‌လောကဆိုပြီး‌ပေါ့။ မူးယစ် ‌ဆေးဝါးကို တိုက်ဖျက်ဖို့က တာဝန်ရှိသူကိုယ်တိုင် တာဝန်ယူထားပြီး တကယ်စိတ်ပါတဲ့ တိုက်ဖျက်မှုကို လုပ်‌စေချင်ပါတယ်။ မီဒီ ယာမှာပါ ယုံ‌လောက်မဟုတ်ဘဲ ထိ‌ရောက်တဲ့ အ‌ရေးယူမှု သားစဉ်‌မြေးဆက် မသုံးရဲ‌လောက်‌အောင် သတိ‌ပေး ဥပ‌ဒေ‌တွေနဲ့ ပြု လုပ်သင့်ပါတယ်״ဟု ‌ထောက်ပြ‌ပြောဆိုသည်။

မြဝတီမြို့အတွင်း ‌ရောင်းဝယ်‌ဖောက်ကား‌နေ‌သော မူးယစ်‌ဆေးဝါးများမှာ ကရင်ပြည်နယ်အတွင်း၌ ထုတ်လုပ်ဖြန့်ဖြူးခြင်း မဟုတ်ဘဲ အခြားအရပ်‌ဒေသနှင့် နယ်စပ်‌ဒေသတို့မှ ဖြတ်‌ကျော်ဝင်‌ရောက်လာခြင်းဖြစ်‌ကြောင်း၊ မြဝတီမြို့၌ ယခင်နှစ်များက မူးယစ်‌ဆေးဝါး အများအပြားကို မကြာခဏ ဖမ်းဆီးရမိမှုများရှိခဲ့ပြီး ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာပင် မူးယစ်‌ဆေးဝါးအမှုဖြင့် ၆ကြိမ် ဖမ်းဆီးရမိကာ ယခုအကြိမ်မှာ အ‌ရေအတွက် အများဆုံးဖြစ်သည်ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့၏ ‌ပြောပြချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်‌သော မြဝတီမြို့တွင် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ လူမျိုး‌ပေါင်းစုံ လာ‌ရောက်‌နေထိုင် ကြသဖြင့် မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်‌ဖောက်ကားမှုများအပြင် ခိုးမှု၊ လုယက်မှု၊ လိမ်လည်မှုနှင့် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွား ‌လေ့ရှိ‌သော မြို့တစ်မြို့ဖြစ်သည်။