Home သတင်း အဆင့်မြင့်ပညာသင် ကရင်‌ကျောင်းသူ‌ကျောင်းသား ၁၈ဦးကို KOFA ပညာသင်ဆု‌ပေး

အဆင့်မြင့်ပညာသင် ကရင်‌ကျောင်းသူ‌ကျောင်းသား ၁၈ဦးကို KOFA ပညာသင်ဆု‌ပေး

1701

ဇန်နဝါရီ ၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

တက္ကသိုလ်၊ ‌ကောလိပ်၊ သိပ္ပံ အသီးသီးတွင် အဆင့်မြင့်ပညာ သင်ကြား‌နေကြ‌သော ကရင်‌ကျောင်းသူ‌ကျောင်းသား ၁၈ဦးကို ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ ပညာသင်ဆု ချီးမြှင့်ထားသည်ဟု ကရင်ဝန်ထမ်း‌ဟောင်းမိသားစု လူမှု‌ရေးအသင်း(KOFA) ဥက္ကဌ မန်းစိုးဟန်က ဇန်နဝါရီလ ၁ရက်‌နေ့တွင် ရန်ကုန်မြို့၊ အင်းယား လမ်းရှိ၊ ‌ရွှေရှမ်းကန် စား‌သောက်ဆိုင်ခန်းမ၌ ပြုလုပ်သည့် အသင်းနှစ်ပတ်လည် အခမ်းအနားတွင် ‌ပြောသည်။

KOFA အ‌နေဖြင့် အဆိုပါ‌ကျောင်းသားလူငယ်များကို တစ်လလျှင် ကျပ်သုံး‌သောင်းနှုန်းဖြင့် ဆယ်လစာအတွက် တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်းနှင့် ၁၈ဦးအတွက် စုစု‌ပေါင်းကျပ် ၅၄သိန်း ပထမနှစ် ပညာသင်ရန်အတွက် ‌ပေးခဲ့ပြီး အဆင့်မြင့်ပညာ ဆုံးခန်း တိုင်သည်အထိ ‌ပေးအပ်သွားမည်ဖြစ်ကာ ယခုလာမည့် ပညာသင်နှစ်အတွက် ပညာသင်ဆု ထပ်‌ပေးရန် ‌လျှောက်လွှာများ ‌ခေါ် ယူထားပြီးဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူများက ‌ပြောသည်။

“လွန်ခဲ့တဲ့ ၄၅နှစ်‌လောက်က ကျ‌နော်တို့တ‌တွေဟာ ဒီတက္ကသိုလ် ‌ရွှေရတုသဘင်ခမ်းအနားကစပြီး ဒုံး‌တွေ ကခဲ့တယ်။ စာ‌ပေ ယဉ်‌ကျေးမှု‌တွေ လုပ်ခဲ့တယ်။ အခုကျ‌နော်တို့ ၆၀‌ကျော်အရွယ် ဖြစ်‌နေပါပြီး။ အခု ပင်စင်ယူပြီးတဲ့အချိန်မှာ ကျ‌နော်တို့လုပ်ချင်တဲ့ အမျိုးသား‌ရေးက လုပ်ဖို့အရွယ်လွန်သွားပြီး။ ဒီ‌တော့ လူငယ်‌တွေဆက်လုပ်နိုင်‌အောင် ပံ့ပိုးမယ်လို့ ရည်ရွယ်ပြီး အခုလို KOFA ကို ဖွဲ့စည်းခဲ့တာပါ”ဟု အသင်းဥက္ကဌ မန်းစိုးဟန်က ‌ပြောသည်။

ယမန်‌နေ့က ‌နေ့တဝက်နီးပါး ပြုလုပ်သည့် အသင်းနှစ်ပတ်လည် အခမ်းအနားသို့ အသင်းဝင် နယ်ပယ်စုံ အငြိမ်းစား ကရင်ဝန် ထမ်း‌ဟောင်းများနှင့် မိသားစုဝင်များ၊ ရန်ကုန်မြို့ အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီများ၊ NLD ပါတီကိုယ်စားပြု ရန်ကုန်တိုင်း ကရင် တိုင်းရင်းသား‌ရေးရာဝန်ကြီးအဖြစ် အ‌ရွေးခံရသူ ‌နော်ပန်းသဉ်ဇာမျိုး အပါအဝင် စုစု‌ပေါင်း ၁၅ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌နော်ပန်းသဉ်ဇာမျိုးက “KOFA သည် ကျမတို့ လူမျိုး‌တွေအတွက် မရှိမဖြစ် လူ့စွမ်းအားအရင်းအမြစ် ပြန်လည်‌ဖော်‌ဆောင်ဖို့ လို အပ်‌နေပြီးဆိုတာကို ပြဖို ့ပြရုပ်တခုပဲလို့ မြင်မိတယ်။ ဒီလိုမျိုး အဖွဲ့အစည်းတစ်ခုကို စနစ်တကျ အစိုးရဆီမှာ မှတ်ပုံတင် ဖွဲ့စည်း ဖို့ဆိုတာ မလွယ်ပါဘူး။ ဖွဲ့ပြီး ‌ရေရှည်ရပ်တည်ဖို့ ‌နောင်တချိန်ဒီထက်မက ပိုပြီးလုပ်နိုင်‌အောင်ဆို ပိုပြီး‌တော့ မလွယ်ပါဘူး။ ဘယ် ‌လောက်ပဲ ခက်ခဲ‌နေပါ‌စေ။ အမျိုးသား‌ရေးအတွက် လူငယ်‌ခေါင်း‌ဆောင်‌တွေ ‌ပေါ်လာဖို့အတွက်ဆို KOFA အဖွဲ့က လုပ်‌ဆောင်ခဲ့ တာ‌တွေ ကျမအ‌နေနဲ့ မချီးကျူးဘဲ၊ မ‌လေးစားဘဲ မ‌နေနိုင်ပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ KOFA အဖွဲ့ကို ၂၀၁၄ခုနှစ်၊ စက်တင်ဘာလအတွင်းက ‌ကြေးတိုင်နှင့် ‌မြေစာရင်းဦးစီးဌာန၊ ညွန်ကြား‌ရေးမှူးချုပ်(ငြိမ်း) မန်းစိုးဟန်က နီးစပ်ရာ ကရင်ဝန်ထမ်း‌ဟောင်းများနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး စတင် တည်‌ထောင်ခဲ့ခြင်းဖြစ်ကာ တက္ကသိုလ်ဝင် တန်းတွင် ဂုဏ်ထူးဖြင့် ‌အောင်မြင်သည့် ကရင်‌ကျောင်းသား/သူများနှင့် အဆင့်မြင့် ပညာသင် ‌ကျောင်းသူ‌ကျောင်းသားများကို ဆုချီးမြှင့်က ပညာင်ဆု‌ပေးအပ်ခြင်းများ စတင်လုပ်‌ဆောင်‌နေပြီး လက်ရှိအချိန်၌ အသင်းဝင် ၁၅၀‌ကျော်ရှိပြီးဖြစ်‌ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။