Home သတင်း ထုတ်ပယ်ခံ DKBA တပ်မှူးများ တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် ပြန်လည်ဖွဲ့စည်း

ထုတ်ပယ်ခံ DKBA တပ်မှူးများ တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် ပြန်လည်ဖွဲ့စည်း

2655
ဇန်နဝါရီ ၁၇ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(Democractic Karen Benevolent Army-DKBA) မှ ထုတ်ပယ်ထားခြင်းခံရသည့် တပ် မှူးအများစု ပါဝင်သည့်အဖွဲ့သည် တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်(Democratic Kayin Buddhist Army-DKBA )ကို ဇန်နဝါရီလ ၁၆ရက်‌နေ့က ပြန်လည်ဖွဲ့စည်းလိုက်‌ကြောင်း သိရသည်။

ယခုဖွဲ့စည်းလိုက်သည့် DKBA မှာ ယခင် မိခင်အစည်းအရုံး(KNU)မှ ခွဲထွက်ခါစ ဖွဲ့စည်းရပ်တည်ခဲ့သည့် အဖွဲ့အစည်းနာမည်ကို ပြန်လည်အသုံးပြုကာ သီးခြားအဖွဲ့အစည်းတစ်ရပ်အ‌နေဖြင့် ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယမန်‌နေ့ ဇန်နဝါရီလ ၁၆ရက်‌နေ့ တွင် ထုတ်ပယ်ခံထားရသည့် DKBA က တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စအ‌ပေါ် ‌ပြောခွင့်ရသူ ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က “ကျ‌နော်တို့ဟာ သူများလွင့်ပစ်ထားတဲ့ လမ်း‌ဘေးကအမှိုက်‌တွေ မဟုတ်ပါဘူး။ အဲဒါ‌ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အတွက်‌ကြောင့် မူလအဖွဲ့အစည်းကို ပြန်လည်အစားထိုး တည်‌ဆောက်ခြင်းသာ ဖြစ်တယ်။ သီးခြားအဖွဲ့တစ်ခုလို့လည်း ‌ပြောလို့ရပါတယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုး သားတပ်မ‌တော်(DKBA )အ‌နေဖြင့် ‌အေးချမ်းသာယာ‌သော ကရင်ပြည်နယ် ထူ‌ထောင် ‌ရေးအတွက် DKBO အစည်းအရုံး ထုတ်ပြန်‌ကြေညာချက်အမှတ် (၁/၉၄)နှင့် (၂/၉၄)အတိုင်း ရပ်တည်‌ဆောင်ရွက်သွားမည်ဖြစ် ‌ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူတွင် အ‌ခြေစိုက်မည့် ယင်းအဖွဲ့တွင် စစ်ဦးစီးချုပ်အဖြစ် ယခင် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် DKBA အဖွဲ့ဝင်‌ဟောင်း ဗိုလ်ချုပ်‌စော‌ကျော်သက်နှင့် ဒုစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ်‌စောတိုင်း‌ရွှေ (ခ) ဗိုလ်ဘိ တို့မှ တာဝန်ယူသွားမည်ဖြစ်‌ကြောင်း သိရသည်။

လတ်တ‌လောပြန်လည်ဖွဲ့စည်းလိုက်သည့် DKBA အဖွဲ့နှင့်ပတ်သက်ပြီး ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် (Democratic Karen Benevolent Army-DKBA) ဌာနချုပ်အ‌နေဖြင့် လက်ရှိတွင် တစုံတရာ တုံ့ပြန်‌ပြောမှုများ မရှိ‌သေး‌ကြောင်းလည်း အမည် မ‌ဖော်လိုသည့် DKBA အရာရှိတစ်ဦးက ‌ပြောသည်။

DKBA သည် ဘာသာ‌ရေးပဋိပက္ခများ‌ကြောင့် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ခွဲထွက်ကာ စစ်‌ရေးဦး ‌ဆောင်မှုအဖြစ် တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်-DKBA နှင့် နိုင်ငံ‌ရေးဦး‌ဆောင်မှုအဖွဲ့အဖြစ် DKBO ကို ဦးစွာ စတင်ဖွဲ့စည်းခဲ့သည်။

ထို့‌နောက် ၂၀၁၂ခုနှစ်၊ မြဝတီမြို့၌ ပြုလုပ်‌သော DKBA တပ်မှူးများညီလာခံတွင် ယခင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မ‌တော်(Democratic Kayin Buddish Army-DKBA )အစား ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(Democratic Karen Benevolent Army-DKBA)နှင့် နိုင်ငံ‌ရေး ဦး‌ဆောင်မှုအဖွဲ့အဖြစ် ကလို့ထူး‌ဘော ကရင်အမျိုးသားအစည်းအရုံး(Klo Htoo Baw Karen Organization)အဖြစ် ‌ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။