Home သတင်း အမည်မသိလက်နက်ကိုင်အဖွဲ့ ‌ကျောင်းပိုင်‌မြေအတွင်း ခွင့်ပြုချက်မဲ့ မတရား လုပ်‌ဆောင်

အမည်မသိလက်နက်ကိုင်အဖွဲ့ ‌ကျောင်းပိုင်‌မြေအတွင်း ခွင့်ပြုချက်မဲ့ မတရား လုပ်‌ဆောင်

1264

ဒီဇင်ဘာ ၄ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပိန္နဲ‌တောင်‌တောရ‌ကျောင်းပိုင်‌မြေအတွင်း အမည်မသိလက်နက်ကိုင် အဖွဲ့အစည်းတစ် ခုမှ တပ်ဖွဲ့ဝင်များသည် မည်သည့်သံဃာ‌တော်ကိုမျှ ‌လျှောက်တင်ခွင့်‌တောင်ခြင်း မပြုဘဲ ‌ကျောင်းပိုင်ပစ္စည်းအချို့ကို ယူငင်ခြင်း စသည့် မသင့်‌လျော်‌သော လုပ်ရပ်များကို အကြိမ်ကြိမ် ပြုလုပ်လျှက်ရှိသည်ဟု ‌ကျောင်းထိုင်ဆရာ‌တော်က မြွက်ကြားသည်။

“ဒီတစ်‌ခေါက် ဝါကျွတ်ပြီးတာနဲ့ သူတို့တက်လာတဲ့အချိန်မှာ ဦးဇင်းတို့ ဒီ‌တောင်‌ခြေရင်းမှာ လမ်းပြင်‌နေတယ်။ ည‌နေပိုင်း ‌ကျောင်း‌ပေါ်ပြန်တက်တဲ့အချိန် သူတို့‌တွေ ‌ကျောင်း‌ပေါ်မှာ‌ရောက်‌နေပြီး ခွင့်မ‌တောင်းဘဲနဲ့ ‌ကျောင်းဝင်းအတွင်း ‌သော့ခတ်ထား တဲ့ ‌နေရာ‌တွေကို သံကြိုး‌တွေဖြတ်ပြီး ဆိုလာမီး‌တွေ ဝင်ပြီးအသုံးပြုတယ်‌ပေါ့။ ပြီး‌တော့ ဓမ္မာရုံ‌ပေါ်မှာလည်း အကုန်လုံးဖွင့်ထား တယ်။ သူတို့လိုချင်တဲ့ အိုးခွက်ပန်ကန်‌တွေကိုလည်း ဝင်ယူတယ်”ဟု ဦး‌ကောဝိဒက ‌ကေအိုင်စီသို့ မိန့်ကြားသည်။

ပိန္န္နဲ‌တောင်သာသနာပြု‌တောရ‌ကျောင်း‌ပေါ်တွင် အဆိုပါလက်နက်ကိုင်အဖွဲ့မှ လာ‌ရောက်‌နှောက်ယှက်‌နေခဲ့သည်မှာ ယခုအကြိမ် အပါအဝင် (၁၀)ကြိမ်ရှိပြီးဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဆယ့်တစ်မီးငြိမ်း‌စေတီ တည်သည့်အချိန်က လက်နက်အပြည့်အစုံနှင့် အဖွဲ့ဝင်‌ပေါင်း (၃၀)ဝန်းကျင် ‌ကျောင်း‌ပေါ်သို့တက်လာကာ လက်နက်ပြ ခြိမ်း‌ခြောက်မှုများ ပြုလုပ်ခဲ့‌သေး‌ကြောင်း သိရသည်။

ထို့အပြင် အစိုးရနှင့် ငြိမ်းချမ်း‌ရေးရယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားရာနယ်‌မြေဖြစ်သည့်အတွက် ဖြစ် ပွားခဲ့သည့် ဖြစ်စဉ်များအ‌ပေါ် ပွင့်လင်းမြင်သာစွာ မ‌ပြောဆိုရဲသည့် အ‌ခြေအ‌နေများရှိ‌နေသလို တစုံတရာ ခြိမ်း‌ခြောက်ရန်ရှာမှု ရှိလာမည်ကို စိုးရိမ်သည့်အတွက် ဝိုင်းဝန်ကူညီ‌စောင့်‌ရှောက်‌ပေးကြရန် ‌ဒေသခံများ က လိုလား‌နေကြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)/ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ် အတွင်း‌ရေးမှူး ‌စော‌မောင်‌ရွှေက “အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး ကျ‌နော်တို့လည်း ကန့်ကွက်ပါတယ်။ ဒါ‌ပေမဲ့ လက်နက်ကိုင်အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်‌စေချင်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သာသနာ‌ရေးအဖွဲ့‌တွေကိုလည်း ဝိုင်းဝန်ကူညီ‌ပေးဖို့ ‌တောင်းဆိုထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ပိန္န္နဲ‌တောင်သာသနာ့‌တောရ‌ကျောင်းသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်ခြား ‌တောင်ညို‌တောင်တန်း‌ပေါ်တွင် တည်ထား ခြင်းဖြစ်ပြီး ပြာသိုလဆန်း (၁၃)ရက်‌နေ့တွင် နှစ်စဉ်နှစ်တိုင်း ဘုရားပွဲ‌တော် ကျင်းပသကဲ့သို့ ‌ကျောင်း၏သာသနာပြုသက်တမ်းမှာ နှစ်‌ပေါင်း (၂၀)‌ကျော်လာခဲ့ပြီးဖြစ်သည်ဟု သိရသည်။