Home သတင်း ရန်ပုံ‌ငွေပွဲလက်မှတ် အတင်းအကြပ်‌ရောင်းချမှု ခရီးသွားပြည်သူများ စိတ်အ‌နှောက်အယှက်ဖြစ်ခဲ့

ရန်ပုံ‌ငွေပွဲလက်မှတ် အတင်းအကြပ်‌ရောင်းချမှု ခရီးသွားပြည်သူများ စိတ်အ‌နှောက်အယှက်ဖြစ်ခဲ့

1502

ဒီဇင်ဘာ ၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

မြဝတီမြို့၊ မဟာကနက ‌ရွှေတိဂုံ‌စေတီ‌တော်ပုံစံတူ စွယ်‌တော်ပွား‌စေတီ‌တော်မြတ်ကြီး ဘက်စုံတည်‌ဆောက်‌ရေး ရန်ပုံ‌ငွေအ တွက် ဂီတ‌ဖျော်‌ဖြေ ပွဲလက်မှတ်များကို အာရှလမ်းမ‌ပေါ်တွင် နယ်ခြား‌စောင့်တပ် BGF တပ်ဖွဲ့ဝင်အချို့၏ နိုဝင်ဘာလဆန်းမှ စတင်ကာ အတင်းအကြပ် ‌ရောင်းချခဲ့မှုအ‌ပေါ် စိတ်အ‌နှောက်အယှက်ဖြစ်ခဲ့ရ‌ကြောင်း ခရီးသွားပြည်သူများ၏ ‌ပြောပြချက်အရ သိရသည်။

ခရီးသည်တင်‌ပြေးဆွဲသည့် ကားသမား ကိုစံတင်က “ကျ‌နော် လမ်းသစ် အလယ်ဂိတ်‌ရောက်‌တော့ ကား‌တွေပိတ်‌နေတယ်။ BGF ရဲ‌ဘော် လူငယ် ၃‌ရောက်‌ရောက်လာပြီး IC စတိတ်ရှိုးလက်မှတ်တစ်‌စောင် တစ်‌သောင်းတဲ့။ ကျ‌နော်က မတတ်နိုင်ဘူး ညီ‌လေး ရယ်။ ကားတစ်‌ခေါက်ဆွဲလို့ တစ်‌သောင်း‌တောင် အစ်ကိုတို့ မကျန်ဘူးလို့‌ပြောတာမရဘူး။ သူတို့က မဝယ်ရင် ဒီလမ်းက မသွားနဲ့ လို့ ‌ပြောတယ်”ဟု ‌ပြောသည်။

ဂီတ‌ဖျော်‌ဖြေ‌ရေး ပွဲလက်မှတ်တွင် မြဝတီမြို့ရှိ ‌ရွှေဟသင်္ာ ‌ငွေဟသင်္ာ ဘုရားကုန်းတွင် တည်ထား‌သော စွယ်‌တော်ပွား‌စေတီ ‌တော်မြတ်ကြီး ဘက်စုံတည်‌ဆောက်‌ရေး ရန်ပုံ‌ငွေအတွက်ဟု ပါရှိ‌သော်လည်း အ‌ကြောင်းအမျိုးမျိုး‌ကြောင့် အများပြည်သူ၏ အထင်မြင်လွဲမှု ဖြစ်‌ပေါ်ရခြင်းအ‌ပေါ် ပွဲစီစဉ်သူတစ်ဦးက ယခုလို ‌ပြောဆိုသည်။
12343101_179999822348290_1954165611_o
“အဲဒီမှာ ‌ရွှေတိဂုံပုံတူကို ဘက်စုံတည်‌ဆောက်ဖို့အတွက် ရည်ရွယ်ပြီး ရရှိတဲ့အမြတ်ကို တစ်ပြားမှမယူဘဲ အကုန်လှူဖို့အတွက် ဖြစ်ပါတယ်။ အဲဒါ‌ကြောင့် ပွဲကိုခွင့်ပြုချက်စာတင်တာ ဖြစ်ပါတယ်။ ဒါ‌ပေမယ့် စည်ပင်က ဒီဟာနဲ့ မလုပ်နဲ့ ဘာနဲ့ဆို‌တော့ ပြန်ပြင်ဖို့ က ခက်တယ်‌လေ။ အဲဒီမှာ အထင်လွဲစရာဖြစ်‌ပေါ်တာပါ”ဟု ပွဲစီစဉ်သူဖြစ်သည့် ကိုသူသူက ‌ပြောသည်။

၎င်းအပြင် ရန်ပုံ‌ငွေလက်မှတ်‌ရောင်းချရာတွင်လည်း အများပြည်သူနှင့် ခရီးသည်ကားသမားများအ‌ပေါ် တပ်ဖွဲ့ဝင်များအ‌နေဖြင့် မ‌ချေမငံ ‌ပြောဆိုမှုတချို့ရှိသည့်အတွက် မိမိအ‌နေဖြင့် အနှူးအညွတ်‌တောင်းပန်‌ကြောင်းနှင့် ရရှိလာသည့် ‌ငွေ‌ကြေးများကိုလည်း ‌စေတီ‌တော်ဘက်စုံတည်‌ဆောက်‌ရေးနှင့် မြဝတီမြို့ဖွံ့ဖြိုး‌ရေး လုပ်ငန်းများတွင် အပြည့်အဝ ‌ပေးလှူသွားမည်ဖြစ်‌ကြောင်း သူက ဆက်‌ပြောသည်။

ရန်ပုံ‌ငွေလက်မှတ်တစ်‌စောင်လျှင် အနည်းဆုံး ကျပ်တစ်‌သောင်းမှ သုံး‌သောင်းအထိရှိပြီး နိုင်ငံ‌ကျော်‌တေးဂီတအဖွဲ့ Iron Cross အဆို‌တော်များဖြစ်ကြသည့် ‌လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်း၊ ချမ်းချမ်း၊ စိုးပြည့်သဇင် စသည့်အနုပညာရှင်များက ယင်းရန်ပုံ‌ငွေ ဂီတ‌ဖျော်‌ဖြေပွဲကို မြဝတီမြို့ ‌ဘောလုံးကွင်းအတွင်း နိုဝင်ဘာလ ၃ဝရက်မှ ဒီဇင်ဘာလ ၁ရက်‌နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။