Home သတင်း နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး‌နေ့ အခမ်းအနား အုန်းဖျန်ဒုက္ခသည်၌ KWO ကျင်းပ

နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး‌နေ့ အခမ်းအနား အုန်းဖျန်ဒုက္ခသည်၌ KWO ကျင်းပ

1669

နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ရန် (၁၆)ရက်တာ လှုပ်ရှားမှုတစ်ရပ်အ‌နေဖြင့် နိုဝင်ဘာလ ၂၅ရက် ‌နေ့တွင် ကျ‌ရောက်‌သော နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး‌နေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ် စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယမန်‌နေ့က ပြုလုပ်ခဲ့သည်။

အုန်းဖျန်ဒုက္ခသည်စခန်း‌ကော်မတီ၊ ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့က အဆိုပါအခမ်းအနားကို ဦး‌ဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ အုန်းဖျန်စခန်း၏ KWO ဥက္ကဋ္ဌ ‌နော်‌ဘော‌ညောက ယခုလို ရှင်းပြသည်။

“အဓိကက‌တော့ စခန်းတွင်း အမျိုးသမီးနဲ့ က‌လေးငယ်‌တွေအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်ဖို့အတွက် ဖြစ်တယ်။ အမျိုးသား‌တွေ ကိုယ်တိုင်ကလည်း ဒီက‌နေ ‌ဝေမျှလိုက်တဲ့ အသိပညာ‌တွေက‌နေတဆင့် အချင်းချင်း ပြန်လည်‌ဝေငှပြီး‌တော့ သိရှိမယ်ဆိုရင် အကြမ်းဖက်မှုပ‌ပျောက်‌ရေးအတွက် လမ်း‌ကြောင်းတစ်ခုဖြစ်‌စေမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

လူပရိဿတ် ၂၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည့် ၎င်းအခမ်းအနားကို နံနက် ၉နာရီခွဲမှ ၁၁နာရီအထိ ကျင်းပခဲ့ကြပြီး စခန်းဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများအပြင် စခန်းအုပ်ချုပ်‌ရေးဆိုင်ရာ ထိုင်းတာဝန်ရှိသူများ တက်‌ရောက် အမှာစကား‌ပြောကြားခြင်း၊ စခန်းအ တွင်းရှိ KWO တာဝန်ရှိသူများက အမျိုးသမီးများ အကြမ်းဖက်မှု ပ‌ပျောက်‌ရေးဆိုင်ရာ အသိပညာ‌ပေး ‌ဟော‌ပြောခြင်းများ ပြုလုပ် ခဲ့ကြသည်။

ဒုက္ခသည်စခန်းတွင် ယင်းသို့ အခမ်းအနားများ ကျင်းပ‌ပေးခြင်း၊ အသိပညာ‌ပေးခြင်း၊ အကြမ်းဖက်မှုများကို ထိ‌ရောက်စွာ အ‌ရေး ယူလာနိုင်ခြင်းများ‌ကြောင့် အိမ်တွင်းအကြမ်းဖက်မှုများ၊ အဓမ္မပြုကျင့်မှုများမှာ ယခင်နှစ်များထက်စာလျှင် ‌လျော့နည်းလာသည် ကို ‌တွေ့ရ‌ကြောင်း စခန်းရှိ KWO တာဝန်ရှိသူများ၏ ‌ပြောပြချက်များအရ သိရသည်။

ထိုစခန်းရှိ ကရင်အမျိုးသမီး လူမှု‌ရေးရာ တာဝန်ခံ ‌နော်တာမလာခူက “အရင် ၂၀၁၂နဲ့ ၂၀၁၄ခုနှစ်‌တွေတုန်းက အိမ်တွင်းအ ကြမ်းဖက်မှု အရမ်းများတယ်။ အသိပညာ‌ပေးတာ၊ အ‌ရေးယူနိုင်တာ‌တွေ‌ကြောင့် အိမ်တွင်းအကြမ်းဖက်မှု သိသိသာသာ ‌လျော့ နည်းသွားတဲ့အပြင် ဥပမာ အဓမ္မပြုကျင့်မှု‌တွေဆို ထိုင်းဥပ‌ဒေအတိုင်း သွားတဲ့အတွက် အခု ၂၀၁၅ခုနှစ်မှာ ၄မှု‌လောက်ပဲ ‌တွေ့ရ ‌တော့တယ်”ဟု ‌ပြောသည်။

နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး‌နေ့ အခမ်းအနားကို အုန်းဖျန်ဒုက္ခသည်စခန်းတွင် ကျင်းပလာခဲ့ သည်မှာ (၁၃)ကြိမ်‌မြောက်ရှိပြီဖြစ်ပြီး KWO အ‌နေဖြင့် လူထု‌ဟော‌ပြောပွဲများဖြင့် အသိပညာ‌ပေးခြင်း၊ နှီး‌နှောဖလှယ်ပွဲများ ပြု လုပ်ခြင်း စသည့်လှုပ်ရှားများကို ဒီဇင်ဘာလ ၁ဝရက်‌နေ့အထိ ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

နိုဝင်ဘာလ (၂၅)ရက်‌နေ့တွင် ကျ‌ရောက်‌သော နိုင်ငံတကာအမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့ကို ၁၉၉၉ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်‌နေ့တွင် ကျင်းပ‌သော (၅၄)ကြိမ်‌မြောက် ကမာ္ဘ့ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံ၏ (၈၃)ကြိမ်‌မြောက် မျက် နှာစုံညီအစည်းအ‌ဝေး၏ ဆုံးဖြတ်ချက်အမှတ် ၅၃/၁၃၄ အရ ဆုံးဖြတ်ချက်ချကာ သတ်မှတ်‌ပေးခဲ့ခြင်းဖြစ်သည်။