Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ လူငယ့်အမြင်

လူငယ့်အသံ လူငယ့်အမြင်

2393

“မျိုးဆက်သစ်‌တွေကို တက်သစ်စ‌နေဝန်းလိုပဲ မြင်ချင်မိတယ်လို့ တိုက်တွန်းသူ

ကာယဗလ‌မောင် ကရင်လူငယ်”

အသက် ၂၃နှစ်အရွယ် ကရင်လူငယ် ‌စောသခူးဟာ ကာယဗလ‌မောင်ဖြစ်သလို နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကာယဗလ အားကစားနည်းကို ဝါသနာပါခဲ့ပြီး ကာယဗလ‌မောင်တစ်ဦးဖြစ်‌အောင် ကြိုးစားခဲ့သလို အခု ကချင်ပြည်နယ်က ပုဂ္ဂလိက အားကစားရုံတစ်ခုမှာ ဒီကစားနည်းရဲ့ နည်းပြအလုပ်ကို လုပ်ကိုင်‌နေပါတယ်။ သူ့အ‌နေနဲ့ တ‌နေ့‌နေ့ မှာ ဝါသနာတူ ကရင်လူငယ်‌တွေနဲ ့စု‌ပေါင်းပြီး အားကစားသင်တန်း‌ကျောင်းတစ်ခုဖွင့်သွားမယ်လို့ ‌ပြောပါတယ်။

‘ကျ‌နော်နဲ့ အားကစားဝါသနာတူတဲ့ ကရင်လူမျိုး‌တွေ၊ ကရင်လူငယ်‌တွေနဲ့ ‌ပေါင်းပြီး‌တော့ ထူးချွန်ထက်မြတ်တဲ့ ကရင် လူငယ် မျိုးဆက်သစ် အားကစားသမား‌တွေကို ‌မွေးထုတ်‌ပေးဖို့ အားကစား သင်တန်း‌ကျောင်းတစ်ခု ဖွင့်နိုင်ဖို့ ဆန္ဒရှိတယ်။ ကျ‌နော့်အ‌နေနဲ့ မြန်မာသာမက ကမ္ဘာအထိပါ အသိအမှတ်ပြုလာ‌အောင် အဆုံးထိ လုပ်သွားမယ်’ လို့ သူ့ရည်မှန်းချက်ကို ရှင်းပြ ပါတယ်။

‌စောသခူးဟာ ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟသာင်္တခရိုင်၊ ဟသင်္ာတမြို့ ဇာတိဖြစ်ပါတယ်။ ‌စောဒါဝိ၊ ‌နော်စီစီလျာတို့ရဲ့တဦး တည်း‌သော သားဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ အထက-၃ ဟသာင်္တမြို့မှာဆယ်တန်း ‌အောင်ခဲ့ပါတယ်။ ၂၀၀၉- ၂၀၁ဝခုနှစ်မှာ ဟသင်္ာတ တက္ကသိုလ်က‌နေ ရုက္ခ‌ဗေဒဘွဲ့ကို ရရှိခဲ့ပါတယ်။ တက္ကသိုလ်‌ကျောင်းသားဘဝမှာ မိဘ‌တွေက သိပ်မ‌ထောက်ပံ့နိုင်လို့ အလုပ်ထွက်လုပ်ခဲ့ရပြီး သူဝါသနာပါတဲ့ အားကစားကိုလည်း ထူးချွန်‌အောင်ကြိုးစားခဲ့သူတစ်ဦးပါ။ ‘၂၀၀၇ -၂၀၀၈ခုနှစ်မှာ ကာယဗလ‌မောင်ပြိုင်ပွဲကို တိုင်းအဆင့်အ‌နေနဲ့ ဧရာဝတီတစ်တိုင်းလုံးမှာ စဝင်ပြိုင်‌တော့ ၈၅ကီလိုတန်းမှာ အလွတ်တန်း ချန်ပီ ယံကို ပထမရခဲ့တယ်။ အဲ့ဒီက‌နေ သုံးနှစ်ဆက်တိုက် ပထမဆုချည်း ရခဲ့တယ်’လို ့သူ့ရဲ့ ကာယဗလ‌မောင် အစ‌ခြေလှမ်းကို ဂုဏ် ယူစွာ ‌ပြောပြပါတယ်။ ပြည်နယ်နဲ့ တိုင်း ပြိုင်ပွဲ‌တွေမှာလည်း ဒုတိယ၊ တတိယဆု‌တွေ ဆွတ်ခူးခဲ့ပါ‌သေးတယ်။ အဲဒီ‌နောက် တက္က သိုလ်‌ကျောင်းသားဘဝ၂၀၀၈-၂၀၀၉ နှစ်မှာ ဟသင်္ာတ၊ တက္ကသိုလ်ကိုယ်စားပြု ‌အောက်မြန်မာပြည် ‌မောင်ပြိုင်ပွဲမှာ ပထမနဲ့ ၂၀၀၉-၂၀၁ဝခုနှစ်၊ တစ်နိုင်ငံလုံး တက္ကသိုလ်‌ကျောင်း‌ပေါင်းစုံ ပြိုင်ပွဲမှာလည်း ပထမဆု ရခဲ့ပါတယ်။

အမည်ရင်း ‌စောဇင်ကိုနိုင်ဖြစ်တဲ့ ‌စောသခူးအ‌နေနဲ့ အားကစားအပြင် Online Karen Youth Group-OKYG လို့‌ခေါ်တဲ့ အွန်လိုင်းကရင်လူငယ် ပရဟိတအဖွဲ့မှာ ကရင်က‌လေးငယ်‌တွေကို ‌ကျောင်းသုံးစာအုပ်နဲ့ ‌ကျောင်း‌ဆောင် ‌ဆောက်လုပ် လှူဒါန်း တဲ့‌နေရာမှာ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီ‌ပေးပါတယ်။ ကရင်လူငယ်‌တွေဟာ အနာဂတ်ရဲ့ကြယ်‌တွေပဲလို့မြင်ပြီး ကရင်လူ ငယ်‌တွေ လမ်းမမှားဖို့လိုတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် လူငယ်‌တွေဟာ ဘာသာတရား၊ မျိုးနွယ်စုနဲ ့‌နေရာ‌ဒေသ‌ပေါ် မူတည်ပြီး ကရင်လူမျိုး၊ လူပုဂ္ဂိုလ်အချင်းချင်း မခွဲခြားဖို့ သူ့အမြင်ကို ဖွင့်ဟ‌ပြောပါတယ်။

သူက ‘‌နောက်ဆုံးအ‌နေနဲ့ ကျ‌နော်‌ပြောချင်တာက ကရင်လူငယ်‌တွေ အ‌သောက်အစားနဲ့မကင်းတာ ‌တော်‌တော်များ များ ‌တွေ့ရတယ်။ ဒါ‌ကြောင့် ကရင်လူငယ်မျိုးဆက်သစ်‌တွေ အ‌သောက်အစားကို အတတ်နိုင်ဆုံး ‌ရှောင်ရှား‌စေချင်တယ်။ ‌နောက်ပြီး မျိုးဆက်သစ်ကရင်လူငယ်‌တွေကို ကရင်အမျိုးသားအလံမှာ ပါတဲ့အတိုင်း ထွန်း‌တောက်‌နေတဲ့ တက်သစ်စ‌နေဝန်း လိုပဲ မြင်ချင်မိပါတယ်’လို့ တိုက်တွန်း‌ပြောသွားပါတယ်။