Home ထိပ်တန်းသတင်း တနသင်္ာရီတိုင်းတွင် ဒုက္ခသည် ပြန်‌နေရာချထား‌ရေး ‌နေရာ ၅ ခု ‌ကေအဲန်ယူ စီစဉ်ထား

တနသင်္ာရီတိုင်းတွင် ဒုက္ခသည် ပြန်‌နေရာချထား‌ရေး ‌နေရာ ၅ ခု ‌ကေအဲန်ယူ စီစဉ်ထား

1188

ဩဂုတ် ၁၄ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီ တိုင်း‌ဒေသကြီးအတွင်း ဒုက္ခသည်များ ပြန်လည်‌နေရာချထား‌ရေးအတွက် ကြိုတင်ပြင်ဆင်သည့် အ‌နေဖြင့် ‌ဒေသ အတွင်း ‌နေရာ ၅ ‌နေရာ စီစဉ်ထားသည်ဟု ကရင်အမျိုးသားအစည်းအရုံး- KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိ သူများက ‌ကေအိုင်စီသို ့ ယ‌နေ ့‌ပြောသည်။

ထိုသို ့ကြိုတင်စီစဉ်ထားသည့် ‌နေရာများတွင် ပြည်တွင်းစစ်‌ကြောင့် ‌နေရပ်အိုးအိမ်စွန် ့ခွာ ထွက်‌ပြေးခဲ့ရပြီး ထိုင်း-မြန်မာ နယ်စပ် ဒုက္ခ္ခသည် စခန်းများ၌ ခိုလှုံ‌နေရသူ စစ်‌ဘေးဒုက္ခသည်များအားပြန်‌နေရာချထား‌ရေး အတွက်သာ ရည်ရွယ်ထားသည်ဟု KNU ဘိတ်-ထားဝယ်ခရိုင် တွဲဖက် အတွင်း‌ရေးမှူး ပဒို ‌စောအဲနာက အခုလို‌ပြောသည်။

“ အခုက ကျ‌နော်တို့အ‌နေနဲ့ ဒုက္ခသည်‌တွေ တကယ်လို့ပြန်လာမယ်ဆိုရင် ပြင်ဆင်ထားတဲ့ သ‌ဘောပဲ ဖြစ်တယ်။ အခုမှ ‌နေရာအကြို သတ်မှတ်ထားတာပဲ ရှိပါ‌သေးတယ်။ အနည်းဆုံး ၅ ‌နေရာ သတ်မှတ်ထားတယ်။ ‌မြေ‌နေရာ အကျယ်အဝန်း ဘယ်‌လောက်ရှိလဲ ဆိုတာ‌တော့ ခု‌လော‌လောဆယ် မ‌ပြောနိုင်‌သေးဘူး ״ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

အဆိုပါ ‌နေရာ ၅ ‌နေရာမှာ KNU ဘိတ်-ထားဝယ်ခရိုင် အတွင်းရှိ ကစယ်ဒိုမြို့နယ်၊ ထီးမိုပွာမြို့နယ်နှင့် လယ်မူလားမြို့နယ် တို ့ရှိ ပ‌လောတ‌မေ၊ ထီးထာ၊ အမို၊ အမလာနှင့် ‌မော်‌တော် ဧရိယာများတွင် စီစဉ်ထားခြင်းဖြစ်ကာ ထိုထက်မက ‌နေရာပိုများ လာနိုင်‌ကြောင်းလည်း ပဒို‌စောအဲနာက ဆက်‌ပြောသည်။

KNU ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများနှင့် တနသင်္ာရီတိုင်း ‌ဒေသကြီးအစိုးရတို့ ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်‌နေ့တွင် ‌တွေ့ဆုံစဉ်က စစ်‌ဘေးဒုက္ခသည်များ ပြန်လည်‌နေရာချထား‌ရေးအတွက် ထည့်သွင်း‌ဆွေး‌နွေးခဲ့သလို အဆိုပါလျာထားသည့် ‌မြေ‌နေရာ များနှင့် ပတ်သက်ပြီး KNU ဗဟို မှတဆင့် တနသင်္ာရီတိုင်း‌ဒေသကြီးအစိုးရထံ ‌ပေးပို ့ကာ အ‌သေးစိတ် အစီအစဉ် များကို နှစ်ဖက်ပြန်လည်ညှိုနှိုင်းသွားမည်ဟု ဘိတ်-ထားဝယ်ခရိုင်တာဝန်ရှိသူများထံမှ သိရသည်။

KNU ဘိတ်-ထားဝယ်ခရိုင်နှင့် အစိုးရတို့ ၁၉၉၇ ခုနှစ်‌နောက်ပိုင်း ဖြစ်ပွားခဲ့ ‌သောတိုက်ပွဲများ‌ကြောင့် ‌ဒေသတွင်းရှိ စစ်‌ဘေး ‌ရှောင်ဒုက္ခသည်များမှာ နီးစပ်ရာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း တစ်ခုဖြစ်‌သော ထမ်းဟင်ဒုက္ခသည်စခန်း၌ အများဆုံး ခိုလှုံ‌နေထိုင်‌နေထိုင်ခဲ့ရပြီး ယင်းစခန်းတွင် လက်ရှိ ဒုက္ခသည်ဦး‌ရေ ၈,၀၀ဝ ‌ထောင်‌ကျော်ရှိ စခန်းတာဝန်ရှိသူများကပြုစုထား သည့် စာရင်းများအရ သိရသည်။

ထမ်းဟင်ဒုက္ခသည်စခန်း ၊ ၁၁ ရပ်ကွက်တွင် ‌နေထိုင်သူ ‌စော‌ဘေးဘီက “ ဒီမှာရှိတဲ့သူတစ်ချို့က‌တော့ သွားလိုက် ပြန်လိုက် လုပ်‌နေတဲ့သူ‌တွေ ရှိတယ်။ ဒါမယ့်ကျ‌နော်တို့ က‌တော့လက်ရှိနိုင်ငံ‌ရေး အ‌ခြေအ‌နေအရ ကိုယ့်ရပ်ရွာမှာပြန်ပြီး အ‌ခြေချ‌နေဖို့ မရဲ‌သေးဘူး ״ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

လက်ရှိ မတည်ငြိမ်‌သေးသည့် အ‌ခြေအ‌နေများ‌ကြောင့် ဒုက္ခသည်စခန်းတွင် ခိုလှုံ‌နေထိုင်ရသည့် ဒုက္ခသည် ၁၁၀,၀၀ဝ ‌ကျော်ရှိ ကာ ယင်းတို ့မှ မိမိသ‌ဘောဆန္ဒအ‌လျောက် ‌နေရပ်ပြန်မည်ဆိုပါက ပြင်ဆင်လုပ်‌ဆောင်သင့်သည့် အ‌ခြေအ‌နေများ နှင့် ပတ်သက်ပြီး မူကြမ်းတစ်‌စောင်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကပြုစု‌ရေးဆွဲ ထားပြီး ဖြစ်‌ကြောင်း သိရသည်။