Home သတင်း မြဝတီ-‌ကော့ကရိတ် အာရှလမ်း မကြာခင် ပြန်ဖွင့်မည်ဟု BGF ‌ပြောဆို

မြဝတီ-‌ကော့ကရိတ် အာရှလမ်း မကြာခင် ပြန်ဖွင့်မည်ဟု BGF ‌ပြောဆို

2568

ဇူလိုင် ၉ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော်(DKBA) နှင့် အစိုးရတပ်တို ့အကြား ဇူလိုင်လ ၂ရက်‌နေ့ကတည်းက ဖြစ်ပွား‌နေသည့် တိုက်ပွဲများ‌ကြောင့့် ပိတ်ထားသည့် မြဝတီ-‌ကော့ကရိတ် အာရှလမ်းမကြီးကို လာမည့်ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်နိုင် ‌တော့မည်ဟု ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် (BGF) ဘက်က ယမန်‌နေ့က ‌ပြောဆိုလိုက်သည်။

“လမ်းက အခုလည်း ‌ပေါက်‌နေပြီ။ ဒါ‌ပေမယ့်လည်း လုံခြုံမှုအပိုင်းကို လိုက်စိစစ်‌နေတာ‌ပေါ့‌နော်။ ဒီလမ်း‌ကြောင်းကိုသွား‌နေတဲ့ ပြည်သူ‌တွေ လုံခြုံ‌အောင် အ‌ကောင်းဆုံး ကျ‌နော်တို့ ကြိုးစား‌ပေးမယ်״ဟု အဆိုပါလမ်းမ‌ပေါ်၌ ထို‌နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် BGF အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူက သတင်း‌ထောက်များကို ‌ပြောသည်။

နယ်ခံသတင်း‌ထောက် ၂ဝ ဦးခန် ့တက်‌ရောက်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲ လုပ်‌ဆောင်‌နေသည့် တချိန်တည်းတွင် ‌ကော့ကရိတ်အပိုင်၊ ဘုရားကုန်းရှိ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်၊ နယ်ခြား‌စောင့်တပ် ပူး‌ပေါင်းတပ်တို့ကြား ပစ်ခတ်မှု များ ဆက်လက် ဖြစ်ပွား‌နေဆဲဖြစ်သည်။

ထို့အပြင်ယခု လမ်းမအတွင်း နယ်ခြား‌စောင့်တပ်များ ဝင်‌ရောက်‌နေရာယူခြင်းသည်လမ်း‌ကြောင်းကို ဝင်‌ရောက် ထိန်းချုပ်လိုခြင်း မဟုတ်သလို သွားလာနိုင်‌အောင် ဝင်‌ရောက်ရှင်းလင်း‌ပေးခြင်းဖြစ်ကာ တိုက်ပွဲ‌ကြောင့် လမ်းပိတ်သွားသည့် အ‌ခြေအ‌နေ၊ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်တန့်‌ရေး ညှိနှိုင်းထားမှုအ‌ခြေအ‌နေများကို BGF ဘက်က ရှင်းလင်း‌ပြောဆိုခဲ့သည်။
IMG_8661
မြန်မာအစိုးရ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးလမ်း‌ကြောင်းရှိသည့်အတွက် စစ်ဆင်‌ရေး ကွပ်ကဲမှုဌာနချုပ်-စကခ(၁၂) လက်‌အောက်ခံ ခမရ(၂၃၁)က မြဝတီ-‌ကော့ကရိတ် အာရှလမ်းမ‌ပေါ်ရှိ DKBA ထိန်းချုပ်ရာ ‌ဒေသအတွင်း လမ်းကင်းယူရန် ကြိုးပမ်းရာမှ နှစ်ဖက်တပ်များ ပြီးခဲ့သည့် ဇူလိုင်လ ၂ရက်‌နေ့က စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက်ပိုင်း ယင်းလမ်းကို ပိတ်ထားခဲ့ ခြင်းဖြစ်‌ကြောင်း သိရသည်။

ခရီးသည်တစ်ဦးဖြစ်သူ ကိုရန်နိုင်က “ဒီမှာကြာ‌တော့ စရိတ်တက်တာ‌ပေါ့ဗျာ။ ဒီလမ်းက အခုရရင် အခုသွားချင်တယ်။ ဟိုဘက် က (‌ကော့ကရိတ်ဘက်)ကို ပိတ်ထားဆဲပဲ။ မြန်မြန်ဖွင့်‌လေ ‌ကောင်း‌လေ‌ပေါ့״ဟု ‌ပြောသည်။

လက်ရှိ မြဝတီ-‌ကော့ကရိတ်ဆက်သွယ်ထား‌သော အာရှအ‌ဝေး‌ပြေးလမ်းမ လုံခြုံ‌ရေးအတွက် နယ်ခြား‌စောင့်တပ် တပ်ရင်း ၃ရင်း မှ တပ်အင်အား ၅၀ဝခန့် ဝင်‌ရောက်‌နေရာယူထားသည်ဟု BGF ဘက်က ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။