Home သတင်း လူမျိုး‌ပေါင်းစုံ‌ကျောင်းသားထုနှင့် တက်ကြွစွာ လက်တွဲပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဟု SYCB ထုတ်ပြန်ခဲ့

လူမျိုး‌ပေါင်းစုံ‌ကျောင်းသားထုနှင့် တက်ကြွစွာ လက်တွဲပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဟု SYCB ထုတ်ပြန်ခဲ့

1301

ဇူလိုင် ၈ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

မြန်မာနိုင်ငံ‌ကျောင်းသားလူငယ်များကွန်ဂရက်-SYCBက မြန်မာ့ဆိုရှယ်လစ်လမ်စဉ်ပါတီ(မဆလ)‌ခေတ်မှ ယ‌နေ့ ဦးသိန်းစိန် ‌ခေါင်း‌ဆောင်သည့် အစိုးရ‌ခေတ်အထိ မြန်မာ့နိုင်ငံ‌ရေးဖြစ်စဉ်အသီးသီးတွင် လူထု‌ရှေ့၌ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့သည့် ‌ကျောင်း သားထု၏ ရည်မှန်းချက်ပန်းတိုင်‌ရောက်ရန် အတက်ကြွဆုံး လက်တွဲသွားမည်ဟု ထုတ်ပြန်‌ကြေညာလိုက်သည်။

ဇူလိုင်လ ၇ရက်‌နေ့တွင် ကျ‌ရောက်‌သော ၅၃နှစ်‌မြောက် ဆဲဗင်းဇူလိုင်(7 July) အထိမ်းအမှတ်‌နေ့အတွက် ထုတ်ပြန်သည့် အဆို ပါ‌ကြေညာချက်၌ SYCB အ‌နေဖြင့် အနာဂတ်ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်ရာတွင် ‌ကျောင်းသားလူငယ်များ၏ အခန်း ကဏ္ဍကို မြှင့်တင်သွားရန်အတွက် ပူး‌ပေါင်းလုပ်‌ဆောင်မည်ဟု SYCB ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောဂျက်ပစီက ယခုလို ‌ပြောသည်။

၎င်းက “‌ခေတ်အဆက်ဆက်ဖြစ်‌စေ၊ လက်ရှိမှာဖြစ်‌စေ ‌ကျောင်းသားထုရဲ့ လှုပ်ရှားမှုအဝဝကို ကျ‌နော်တို့အ‌နေနဲ့ အသိအမှတ်ပြု ဂုဏ်ယူပါတယ်။ အခုလက်ရှိ မြန်မာ့ပညာ‌ရေး ပြုပြင်‌ပြောင်းလဲမှုအတွက် တိုက်ပွဲဝင်‌နေတဲ့ ‌ကျောင်းသားထုရဲ့ ရည်ရွယ်ချက်ပန်း တိုင်ကိုလည်း ‌အောင်မြင်‌စေလိုပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ကြေညာချက် ထုတ်ပြန်ရခြင်းသည် စစ်အစိုးရ ဦး‌နေဝင်လက်ထက်တွင် ‌ကျောင်းသားသမဂ္ဂ အ‌ဆောက်အဦးဖြိုခွဲ ဖျက် ဆီးခံခဲ့ရသည့် ဆဲဗင်းဇူလိုင်(7 July) ‌နေ့ကို မ‌မေ့မ‌ပျောက်‌အောင် လက်ဆင့်ကမ်း ထိန်းသိမ်းရန်နှင့် ‌ကျောင်းသားသမဂ္ဂ၏ လှုပ် ရှားမှုကို အသိအမှတ်ပြုရန်ဖြစ်သည်ဟု ‌စောဂျစ်ပစီက ဆက်‌ပြောသည်။

ယင်းထုတ်ပြန်‌ကြေညာချက်တွင် ပွင့်လင်းမြင်သာသည့် ဦးသိန်းစိန်အစိုးရသည် အရက်စက်ဆုံးနှင့် အ‌ဖောက်ပြန်ဆုံး‌သော ယခင်နည်းလမ်း‌ဟောင်းအတိုင်း နည်းမျိုးစုံကိုသုံးပြီး လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးများ ‌ဆွေစဉ်မျိုးဆက် ‌ကောင်းစား‌ရေးအ တွက်သာ လုပ်‌ဆောင်‌နေ‌သေးသည်ဟု ‌ဖော်ပြထားသည်။

ထိုု့အပြင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့် ‌ကျောင်းသားလူငယ်ထုတရပ်လုံး ကမ္ဘာ့နိုင်ငံအသီးသီးကပါ စဉ်ဆက်မ ပြတ် ‌တောင်းဆိုခဲ့သည့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေးထက် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကိုသာ ပြန်လည်အသက်သွင်း ရန် တစိုက်မတ်မတ် ကြိုးပမ်း‌နေသည်ကိုလည်း ထည့်သွင်း‌ထောက်ပြထားသည်။

ယမန်‌နေ့ ကျ‌ရောက်သည့် (7 July) အထိမ်းအမှတ်‌နေ့ကို ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ) အပါအ ဝင် တက္ကသိုလ်‌ကျောင်းသားများ သမဂ္ဂ(တကသ)တို့က ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ သမဂ္ဂအ‌ဆောက်အအုံ ဗုံးခွဲခံခဲ့ရသည့် သမဂ္ဂမြက်ခင်းပြင်‌ရှေ့တွင် လွမ်းသူပန်း‌ခွေချခြင်းနှင့် နှင်းဆီပန်းများချခြင်းကို အသီးသီး ကျင်းပခဲ့ကြ‌ကြောင်း သိရသည်။

မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ်များ ကွန်ဂရက်-SYCB ကို ၁၉၉၆ခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ၊ နယူး‌ဒေလီမြို့၌ မြန်မာ တိုင်းရင်းသားလူမျိုးစုများအကြားနှင့် အဖွဲ့ဝင် အဖွဲ့အစည်းများအကြား နားလည်မှုနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မှု တိုးတက်မြှင့်တင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။