Home သတင်း ‌ဝေါ်‌လေ‌ဒေသရှိ စာသင်‌ကျောင်းအချို့ အစိုးရ၏ ‌ထောက်ပံ့မှုရရှိရန် ‌လျှောက်ထား

‌ဝေါ်‌လေ‌ဒေသရှိ စာသင်‌ကျောင်းအချို့ အစိုးရ၏ ‌ထောက်ပံ့မှုရရှိရန် ‌လျှောက်ထား

1443

‌မေ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌ဝေါ်‌လေ‌ဒေသရှိ ကရင်ပညာ‌ရေးဋ္ဌာန (KED) လက်‌အောက်ခံ မူလတန်းအဆင့် စာသင်‌ကျောင်း များဖြစ်ကြသည့် ‌မောကဲထာ၊ အူးက‌ရေ့ထာ၊ ဝါး‌မေးထာနှင့် ‌တောင်နီ စာသင်‌ကျောင်းများမှာ ၎င်းတို့၏ ‌ကျောင်းဆရာ၊ ဆရာမ များ လစာ‌ငွေ ‌ထောက်ပံ့မှု အခက်အခဲ‌ဖြေရှင်းရန် ယခုနှစ် မတ်လ တတိယပတ်က အစိုးရပညာ‌ရေးဋ္ဌာနထံ ‌လျှောက်တင်ထား သည်ဟု သိရသည်။

‌မောကဲထာ ရွာသူကြီး ‌စောကချင့်က “ကျ‌နော်တို့‌ကျောင်းက ကိုယ်ထူကိုယ်ထဆို‌တော့ ‌ကျောင်းလည်ပတ်နိုင်ဖို့ ရွာသား‌တွေပဲ ‌ထောက်ပံ့‌ပေး‌နေရတယ်။ KED အ‌နေနဲ့လည်း ဒီနှစ်ဆို ‌ကျောင်းဆရာ‌ထောက်ပံ့‌ငွေ ‌ပေးဖို့အတွက် မ‌သေချာတဲ့ အ‌နေအထားမှာ ရှိတယ်။ ရွာသားက နှစ်တိုင်းပဲ ‌ထောက်ပံ့တယ်ဆို‌တော့ မနိုင်‌တော့ဘူး‌လေ။ ဒါ‌ကြောင့် အစိုးရထံကို အကူအညီ‌တောင်းတာပါ။ အခုထိ ဘာအ‌ဖြေမှမရ‌သေးပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို လုပ်‌ဆောင်ခြင်းသည် KED ထိန်းချုပ်မှု‌အောက်မှ ရုန်းထွက်ခြင်းမဟုတ်ဘဲ လတ်တ‌လော ရွာသူရွာသားများနှင့် ‌ကျောင်းဆရာ၊ ဆရာမများ နှစ်စဉ် ကြုံ‌တွေ့‌နေရသည့် လစာ‌ထောက်ပံ့မှု အခက်အခဲကို တဖက်တလမ်းမှ ‌ဖြေရှင်းသည့်အ‌နေဖြင့် လုပ်‌ဆောင်ခြင်းသာဖြစ်သည်ဟု ၎င်းရွာသူကြီးက ဆက်‌ပြောသည်။

ယင်းကိစ္စအ‌ပေါ် KED ‌ကော့ကရိတ်မြို့နယ် ပညာ‌ရေးမှူး ‌စောမြင့်သန်းက “ဒီစာသင်‌ကျောင်း‌တွေက နှစ်‌ပေါင်း ၆၀‌ကျော်အတွင်း KED ထိန်းချုပ်မှု‌အောက်မှာပဲ လည်ပတ်‌နေခဲ့ရတယ်။ အခုထိ လက်မလွှတ်‌သေးပါဘူး။ ‌ထောက်ပံ့မှု‌တွေ ‌ပေးတုန်းပါပဲ။ ကျ‌နော် တို့ တားမြစ်စရာရှိတာက တားရမှာဖြစ်‌ပေမယ့် သူတို့တကယ်သွားရင် မတတ်နိုင်ဘူး‌ပေါ့‌လေ”ဟု ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသတွင် ‌မောကဲထာ၊ အူက‌ရေ့ထာ၊ ဝါ‌မေးထာ၊ ‌တောင်နီ၊ တ‌နော်ထာနှင့် ‌သေ့‌ဘောဘိုး အပါအဝင် KED ထိန်းချုပ်မှု ‌အောက်ရှိ ကိုယ်ထူကိုယ်ထ စာသင်‌ကျောင်း‌ပေါင်း ၁၀‌ကျော်ရှိပြီး ‌ကျောင်းဆရာ၊ ‌ကျောင်းသုံးစာအုပ်နှင့် အားကစားပစ္စည်းများ အပြင် ‌ကျောင်းဆရာတစ်ဦးကို တနှစ်စာအဖြစ် ဘတ်‌ငွေ ၇‌ထောင်(၇၀၀၀) ‌ထောက်ပံ့‌ပေးထား‌ကြောင်း သိရသည်။