Home သတင်း ဘုန်းကြီးတစ်ပါးအား သတ်ခဲ့သူ တရားခံများ အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ် ချမှတ်ခံရ

ဘုန်းကြီးတစ်ပါးအား သတ်ခဲ့သူ တရားခံများ အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ် ချမှတ်ခံရ

2048

‌မေ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ယမန်နှစ်က သတ်ဖြတ်ခံခဲ့ရ‌သော ဆရာ‌တော် ဦးကုသလအမှုနှင့် ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူ (၆)ဦးကို ကရင်လက်နက်ကိုင်အဖွဲ့‌လေးဖွဲ့ ပါဝင်သည့် အထူးခုံရုံးအဖွဲ့က ‌မေလ ၁၈ရက်‌နေ့တွင် အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သည်။

အဆိုပါအမှုကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဖားအံခရိုင် တရားစီရင်‌ရေးရုံးတွင် စီရင်ချက်ချခဲ့ပြီး အမှုမှန်‌ပေါ်‌ပေါက် ‌ရေးအတွက် ‌ကေအဲန်ယူ၊ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်(BGF)၊ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA)၊ KNU/ KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ စသည့်ကရင်လက်နက်ကိုင်အဖွဲ့များက ‌ကေအဲန်ယူ ချမှတ်ထားသည့် ဥပ‌ဒေအတိုင်း စီရင်ချက်ချခဲ့ ခြင်းဖြစ်သည်။

‌ကေအဲန်ယူ ဖားအံခရိုင်မှ အထူးခုံရုံးအဖွဲ့သဘာပတိ ပဒို‌စော‌လေး‌တောက “ဒီအမှုဟာ ကရင်လက်နက်ကိုင်ညီညွတ်‌ရေး‌ကော်မ တီက‌နေ အဖွဲ့‌လေးဖွဲ့ပါဝင်ပြီး ပထမဆုံး စီရင်ချက်ချနိုင်တဲ့ အမှုပဲဖြစ်ပါတယ်။ ‌နောက်‌နောင် ဒီလိုအဖွဲ့အချင်းချင်း အမှုကိစ္စ‌တွေဆို ရင်လည်း ဒီ‌ကော်မတီကပဲ ဆုံးဖြတ်လုပ်‌ဆောင်သွားဖို့ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ စီရင်ချက်ချရာ၌ သတ်ဖြတ်မှုတွင် အဓိက ဦး‌ဆောင်သည့် KNU/KNLA (PC)မှ တပ်ခွဲမှူးအဆင့်ရှိ ‌စောတာဝါးနှင့် အရှင်ဗုဒ္ဓ ဝံသတို့ကို အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပြီး ပြစ်မှုထင်ရှားသည့် တပ်ဖွဲ့ဝင်များဖြစ်‌သော ‌စော‌ကျော်ဒိ ၃၆ နှစ်ကို အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ် ၇နှစ်အပြင် ‌စော‌ကျော်‌ဌေး၊ ‌စောဖား‌တော့၊ ‌စောကြည်‌အေးတို့ကို အလုပ်ကြမ်းနှင့် ‌ထောင် ဒဏ် ၁ဝနှစ်စီ အသီးသီး ချမှတ်ခဲ့ကြသည်။
DSC07809
သို့ရာတွင် ‌စောတာဝါးနှင့် အရှင်ဗုဒ္ဓဝံသတို့မှာ ထွက်‌ပြေးလွတ်‌မြောက်‌နေဆဲဖြစ်ပြီး ၎င်းတို့နှစ်ဦးအား ဖမ်းဝရမ်းထုတ်ပြန်ထား ‌ကြောင်းနှင့် ပြစ်ဒဏ်ကျခံရမည့်သူများကို ‌ကေအဲန်ယူ ဖားအံခရိုင် တရားစီရင်‌ရေးရုံးရှိရာ အချုပ်ထဲတွင် ချုပ်‌နှောင်ကာ ပြစ်ဒဏ် ကျခံသွား‌စေမည်ဖြစ်‌ကြောင်း ပဒို‌စော‌လေး‌တောက ဖြည့်စွက်‌ပြောဆိုသည်။

ယင်းအမှုစီရင်နိုင်‌ရေးအတွက် အဆိုပါကရင်လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်(၉)ဦး ပါဝင်သည့် အထူးခုံရုံးတရားစီရင်‌ရေးအဖွဲ့ကို ဧပြီလ ၂ဝရက်‌နေ့က ဖွဲ့စည်းလိုက်ပြီး မြဝတီမြို့ရှိ ‌တောင်က‌လေး‌အေးရိပ်သာ‌ကျောင်းတိုက်ဆရာ‌တော် ဦးအဂ္ဂဝံသနှင့် မတ်စ မိတ်‌ကျောင်းတိုက်ဆရာ‌တော် ဦးစန္ဒရတို့အား ‌စောင့်ကြည့်‌လေ့လာသူများအဖြစ် ထားရှိကာ အမှုကို အကြိမ်ကြိမ် စစ်‌ဆေးညှိ နှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

အမှုစီရင်ချက်ချခဲ့သည့်အ‌ပေါ် ဆရာ‌တော်ဦးအဂ္ဂဝံသက “ဆရာ‌တော်တို့အ‌နေနဲ့ ဒီလိုအ‌ရေးကြီးပြီး ဘာသာ‌ရေးကိစ္စ‌တွေနဲ့နှီးနွယ် လာနိုင်တဲ့ အ‌နေအထားအ‌ပေါ်မှာ အကုန်လုံး သုံးသပ်ပြီးမှ အခုလိုစီရင်တာ မျှတတယ်လို့ ယူဆပါတယ်။ ဆရာ‌တော်တို့အ‌နေနဲ့ လည်း ‌နောက်‌နောင် ဒီလိုမျိုး ထပ်မဖြစ်ရ‌အောင် ကရင်လက်နက်ကိုင်အဖွဲ့ အသီးသီးက‌နေပြီး‌တော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ် ကြဖို့ကို တိုက်တွန်းချင်ပါတယ်”ဟု မိန့်ကြားသည်။

ယခုစီရင်ချက်ချခဲ့သည့်အမှုမှာ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ ‌အောက်တိုဘာ ၁၈ရက်‌နေ့က လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲရှိ မယ်လ ရွာသစ်တွင် သီတင်းသုံး‌ကျောင်းထိုင်သည့် သက်‌တော် ၆၈နှစ်၊ ဝါ‌တော် ၁၉ဝါရှိ ဆရာ‌တော်ဦးကုသလအား သစ်ခုတ်သည့်ကိစ္စ နှင့်ပတ်သက်၍ မ‌ကျေနပ်ချက်အချို့ရှိရာမှ ဘုန်းကြီးတစ်ပါး အပါအဝင် KNU/KNLA (PC)မှ တပ်ဖွဲ့ဝင် ၅ဦးက သတ်ဖြတ်ခဲ့သည့် အမှုဖြစ်သည်။