Home ထိပ်တန်းသတင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား မိသားစုဝင်များ ကျန်းမာ‌ရေး အာမခံချက် ရယူနိုင်ပြီ

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား မိသားစုဝင်များ ကျန်းမာ‌ရေး အာမခံချက် ရယူနိုင်ပြီ

1782

‌မေ ၂၅ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်‌နေကြသည့် မြန်မာ အပါအဝင် လာအို၊ က‌မ္ဘောဒီးယားနိုင်ငံများမှ ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ မိသားစုဝင် ဇနီးသည်နှင့် က‌လေးငယ်များအတွက် တနှစ်သက်တမ်းရှိ ကျန်းမာ‌ရေး အာမခံချက်ကို သက်ဆိုင်ရာ နယ်‌မြေ‌ဒေသ ‌ဆေးရုံများတွင် ယခု ‌မေလအတွင်းမှစ၍ ဝယ်ယူနိုင်ပြီဖြစ်သည်ဟု တာ့ခ်ခရိုင် ကျန်းမာ‌ရေးဋ္ဌာန ညွှန်ကြား‌ရေးမှူး ‌ဒေါက်တာပူလာ ဖချန်ထဝီကျင်ဝုန်က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

‌မေလ ၂၅ရက်(ယ‌နေ့)မှ ၂၆ရက်‌နေ့အထိ မဲ‌ဆောက်မြို့၊ Centara ဟိုတယ်တွင် ကျင်းပ‌နေသည့် ၆ကြိမ်‌မြောက် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ကျန်းမာ‌ရေးဋ္ဌာနနှင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် ကျန်းမာ‌ရေးဋ္ဌာနတို့ လုပ်‌ဆောင်သည့် ပူး‌ပေါင်းကျန်းမာ‌ရေး‌ဆွေး‌နွေးပွဲ၌ ‌ဒေါက်တာပူလာဖချန်ထဝီကျင်ဝုန်က နယ်ခံသတင်း‌ထောက်များကို ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လာလုပ်ကြတဲ့ မြန်မာအလုပ်သမား‌တွေရဲ့ အိမ်ကူဇနီး‌တွေ၊ အလုပ်မလုပ်တဲ့ က‌လေး‌တွေ ဟာ ဒီမှာ‌နေတဲ့အခါကျ‌တော့ ‌ဆေးဝါးကုသမှုလုပ်တဲ့အခါ အခက်အခဲရှိလာတယ်။ အဲဒါ‌ကြောင့် အခု အဲဒီလူ‌တွေကို ‌ဆေးရုံ‌တွေ မှာ ကျန်းမာ‌ရေး အာမခံချက် ရယူလို့ရတယ်။ အလုပ်မလုပ်လည်း ဝယ်ခွင့်‌ပေးတယ်”ဟု ‌ပြောသည်။

ကျန်းမာ‌ရေး အာမခံချက်ကို အရွယ်‌ရောက်သူ(လူကြီး)တစ်ဦးလျှင် ၁၃၀ဝဘတ်၊ က‌လေးတစ်ဦးလျှင် ၃၀ဝဘတ် ကုန်ကျမည်ဖြစ် ပြီး ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ မှီခိုသူ မိသားစုဝင်များအတွက် တနှစ်စာ ‌ဆေးကုသမှုစရိတ်ကို များစွာ အ‌ထောက်အကူပြု မည်ဖြစ်‌ကြောင်း တာ့ခ်ခရိုင် ကျန်းမာ‌ရေးဋ္ဌာန ညွှန်ကြား‌ရေးမှူးက ဆက်‌ပြောသည်။

အဆိုပါ ပူး‌ပေါင်း‌ဆွေး‌နွေးပွဲသို့ တာ့ခ်ခရိုင် ကျန်းမာ‌ရေးဋ္ဌာန ညွှန်ကြား‌ရေးမှူး ‌ဒေါက်တာပူလာဖချန်ထဝီကျင်ဝုန် ဦး‌ဆောင်သည့် ထိုင်းကျန်းမာ‌ရေးဝန်ထမ်းများ၊ ကရင်ပြည်နယ် ကျန်းမာ‌ရေးဋ္ဌာန ညွှန်ကြား‌ရေးမှူး ‌ဒေါက်တာ‌အောင်‌ကျော်‌ထွေး ဦး‌ဆောင်‌သော ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှ ကျန်းမာ‌ရေးဝန်ထမ်းများအပြင် ထိုင်းနယ်စပ်အ‌ခြေစိုက် လူထုအ‌ခြေပြုကျန်းမာ‌ရေးအဖွဲ့များ အပါ အဝင် စုစု‌ပေါင်း ၅ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်သည့် ကရင်ပြည်နယ် ကျန်းမာ‌ရေးဋ္ဌာန ညွှန်ကြား‌ရေမှူး ‌ဒေါက်တာ‌အောင်‌ကျော်‌ထွေးက “အခုလိုမျိုးကိစ္စ တရားဝင်လုပ်‌ပေးတာက အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ဒီမှာ‌ရောက်‌နေတဲ့ အလုပ်သမား‌တွေအတွက် ‌ကောင်းတယ်။ ကျ‌နော်တို့ လည်း ဒါကို ကြိုဆိုတယ်။ ထိုင်းနိုင်ငံမှာ ပြန့်ကျဲ‌နေတဲ့ အလုပ်သမား‌တွေကို ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု ‌ပေးမယ်ဆိုရင် တကယ့် ကို ‌ကောင်းတဲ့အလားအလာ၊ ‌နောက် ကျ‌နော်တို့လူဘက်ကြည့်ရင်လည်း ဝမ်းသာစရာ‌ကောင်းပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

နှစ်ရက်တာ ကျင်းပသည့် ၎င်းကျန်းမာ‌ရေးဆိုင်ရာ ပူး‌ပေါင်း‌ဆွေး‌နွေးပွဲတွင် ဝမ်း‌ရောဂါ၊ ငှက်ဖျား‌ရောဂါ၊ ကူးစက်‌ရောဂါ၊ လိင် ဆက်ဆံမှုမှတဆင့် ကူးစက်တတ်‌သော‌ရောဂါများကို ပူး‌ပေါင်းဖလှယ်မှု၊ နယ်စပ်‌ဒေသအ‌ခြေစိုက် လူမှုအ‌ခြေပြု ကျန်းမာ‌ရေးအဖွဲ့ အစည်းများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မှု ကိစ္စရပ်များကို ‌ဆွေး‌နွေးသွားကြမည်ဟုလည်း သိရသည်။

ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးတွင် လက်ရှိ တရားဝင် မှတ်ပုံတင်ထား‌သော မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားဦး‌ရေမှာ ၃သန်း‌ကျော်ရှိပြီး တာ့ခ်ခရိုင်ရှိ (၉)မြို့နယ်၌ပင် စုစု‌ပေါင်း ၃သိန်း‌ကျော်ရှိသည်ဟု မြန်မာအလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌နေသူများက ‌ပြော သည်။