Home သတင်း ကရင်ပြည်နယ်ရှိ မြို့နယ် သုံးမြို့နယ်အတွင်းတွင် KPP ‌ရွေး‌ကောက်ပွဲဝင်ရန် ပြင်ဆင်‌နေ

ကရင်ပြည်နယ်ရှိ မြို့နယ် သုံးမြို့နယ်အတွင်းတွင် KPP ‌ရွေး‌ကောက်ပွဲဝင်ရန် ပြင်ဆင်‌နေ

1523

KPP ဒုဥက္ကဌ ‌စော‌စေးဝါး

ဧပြီ ၇ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်မြို့ အ‌ခြေစိုက် ကရင်ပြည်သူ ့ပါတီ် (KPP)က ကရင်ပြည်နယ်အတွင်းရှိ သံ‌တောင်ကြီး၊ ဖာပွန်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့တွင် ‌ရွေး‌ကောက်ပွဲဝင်ရန် ပြင်ဆင်လျှက်ရှိသည်ဟု ပါတီ‌ပြော‌ရေးဆိုခွင့်ရှိသူ ဒုဥက္ကဌ ‌စော‌စေးဝါးက ဧပြီ ၆ ရက်‌နေ့၌ ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“KPP အ‌နေနဲ့ ပါတီစည်းရုံး‌ရေး တိုးချဲ့လုပ်ကိုင်‌နေတဲ့အခါမှာ အခု ကရင်ပြည်နယ်မှာလည်း ပါတီရုံးခွဲ‌တွေ ထပ်ဖွင့်ထားတယ်။ ဖာပွန်မြို့နယ်မှာ ပြီးခဲ့တဲ့လက
ဖွင့်ပြီးပြီ။ လာမဲ့ ‌ရွေး‌ကောက်ပွဲမှာ ကရင်ပြည်နယ် သံ‌တောင်ကြီး၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီး မြို့ နယ်‌တွေမှာ ‌ရွေး‌ကောက်ပွဲဝင်ဖို ့ ပြင်ဆင်ထားတယ်”ဟု ‌စော‌စေးဝါးက ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ၌ KPP သည် ကရင်ပြည်နယ်အတွင်းရှိ သံ‌တောင်ကြီးမြို့နယ် တစ်ခုတည်း ကိုသာ ဝင်‌ရောက်အ‌ရွေး‌ကောက်ခံခဲ့‌သော်လည်း ယခု လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် မြို့နယ် သုံးခုအထိ တိုးချဲ့‌ရွေး‌ကောက်ပွဲဝင်သွားရန် ပြုလုပ်လာခြင်းဖြစ်သည်။

ထိုသို့ ‌ရွေး‌ကောက်ပွဲဝင်ရန် ပြင်ဆင်ထားသည့် မြို့နယ်တို့တွင် အမျိုးသားလွှတ်‌တော်၊ ပြည်သူ ့လွှတ်‌တော်နှင့် ပြည်နယ်လွှတ်‌တော် သုံးရပ်စလုံးကို KPP ကိုယ်စားလှယ်‌လောင်း ၉ ဦး ဝင်ပြိုင်သွားရန် စီစဉ်ထားသလို ဧရာဝတီတိုင်း‌ဒေသကြီး၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီး၊ တနသင်္ာရီတိုင်း‌ဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်‌လောင်းများကိုလည်း လာမည့် ‌မေလဆန်းပိုင်းတွင် စိစစ် ‌ရွေးချယ်သွားရန် ရှိသည်ဟု KPP က ဆိုသည်။

လက်ရှိ ကရင်ပြည်နယ်တွင် ကရင်နိုင်ငံ‌ရေးပါတီများဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ (KDP)နှင့် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (KSDDP)တို့ အ‌ခြေစိုက် လှုပ်ရှား‌နေပြီး အထူးသဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် PSDP ပိုမိုအား‌ကောင်း‌နေ‌ကြောင်း ကြာအင်းဆိပ်ကြီး ‌ဒေသခံ ‌စော‌ယောင့်သာအဲဆန် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခုကြာအင်းဆိပ်ကြီးမှာ ကရင်ပြည်နယ် အ‌ခြေစိုက်ပါတီ‌တွေထဲမှာ ဖလုံ-စ‌ဝေါ်က အားအ‌ကောင်းဆုံး ပဲ။ KPP လာပြိုင်ရင်‌တော့ ရဖို့ မလွယ်ဘူး။ ‌နောက်ပြီး ကရင်ပါတီ‌တွေ မဟုတ်တဲ့ တစညလည်း ကြာအင်းဆိပ် ကြီးမှာ အ‌ခြေစိုက်ထားတယ်။ ‌နောက်တစ်ခုက ‌ဒေသတွင်းမှာ စာ‌ပေယဉ်‌ကျေးမှုစတဲ့ အမျိုးသား‌ရေးကို လုပ်‌ဆောင်သူ ‌ဒေသခံမဟုတ်ရင်‌တော့ ‌ရွေး‌ကောက်ပွဲနိုင်ဖို့က မလွယ်ဘူး”ဟု ‌ပြောသည်။

ကရင်နိုင်ငံ‌ရေးပါတီများ၏ ‌ရွေး‌ကောက်ပွဲဝင်‌ရောက်ယှဉ်ပြိုင်‌ရေးနှင့်ပတ်သက်၍ ပန်းတ‌နော် ကရင်လူငယ်များ အဖွဲ့အတွင်း‌ရေးမှူးဖြစ်သူ စရဲသူရိန်ကလည်း ကရင်နိုင်ငံ‌ရေးပါတီများအ‌နေဖြင့် လာမည့် ‌ရွေး‌ကောက်ပွဲတွင် ထိပ်တိုက်‌တွေ့သည့် ပုံစံမျိုးမဟုတ်ဘဲ ညှိညှိနှိုင်းနှိုင်း လုပ်‌ဆောင်သွားရန် လိုလားသည်ဟု ‌ပြောဆိုသည်။

ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)သည် ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ၌ လွှတ်‌တော်သုံးရပ် စလုံးအတွက် အမတ်‌နေရာ ၄၂ ‌နေရာ ဝင်ပြိုင်ခဲ့ပြီး ၆ ‌နေရာ အနိုင်ရရှိကာ ကရင်ပြည်နယ် သံ‌တောင်ကြီး မြို့နယ်တွင် ၄ ‌နေရာ အနိုင်ရရှိခဲ့သည်။