Home သတင်း KNLA နှင့် BGF ပစ်ခတ်မှုကို ကရင်လက်နက်ကိုင်ညီညွတ်‌ရေး‌ကော်မတီက ‌ဖြေရှင်းမည်ဟုဆို

KNLA နှင့် BGF ပစ်ခတ်မှုကို ကရင်လက်နက်ကိုင်ညီညွတ်‌ရေး‌ကော်မတီက ‌ဖြေရှင်းမည်ဟုဆို

3577

KNLA မှ ဗိုလ်လမင်းနှင့် BGF တပ်ဖွဲ့ဝင်များ(photo-KNU)

မတ်လ ၄ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)လက်‌အောက်ခံ တပ်မဟာ(၆) ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA)နှင့် ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်(BGF) အမှတ်(၁၀၂၂) တပ်ဖွဲ့ဝင်များအကြား ‌ဖေ‌ဖော်ဝါရီလကုန်ပိုင်းက ဖြစ် ပွားခဲ့သည့် ပစ်ခတ်မှုမျိုး ထပ်မံ မရှိ‌စေရန် လာမည့်ဧပြီလတွင် ပြုလုပ်သွားမည့် ကရင်လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွတ် ‌ရေး‌ကော်မတီ အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးဆုံးဖြတ်သွားမည်ဟု သိရသည်။

ယင်းကိစ္စအ‌ပေါ် ကရင်လက်နက်ကိုင်များညီညွှတ်‌ရေး‌ကော်မတီမှ အတွင်း‌ရေးမှူးဖြစ်သူ ပဒို‌စော‌အောင်‌မော် ‌အေးက “တချို့က နားလည်မှု ကွဲတာ‌တွေ၊ ပုဂ္ဂိုလ်‌ရေး အာဃာတ‌လေး‌တွေ ရှိရင်ရှိမယ်။ အဲလိုထပ်မဖြစ်‌အောင် ခံဝန်ကတိလက်မှတ်ထိုးဖို့အထိ ‌တော့ လုပ်သွားရမယ်။ ထိုးဖို့ မထိုးဖို့က‌တော့ ‌နောက်လမှာဖြစ်မယ့် ကျ‌နော်တို့ အစည်းအ‌ဝေးမှာ ‌ဆွေး‌နွေးဆုံးဖြတ်မှာ ဖြစ် တယ်”ဟု ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

ယခင်လ ‌ဖေ‌ဖော်ဝါရီ ၂၇ရက်‌နေ့ ည‌နေပိုင်းက မြဝတီမြို့‌တောင်ဘက် ၆မိုင်အကွာ မယ်‌ထော်သ‌လေးရွာနှင့် တဘလုခို့ခီးရွာအ ကြားတွင် အဆိုပါနှစ်ဖက်တပ်ရှိ တပ်ဖွဲ့ဝင်အချို့သည် နယ်‌မြေစခန်းချမှုကိစ္စ‌ကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး KNLA ဘက်မှ တစ်ဦး‌သေ၊ တစ်ဦးဒဏ်ရာရရှိကာ BGF တပ်သားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်မှုအပြီး မတ်လ ၃ရက်‌နေ့ KNU တပ်မဟာ (၇) ဆက်ဆံ‌ရေးရုံးတွင် BGF မှ ဗိုလ်မှူးကြီး‌စောချစ်သူ၊ ဗိုလ်မှူးနိုင်‌မောင်‌ဇော်၊ BGF အမှတ်(၁၀၂၂) တပ်ရင်းမှူး ဗိုလ်မှူး‌စောမုတ်သုန်နှင့် KNLA မှ ဗိုလ်မှူးကြီး‌စော‌ဖောဒို၊ ဗိုလ်မှူးရန်နိုင်၊ တပ်မဟာ(၆) KNLA ဌာနချုပ် အထူးစစ်‌ကြောင်းမှူး ဗိုလ်ကြီး‌စောလမင်းတို့ အပြန်အလှန် ညှိနှိုင်း‌ဆွေး‌နွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

ယင်း‌ဆွေး‌နွေးမှုများနှင့် ပတ်သက်၍ BGF တပ်နယ်(၃)မှ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က “‌ဆွေး‌နွေးပွဲမှာ ပစ်ခတ်မှု ဖြစ်တဲ့‌နေရာမှာ ဘယ်သူကမှ စခန်းမချရဘူး ဆိုတဲ့ သ‌ဘောတူညီမှု‌တွေ ရခဲ့တယ်။ ‌နောက်ထပ် ပြဿနာ မဖြစ်ပွား‌စေဖို့ အဓိက ကိုမုတ်သုန်နဲ့ ကိုလမင်းတို့ သံသယ‌တွေ ‌ဘေးဖယ်ပြီး နှစ်ဦးလုံး ကရင်လက်နက်ကိုင် ‌သွေးစည်းညီညွတ်‌ရေး‌ကော်မတီ‌ရှေ့မှာ လက်မှတ်‌ရေး ထိုးကြရမယ်။ အဲဒါ‌တွေ ‌ဆွေး‌နွေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် အပြန်အလှန် ပစ်ခတ်မှုများ‌ကြောင့် ‌သေဆုံးဒဏ်ရာရရှိမှုအ‌ပေါ် BGF ဗဟိုမှ ဗိုလ်မှူးထက်ဝင်း၊ တပ်နယ်(၁)မှ ဗိုလ်မှူး စိုးနိုင်၊ တပ်နယ်(၂) မှ ဗိုလ်မှူးထွန်း‌အောင်၊ တပ်နယ်(၃)မှ ဗိုလ်မှူးနိုင်‌မောင်‌ဇော်၊ တပ်နယ်(၄) မှ ဗိုလ်မှူးသိန်း‌ဇော်မင်းတို့ ငါးဦးက စုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ ဖွဲ့စည်းကာ စစ်‌ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့များအကြား အချင်းချင်းပစ်ခတ်မှု မဖြစ်ရန်နှင့် မူးယစ်‌ဆေးဝါးကိစ္စများ တိုက်ဖျက်သွားရန် ရည်ရွယ်၍ ကရင်လက်နက်ကိုင်အဖွဲ့ (၆)ဖွဲ့မှ အဖွဲ့ဝင်(၁၇)ဦးဖြင့် ကရင်လက်နက်ကိုင်များ ညီညွှတ်‌ရေး‌ကော်မတီကို ၂၀၁၃ခုနှစ်၊ ‌မေလ ၂၈ ရက်‌နေ့က ဖွဲ့စည်းခဲ့သည်။