Home သတင်း ‌နောင်လုံအ‌ရှေ့ဘက်ခြမ်းတွင် နှစ်‌ပေါင်း (၃၀)အတွင်း ပအိုဝ်းအမျိုးသား‌နေ့ ပြန်လည်ကျင်းပ

‌နောင်လုံအ‌ရှေ့ဘက်ခြမ်းတွင် နှစ်‌ပေါင်း (၃၀)အတွင်း ပအိုဝ်းအမျိုးသား‌နေ့ ပြန်လည်ကျင်းပ

1966

မတ်လ ၄ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် တ‌ပေါင်းလပြည့်‌နေ့၊ ၂၀၁၅ခုနှစ်၊ မတ်လ ၄ရက်‌နေ့တွင် ကျ‌ရောက်‌သော (၃၅)ကြိမ်‌မြောက် ပအိုဝ်းအမျိုးသား‌နေ့ကို ကရင်ပြည်နယ်အဆင့်အဖြစ် ဖားအံမြို့နယ် ‌နောင်လုံအ‌ရှေ့ခြမ်းရှိ ‌ကျော့ရွာတွင် နှစ် ၃ဝအတွင်း တစ် ‌ခေါက် ပြန်လည်ကျင်းပနိုင်ခဲ့သည်ဟု ကရင်ပြည်နယ် ပအိုဝ်းစာ‌ပေနှင့်ယဉ်‌ကျေးမှု ဥက္ကဋ္ဌ ခွန်မြ‌အောင်က ‌ကေအိုင်စီသို့ ‌ပြော သည်။

“ဒီရွာမှာ‌တော့ နှစ်‌ပေါင်း၃ဝ ကြာမှ တစ်ခါပြန်‌ရောက်တာ ခါတိုင်းနှစ်‌တွေက‌တော့ ပအိုဝ်းအမျိုးသားရှိတဲ့ ရွာ‌တွေမှာ လိုက်စုပြီး ကျင်းပတာ‌ပေါ့။ ဘာဖြစ်လဲဆို‌တော့ ပအိုဝ်း‌တွေရဲ့စိတ်တက်ကြွမှု‌တွေရှိ‌အောင်၊ ပအိုဝ်းစာ‌ပေယဉ်‌ကျေးမှု ဘာသာစကား ‌ပျောက် ပျက်မှု မရှိ‌အောင်နဲ့ ရင်းနှီးမှုရှိပြီး စည်းလုံးမှုရှိ‌အောင် တစ်ရွာပြီးတစ်ရွာ နှစ်အလိုက် လိုက်ကျင်းပ‌ပေးရတာ ဖြစ်ပါတယ်”ဟု ခွန်မြ ‌အောင်က ဆိုသည်။

‌ကော့ရွာတွင် ကျင်းပသည့် ပအိုဝ်းအမျိုးသား‌နေ့ အခမ်းအနားသို့ ကရင်ပြည်နယ် ပအိုဝ်း စာယဉ် အပါအဝင် ပြည်နယ်ဝန်ကြီး ချုပ် ဦး‌ဇော်မင်း၊ နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်နှင့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကရင်ပြည်နယ် ကရင်စာ ‌ပေနှင့်ယဉ်‌ကျေးမှု၊ မွန်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီများမှ တာဝန်ရှိသူများ စုစု‌ပေါင်း ၆၀၀‌ကျော် တက်‌ရောက်အား‌ပေးခဲ့ကြ သည်။

အခမ်းအနားတက်‌ရောက်သည့် ‌ကျော့ရွာသူ နန်းခင်‌ဝေက “အခုလိုရွာမှာ ပအိုဝ်းအမျိုးသား‌နေ့ ပြန်ကျင်းပတာကို မြင်ရတာ ရွာခံ တစ်‌ယောက်အ‌နေနဲ့ အရမ်း‌ပျော်ရွှင်တာ‌ပေါ့။ ‌နောက်ပြီး ဒီ‌နေ့မှာ ထူးချွန်တဲ့ ပအိုဝ်းက‌လေး‌တွေကို ပြန်‌ဖော်ထုတ်နိုင်တယ်။အရင် ပအိုဝ်း‌တွေက ကိုယ့်ဘာသာစာ‌ပေမတတ်‌ပေမဲ့ အခုချိန်မှာ‌တော့ ‌ကောင်းစွာ စာပြန်သင်လို့ရပြီ”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် အခမ်းအနားတွင် အခမ်းအနားအစီအစဉ်အဖြစ် ကရင်ပြည်နယ် ဝန်ကြီးချုပ်မှ ‌ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း၊ ‌တောင်ကြီး ပအိုဝ်းစာ‌ပေနှင့် ယဉ်‌ကျေးမှု ဥက္ကဌမှ ‌ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း၊ ဆယ်တန်း‌ကျောင်းသူ‌ကျောင်းသား များအား ဆု‌ပေးခြင်းနှင့် ပအိုဝ်းလူငယ်များ ရိုးရာအကဖြင့် ‌ဖျော်‌ဖြေခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပအိုဝ်းအမျိုးသား‌နေ့မှာ ပအိုဝ်းဘုရင် သူရိယစန္ဒာ၏ ‌မွေး‌နေ့ဖြစ်သည့် တ‌ပေါင်းလပြည့်‌နေ့ကို အစွဲပြု၍ သတ်မှတ်လာခဲ့ခြင်းဖြစ် ပြီး နှစ်စဉ် ထို‌နေ့‌ရောက်တိုင်း ပအိုဝ်းတိုင်းရင်းသားများက ၎င်းတို့၏ အမျိုးသား‌နေ့ပွဲ‌တော်ကို ကျင်းပ‌လေ့ရှိသည်။ ကရင်ပြည် နယ်၌ (၃၅)နှစ်‌မြောက် ပအိုဝ်းအမျိုးသား‌နေ့ကို မြို့နယ်အဆင့်အဖြစ် ‌ကော့ကရိတ်၊ လှှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးနှင့် ပိုင်ကျုံမြို့နယ် များတွင် အသီးသီး ကျင်းပခဲ့ကြသည်။