Home သတင်း ‌ကေအဲန်ယူနှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်တို့ ငြိမ်းချမ်း‌ရေးကိစ္စ အမြင်ချင်းဖလှယ်

‌ကေအဲန်ယူနှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်တို့ ငြိမ်းချမ်း‌ရေးကိစ္စ အမြင်ချင်းဖလှယ်

1634

မတ်လ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည့်နှင့် မတ်လ ၂၉ရက်‌နေ့ည‌နေပိုင်းက ‌တွေ့ဆုံကာ လက်ရှိငြိမ်းချမ်း‌ရေးဆိုင်ရာ အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း သိရသည်။

‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်ပြီး အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း အပါအဝင် ပဒို ‌စော‌ရောဂျာခင်၊ ပဒို‌စောတာဒို့မူး၊ ပဒို‌စော‌ရွှေ‌မောင်း၊ ‌စောတာမူလာ အပါအဝင် ကိုယ်စားလှယ် အဖွဲ့ဝင် (၁၁)ဦးသည် ‌နေပြည် ‌တော်ရှိ နှင်းဆီစံအိမ်တွင် အဲန်အယ်လ်ဒီ ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဦးဟန်သာနှင့် ‌ဒေါ်နန်းခင်‌ထွေးမြင့်တို့အား ည‌နေ ၄နာရီမှ ၆နာရီ‌ကျော်အထိ နှစ်နာရီ‌ကျော်ကြာ ‌တွေ့ဆုံရာ၌ ယင်းသို့ ထည့်သွင်း‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

“ကျ‌နော်တို့‌ဖော်‌ဆောင်‌နေတဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး‌တော့ ရှင်းလင်းတင်ပြပြီး အမြင်ချင်းဖလှယ်တဲ့သ‌ဘော ဖြစ်ပါ တယ်။ နိုင်ငံ‌ရေးပြုပြုင်‌ပြောင်းလဲမှုအတွက် ကျ‌နော်တို့ ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်ကြမလဲ‌ပေါ့။ အ‌သေးစိတ်က‌တော့ ဆက် လက်‌တွေ့ဆုံပြီး ‌ဆွေး‌နွေးသွားဖို့ရှိပါတယ်”ဟု ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်‌ရေးကိစ္စ၊ ၂၀၁၅ခုနှစ်အတွင်း ပြုလုပ်မည့် ‌ရွေး‌ကောက်ပွဲကိစ္စများကိုလည်း ‌ဆွေး‌နွေးခဲ့ကြသလို သတင်းအချက်အလက်များ မျှ‌ဝေခြင်း၊ အမြင်ချင်းဖလှယ်ခြင်းနှင့် ပူး‌ပေါင်း‌ဆောင်ရွက်‌ရေးများအတွက် နှစ်ဖက်‌တွေ့ဆုံမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ၎င်းက ဆက်လက် ‌ပြောဆိုသည်။

အဆိုပါ‌တွေ့ဆုံမှုတွင် ပါဝင်သည့် အဲန်အယ်လ်ဒီ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ကရင်ပြည်နယ် ဥက္ကဌ နန်းခင်‌ထွေးမြင့်က “‌ကေ အဲန်ယူအ‌နေနဲ့ ငြိမ်းချမ်း‌ရေးကိစ္စနဲ့ ပတ်သက်ပြီး သူတို့ခံစားချက်‌တွေ အခက်အခဲ‌တွေကို ရှင်းလင်းတဲ့‌နေရာမှာ ‌ဒေါ်‌အောင်ဆန်းစု ကြည်က နားလည်လက်ခံ‌ပေးတယ်။ ပြန်ပြီး‌တော့ အကြံပြု‌ဆွေး‌နွေးတယ်။ အခုလို‌တွေ့တာဟာ နှစ်ဦးနှစ်ဖက် ပိုမို နားလည်မှုရှိ ပြီး အကျိုးရှိတဲ့ ‌တွေ့ဆုံမှုတစ်ခုဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဧပြီလ ၈ရက်‌နေ့နှင့် ၂၀၁၄ခုနှစ်၊ ‌မေလ ၉ရက်‌နေ့များကလည်း လက်ရှိ ‌ကေအဲန်ယူ ဒု-ဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်နှင့် နှစ်ကြိမ်တိုင်တိုင် ‌တွေ့ဆုံခဲ့ဖူးပြီး ယခုတစ်ကြိမ်မှာ ‌ကေအဲန်ယူနှင့် သုံးကြိမ်‌မြောက် ‌တွေ့ဆုံခြင်းဖြစ်သည်။