Home သတင်း အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများ‌နေ့ကို MKO အဖွဲ့ဝင်အမျိုးသမီး စတင်ကျင်းပ

အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများ‌နေ့ကို MKO အဖွဲ့ဝင်အမျိုးသမီး စတင်ကျင်းပ

1464

မတ်လ ၃၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

မ‌လေးရှားကရင်အဖွဲ့အစည်း(MKO) အဖွဲ့ဝင်အမျိုးသမီးများမှ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပ‌သော အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများ‌နေ့ အခမ်းအနားကို မ‌လေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မတ်လ ၂၉ရက်‌နေ့က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို နိုင်ငံတကာသို့ ‌ရောက်ရှိ‌နေ‌သော ကရင်အမျိုးသမီးများအတွက် အား‌ပေးမှုတစ်ခုသာမက အမျိုးသား ‌ရေးတွင် တဖက်တလမ်းမှ ဝိုင်းဝန်းကူညီပံ့ပိုးကြနိုင်ရန်အတွက် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်‌ကြောင်း အစီအစဉ်ဖြစ်‌မြောက်‌ရေး ဦး‌ဆောင်သူ MKO အဖွဲ့ဝင် အမျိုးသမီး‌ခေါင်း‌ဆောင် ‌နော်အယ်မာက ‌ပြောသည်။

“ကျမတို့လုပ်ရတာက နိုင်ငံအသီးသီး‌ရောက်ရှိ‌နေကြတဲ့ ကရင်အမျိုးသမီး‌တွေမှာ စွမ်း‌ဆောင်ရှင်‌တွေ ‌ပေါ်ထွက်လာ‌အောင်လို့ အမျိုးသမီး‌တွေကို အား‌ပေးချင်တာရယ်၊ ‌နောက်ပြီး စုစည်းမှု ဖြစ်‌စေချင်တာ‌ပေါ့။ နိုင်ငံတကာအမျိုးသမီးများ‌နေ့ဆိုတာရှိ‌တော့ အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများ‌နေ့ဆိုတာလည်း လိုအပ်တယ်ထင်လို့ ကျမတို့အ‌နေနဲ့ ပထမဆုံးပဲ လုပ်လိုက်ရခြင်းဖြစ် ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ကျင်းပရာတွင် တက်‌ရောက်လာ‌သော MKO ‌ခေါင်း‌ဆောင်များနှင့် အမျိုးသမီးအဖွဲ့‌ခေါင်း‌ဆောင်များက အား‌ပေးစကား‌ပြော ခြင်း၊ ကရင်အမျိုးသမီးစွမ်း‌ဆောင်ရှင်များအ‌ကြောင်းကို Slide Show ဖြင့် ပြသခြင်း၊ ဒုံးအကများဖြင့် ‌ဖျော်‌ဖြေခြင်း၊ ‌မော်ဒယ်လ်ရှိုး ‌လျှောက်ခြင်း၊ Live Show သီချင်း‌ဖျော်‌ဖြေ‌ရေး အစီအစဉ်များဖြင့် ကျင်းပခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးများ‌နေ့ကို မည်သည့်ကရင်အမျိုးသမီးအဖွဲ့အစည်းမှ သတ်မှတ်ကျင်းပခဲ့ခြင်း မရှိ‌သေးဘဲ ဧပြီလ (၅) ရက်‌နေ့တွင် ကျ‌ရောက်မည်ဖြစ်‌သော ကရင်အမျိုးသမီးအစည်းအရုံး(KWO)‌နေ့ကိုသာ ကျင်းပခဲ့ကြသည်ဟု MKO အဖွဲ့ဝင် အမျိုးသမီးများက ဆိုသည်။

KWO ဥက္ကဌ နန်းဒါးအယ်ကလယ်က “သူတို့(MKO အဖွဲ့ဝင်အမျိုးသမီး‌တွေ)အ‌နေနဲ့ အခုလို လုပ်နိုင်တာကို ဝမ်းသာပါတယ်။ ဒါ‌ပေမယ့် ဒါဟာ အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီးအားလုံးကို ကိုယ်စားမပြုဘူးလို့ ကျမက‌တော့ မြင်တယ်။ အားလုံးကို ကိုယ်စားပြုတယ်ဆိုရင် ကျမတို့ KWO အ‌နေနဲ့ ပါဝင်နိုင်ခွင့်ရှိရမှာဖြစ်သလို အပြည်ပြည်ဆိုင်ရာ ကရင်အမျိုးသမီး‌တွေရဲ့ ပူး‌ပေါင်း ပါဝင်မှုကလည်း လိုအပ်မယ်လို့ သုံးသပ်ပါတယ်”ဟု ‌ပြောသည်။

လက်ရှိမ‌လေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အ‌ခြေစိုက် MKO ကို ၂၀၀၅ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက် (ကရင့်‌တော်လှန်‌ရေး)‌နေ့တွင် ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး မ‌လေးရှားနိုင်ငံ‌ရောက်ရှိ‌နေကြသည့် ကရင်ဒုက္ခသည်အ‌ရေး၊ အမျိုးသမီးများအ‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး လုပ်ငန်းများကို အဓိကထား၍ လုပ်‌ဆောင်‌နေသည့် အဖွဲ့အစည်းဖြစ်သည်။

MKO အဖွဲ့ဝင်အမျိုးသမီးများအ‌နေဖြင့် အသက်‌မွေးဝမ်း‌ကျောင်းဆိုင်ရာ သင်တန်းများ‌ပေးခြင်း၊ အဂင်္လိပ်စကား‌ပြောသင်တန်း များအပြင် မ‌လေးရှားနိုင်ငံရှိ ကျန်းမာ‌ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Health Equity Initiatives အဖွဲ့နှင့်ပူး‌ပေါင်းကာ ကျန်းမာ ‌ရေး ပညာ‌ပေးမှုများ လုပ်‌ဆောင်လျှက်ရှိသည်။