Home သတင်း ကရင်ပြည်နယ်တွင် ခရမ်းလွန်‌ရောင်ခြည်အညွန်းကိန်း လွန်ကဲအဆင့် ကျ‌ရောက်‌နေ

ကရင်ပြည်နယ်တွင် ခရမ်းလွန်‌ရောင်ခြည်အညွန်းကိန်း လွန်ကဲအဆင့် ကျ‌ရောက်‌နေ

1218

မတ် ၁၈ ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း ယခုမတ်လတွင် ခရမ်းလွန်‌ရောင်ခြည်အညွန်းကိန်း လွန်ကဲအဆင့် ကျ‌ရောက်လျှက် ရှိ‌နေသည်ဟု Myanmar Climate Change Watch (MCCW) မိုး‌လေဝသပညာရှင် ‌ဒေါက်တာထွန်းလွင်က မတ် ၁၇ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“ကရင်ပြည်နယ်အပါအဝင် ‌ဒေသအများစုမှာဖြစ်‌နေတယ်။ ခရမ်းလွန်‌ရောင်ခြည် သုံးမျိုးကျလာတာ ကမာ္ဘကို ကာကွယ်‌ပေး‌နေတဲ့အိုဇုန်းလွှာက ‌ပေါက်တဲ့‌နေရာက‌ပေါက်တယ်။ ပါးတဲ့‌နေရာကပါးတယ်။ ခရမ်းလွန် ‌ရောင်ခြည်‌ရော ‌နေ‌ရောင်ခြည်ပါ ‌လေထုကိုဖြတ်ရတာ ‌လေထု အပါးအလွှာကို‌ရောက်‌တော့ ခရမ်းလွန်‌ရောင်ခြည် ကပိုပြီးမြင့်တက်လာတယ်။ နိုင်ငံရဲ့လက်ရှိ ပထဝီဝင်အ‌နေထားနဲ့ ‌ပေါင်းလိုက်တဲ့အခါမှာ ဒီအချိန်မှာ ခရမ်းလွန်‌ရောင်ခြည်လွန်ကဲအဆင့် ကျ‌ရောက်လာတာဖြစ်တယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ်တွင် မတ် ၃ရက်‌နေ့က ခရမ်းလွန်‌ရောင်ခြည်အညွန်းကိန်း ၁၁ ဒသမ ၇ရှိသလို မတ် ၁၈ ရက်‌နေ့ တွင် ၁၂ ဒသမ ၄ ထိထပ်မံမြင့်တက်လာပြီး ယခုလအတွင်း အညွန်းကိန်း လွန်ကဲအဆင့်တွင် ရှိ‌နေ မည်ဖြစ်သည်ဟု MCCWက ခန့် မှန်းထားသည်။

ခရမ်းလွန်‌ရောင်ခြည်အညွှန်းကိန်း ၈နှင့် အထက်‌ကျော်လွန်လာပါက ကျန်းမာ‌ရေးအတွက် အန္တရာယ်ရှိ လာနိုင်၍ ပြည်သူလူထုသို့ သတိ‌ပေးချက်များ ထုတ်ပြန်‌ပေးရမည်ဖြစ်ပြီး အညွှန်းကိန်း ၈-၁ဝ အထိ အဆင့်ကို အလွန်မြင့်မားသည့်အဆင့် (Very High) ဟု သတ်မှတ်ကာ ၁၁ အထက်‌ကျော်လွန်လာပါက လွန်ကဲအဆင့် (Extreme) ဟု သတ်မှတ်‌ကြောင်း MCCW က ထုတ်ပြန်ထားသည်။

ထို့‌ကြောင့် နံနက် ၁၁ နာရီမှ မွန်းလွဲ ၃နာရီအချိန်အတွင်း ‌နေပူထဲသို ့သွားလာခြင်းကို အတက်နိုင်ဆုံး‌ရှောင်ရန်၊ သွားလာမည်ဆိုပါကလည်း ‌နေ‌ရောင်ခြည်ကို ‌ကောင်းစွာကာကွယ်‌ပေးနိုင်မည့် လုံခြုံသည့် ခ‌မောက်ကဲ့သို ့ဦးထုပ်မျိုး ကို‌ဆောင်းရန်၊ ‌ခြေလက်များလုံခြုံမှုရှိသည့် အဝတ်အစားများကို ဝတ်ဆင်သွားလာရန်၊ ‌နေ‌ရောင်ခြည် ကာကွယ်သည့် မျက်မှန်များကို အသုံးပြုရန် MCCW ကတိုက်တွန်းထားသည်။

ခရမ်းလွန်‌ရောင်ခြည်‌ကြောင့် အသား‌နေ‌လောင်ခြင်း၊ အ‌ရေပြားကင်ဆာဖြစ်ခြင်း၊ မျက်စိအမြင်အာရုံထိခိုက်ခြင်းနှင့် DNA များထိခိုက်မှု‌ကြောင့် သားသမီးမရနိုင်ခြင်းတို့ ဖြစ်ပွားနိုင်သည့်အတွက် အထူးဂရုပြုရန်လိုသည်ဟု ‌ဒေါက်တာထွန်းလွင်က ဆက်‌ပြောသည်။

ဖားအံမြို့နယ်၊ ‌တောင်က‌လေး ‌ကျေးရွာ၌ ‌နေထိုင်သည့် နန်းမ‌ချောက “‌နေအရမ်းပူလို့ ကျမက‌လေး‌တွေကို အပြင်မှာ‌တောင်ထွက် ကစားမခိုင်ရဲဘူး။ အိမ်ထဲမှာ‌နေတာ‌တောင် က‌လေး‌တွေ အပူရှိန် ‌ကြောင့်ထင်တယ်၊ အခု တ‌လော နှာ‌ခေါင်း‌သွေးယိုတာခဏခဏ ဖြစ်‌နေတယ်။ ဒီ‌တော့ အရမ်းစိုးရိမ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မတ်လလယ်ပိုင်းတွင် ကချင်ပြည်နယ်၌ ခရမ်းလွန်‌ရောင်ခြည်အညွန်းကိန်း အလွန်မြင့်မားသည့်အဆင့် ရှိ‌နေကာ ကျန်ပြည်နယ်နှင့် တိုင်းများတွင်လည်း ခရမ်းလွန်‌ရောင်ခြည် လွန်ကဲအဆင့်သို့ ကျ‌ရောက်‌နေသည်ဟု MCCW သတင်း ထုတ်ပြန်ချက်များအရ သိရသည်။