Home သတင်း နှစ်ဖက်တပ် ‌နေရာချထား‌ရေးအတွက် ‌ကေအဲန်ယူ နှင့် မြန်မာအစိုးရတပ် အကြိုညှိနှိုင်းပွဲ ပြုလုပ်မည်

နှစ်ဖက်တပ် ‌နေရာချထား‌ရေးအတွက် ‌ကေအဲန်ယူ နှင့် မြန်မာအစိုးရတပ် အကြိုညှိနှိုင်းပွဲ ပြုလုပ်မည်

2000
ပဒို ‌စော‌ရောဂျာခင်

‌ဖေ‌ဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ တပ်‌နေရာပြန်လည်ချထား‌ရေး ကိစ္စများနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်း အရုံး(‌ကေအဲန်ယူ)၏ လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)နှင့် မြန်မာအစိုးရ တပ်ဖက်ဆိုင်ရာ တာဝန်ရှိသူတို့က ‌ဖေ‌ဖော်ဝါရီ ၂၅ ရက်‌နေ့တွင် အကြိုညှိနှိုင်းပွဲတစ်ရပ် ပြုလုပ်မည်ဟု သိရသည်။

‌တွေ့ဆုံပွဲကို မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့ရှိ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်မည်ဖြစ်ပြီး ‌ဆွေး‌နွေးသွားမည့်ကိစ္စမှုနှင့်ပတ်သက်၍ ‌ကေအဲန်ယူ၏ ကာကွယ်‌ရေးဌာန တာဝန်ခံ ပဒို‌စော‌ရောဂျာခင်က “အခုသွား‌တွေ့မှာက တပ်‌နေရာပြန် လည်ချထား‌ရေးမှာ ‌နောက်လာမယ့် ‌ဆွေး‌နွေးမှု‌တွေအတွက် အကြိုသွား‌ရောက် ညှိနှိုင်းခြင်းပဲ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ‌တွေ့ဆုံရာတွင် ‌ကေအဲန်အယ်လ်‌အေ ဘက်မှ စစ်‌ထောက်ချုပ် ဗိုလ်ချုပ် ‌စောအိုင်းဇက် ဦး‌ဆောင်မည် ဖြစ်ပြီး တွဲဖက်စစ်‌ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထု‌ဝေါ်၊ ဗိုလ်မှူးကြီး ‌စောထူးထူး‌လေးတို့ အပါအဝင် ‌ကေအဲန်ယူ တပ်မဟာ (၇)ခုမှ တပ်ပိုင်းဆိုင်ရာ တပ်မဟာမှူး တစ်ဦးစီနှင့် ‌လေ့လာသူများ စုစု‌ပေါင်း (၁၀)ဦး‌ကျော် တက်‌ရောက်မည်ဟု သိရသည်။

အစိုးရတပ်ဖက်မှ ဒုတိယဗိုလ်ချုပ်ကြီး ခင်‌ဇော်ဦး၊ ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒု-ဗိုလ်ချုပ်ကြီး မြင့်‌အောင် အပါအဝင် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်မှ တပ်ဖက်ဆိုင်ရာ အရာရှိများပါဝင်မည်ဖြစ်‌သော်လည်း တက်‌ရောက်မည့် ကိုယ်စားလှယ်ဦး‌ရေ အတိအကျ မသိရှိရ‌သေး‌ကြောင်း ပဒို‌စော‌ရောဂျာခင်က ‌ပြောသည်။

တစ်ရက်တည်းသာ သတ်မှတ်ထားသည့် ယင်းအကြိုညှိနှိုင်း‌တွေ့ဆုံပွဲကို နှစ်ဖက်‌ခေါင်း‌ဆောင်များ တပ်‌နေရာ ပြန်လည်ချထား‌ရေးကိစ္စနှင့်ပတ်သက်၍ လာမည့် မတ်လတွင် အ‌သေးစိတ်ထပ်မံ ‌ဆွေး‌နွေးနိုင်ရန် ‌နေ့ရက် သတ်မှတ်ကြမည်ဖြစ်သည်ဟု ‌ကေအဲန်ယူက ဆိုသည်။

‌ကေအဲန်ယူ တပ်မဟာ(၂)၊ ခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက “ဖြစ်သင့်တာက‌တော့ Code of conduct ကိစ္စကို ‌ဆောင်ရွက်အတည်ပြုဖို့ ၂၀၁၂ စက်တင်ဘာက ဖားအံမှာ ‌ကေအဲန်ယူက တင်ထားတာကို ဦး‌အောင်မင်းက မူအားဖြင့် လက်ခံထားတယ်။ ဒါကို ခိုင်ခိုင်မာမာဖြစ်‌အောင် ‌ဆွေး‌နွေးသင့်တယ်။ ‌နောက် NCA (တစ်ပြည်လုံး အပစ်ရပ်‌ရေး သ‌ဘောတူစာချုပ်)‌ဆွေး‌နွေးရာမှာ NCCT (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့)တင်ထားတဲ့ ကြားကာလကို ဆက်ဆုပ်ကိုင်ပြီး ညှိနှိုင်း‌ဆွေး‌နွေးသင့်တယ်” ဟု ‌ပြောသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီ ၅ ရက်‌နေ့က တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်သည် KNU ‌ခေါင်း‌ဆောင်တို့နှင့် ‌နေပြည်‌တော်တွင် ‌တွေ့ဆုံစဉ် ကရင်ပြည်နယ်အတွင်း တပ်‌နေရာချထား‌ရေး အ‌ကောင် အထည်‌ဖော်‌ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာလက်‌အောက်ခံတပ်များထံသို့ ညွှန်ကြားသွားမည်ဟု ‌ပြောကြားပြီး‌နောက် ယခုလို နှစ်ဖက်ထပ်မံ‌တွေ့ဆုံမှု ပြန်လည်လုပ်‌ဆောင်လာခြင်းဖြစ်သည်။