Home ထိပ်တန်းသတင်း ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုအတွင်း လူထုအသံ ပါဝင်လာ‌အောင် ‌ကေပီအက်စ်အဲန် လုပ်‌ဆောင်သွားမည်

ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုအတွင်း လူထုအသံ ပါဝင်လာ‌အောင် ‌ကေပီအက်စ်အဲန် လုပ်‌ဆောင်သွားမည်

1919

‌ဖေ‌ဖော်ဝါရီ ၂၅ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)နှင့် မြန်မာအစိုးရတို့ကြား လုပ်‌ဆောင်‌နေ‌သော ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်အတွင်း ပြည်သူ့အသံပါဝင်လာ‌အောင် လုပ်‌ဆောင်သွားမည်ဟု ကရင်လူမှုအဖွဲ့(၂၀) ‌ကျော်ဖြင့် ဖွဲ့စည်းထား‌သော ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက်(‌ကေပီအက်စ်အဲန်)က ယမန်‌နေ့က ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာ၌ ပြုလုပ်သည့် ၎င်းတို့၏ ပုံမှန်အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့သည်။

‌ကေပီအက်စ်အဲန် တာဝန်ရှိသူတစ်ဦးဖြစ်သူ ‌နော်စူစဲန်နာလှလှစိုးက “လာမယ့် ‌မေလကျရင် ဖားအံမှာ Karen Peace Forum (ကရင့်ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌ဆွေး‌နွေးပွဲ)တစ်ခု ‌ကေပီအက်စ်အဲန်က လုပ်မယ်။ ကရင်လူထု အ‌ခြေပြုအဖွဲ့‌တွေ အားလုံးကို ဖိတ်‌ခေါ်မယ်။ အဲဒီမှာ Voices from the Karen Community တစ်ခုကို ‌ဆွေး‌နွေး‌ရေးချသွားပြီး‌တော့ ‌ကေအဲန်ယူထံ ပို့မယ်။ အခုက ‌ကေအဲန်ယူနဲ့ လူထုအ‌ခြေပြုအဖွဲ့‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်မှု အားနည်း‌နေ‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းတွင် ‌ဒေသခံလူထုများ၏ ပူး‌ပေါင်းပါဝင်မှုအခန်းကဏ္ဍနှင့် လူထု၏ လိုအပ်ချက်၊ စိုးရိမ်မှုအသံများကို နား‌ထောင်မှသာလျှင် စစ်မှန်သည့် ငြိမ်းချမ်း‌ရေးကို ရရှိမည်ဖြစ်‌သော‌ကြောင့် ‌ကေအဲန်ယူကို ကူညီသွားရန်နှင့် လူထုနှင့် ပူး‌ပေါင်းလုပ်‌ဆောင်သွားရန် ‌ကေပီအက်စ်အဲန်အ‌နေဖြင့် ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ‌နော်စူစဲန်နာလှလှစိုးက ဆက်‌ပြောသည်။

နံနက် ၉ နာရီမှ ည‌နေ ၅နာရီအထိ ပြုလုပ်သည့် ၎င်းအစည်းအ‌ဝေးတွင် ‌ကေပီအက်စ်အဲန်၏ လုပ်‌ဆောင်ချက် များကို ပြန်လည်သုံးသပ်ခြင်း၊ ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုး‌ရေးလုပ်ငန်းများပြားလာမှု အ‌ခြေအ‌နေ၊ ‌ကေပီအက်စ်အဲန်မှ အဖွဲ့ဝင်သစ်များ လက်ခံမည့်ကိစ္စ၊ လုပ်‌ဆောင်သွားမည့် ‌ရှေ့လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့ကြသည်။

(‌ကေပီအက်စ်အဲန်)အဖွဲ့ဝင် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ရက်အဖွဲ့(‌ကေအီးအက်စ်‌အေအဲန်)၏ တာဝန်ခံ ‌စော‌ပေါလ်စိန်ထွားကလည်း “ကျ‌နော်တို့ လွတ်လပ်တဲ့လူမှုအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့ လုပ်‌ဆောင်ချက်ကလည်း ‌ဒေသခံပြည်သူ‌တွေရဲ့ လိုလားချက် လုပ်‌ဆောင်‌ပေးဖို့ပဲ‌လေ။ အဲဒီလိုလားချက်ကို ပြည့်ဝဖို့၊ စိုးရိမ်မှု မကြီးထွားဖို့၊ အခက်အခဲ‌တွေကို ‌ဖြေရှင်း‌ပေးနိုင်ဖို့ကို ‌ကေအီးအက်စ်‌အေအဲန်၊ ‌ကေဝိုင်အို (ကရင်လူငယ်အစည်းအရုံး)၊ ‌ကေဒဘလျူအို(ကရင်အမျိုးသမီးအစည်းအရုံး)တို့လို လူထုအ‌ခြေပြုအဖွဲ့‌တွေ အ‌နေနဲ့ အများကြီးလုပ်‌ဆောင်‌ပေးနိုင်ပါတယ်”ဟု ‌ပြောသည်။

‌ကေပီအက်စ်အဲန်သည် ‌ကေအဲန်ယူ လုပ်‌ဆောင်‌နေ‌သော ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းကို အ‌ထောက်အကူပြုရန်နှင့် ပြည်သူ့ အသံများ ပါဝင်လာရန် ရည်ရွယ်၍ ပြည်တွင်းအ‌ခြေစိုက် ကရင်လူမှုအဖွဲ့နှင့် နယ်စပ်‌ဒေသအ‌ခြေစိုက် ကရင်လှုမှုအဖွဲ့‌ပေါင်း(၂၇)ဖွဲ့က ၂၀၁၂ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အစည်းအ‌ဝေးပြုလုပ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖွဲ့စည်းခဲ့ပြီး (၃)နှစ်တာကာလအတွင်း ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြည်သူများကို အသိ‌ပေး နှိုး‌ဆော်ခြင်း၊ ‌ဒေသခံပြည်သူများကို ထိခိုက်နိုင်သည့် ဖွံ့ဖြိုး‌ရေးစီမံကိန်းများကို ‌စောင့်ကြည့်‌လေ့လာသလို ၎င်းတို့၏ အစည်းအ‌ဝေးကို အနည်းဆုံး ၃လတကြိမ်ဖြင့် ပုံမှန်လုပ်‌ဆောင်လျှက်ရှိသည်။