Home သတင်း တတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆက်ဆံ‌ရေးရုံးများ အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

တတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆက်ဆံ‌ရေးရုံးများ အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

1457

‌ဖေ‌ဖော်ဝါရီ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲထား‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ဆံ‌ရေး ရုံးတာဝန်ခံများနှင့် ရုံးဝန်ထမ်းများ၏ တတိယအကြိမ်‌မြောက် အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ‌ဖေ‌ဖော်ဝါရီ ၂၇ရက်မှ ၂၈ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဟိုတယ်သံလွင်ပါရာဒိုက်စ်တွင် ပြုလုပ်ကျင်းပလျှက်ရှိသည်။

‌ဆွေး‌နွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆက်ဆံ‌ရေးရုံးများကို ကူညီ‌ပေး‌နေသည့် Euro Burma Office (EBO)မှ ဦး‌ဆောင်ကျင်းပပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် ဆက်ဆံရုံးများ အတူ တကွ ပူး‌ပေါင်း‌ဆောင်ရွက်‌ဆွေး‌နွေးရန်နှင့် အချင်းချင်းအကြား အခက်အခဲအ‌ခြေအ‌နေများကို အပြန်အလှန် နားလည်ကြရန် ‌ဆွေး‌နွေးပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု EBO Operation Director ဖြစ်သူ Victor Biak Lain က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီ‌နေ့မှာ‌တော့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ပတ်သက်တဲ့ အခက်အခဲ‌တွေ စိန်‌ခေါ်မှု‌တွေ၊ ဆက်လုပ်ရမယ့် လုပ်ငန်း‌တွေ၊ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲဆိုင်ရာ မူ‌ဘောင်၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးမှု ‌နောက်ဆုံးအ‌ခြေအ‌နေနဲ့ နှစ်ဖက်စစ်တပ်အ‌နေနဲ့ လိုက်နာရမယ့် Code of conduct ‌တွေ ဘယ်နား‌ရောက်‌နေပြီးလဲ၊ ဘယ်လိုလုပ်သွားသင့်လဲဆိုတာ ‌ဆွေး‌နွေးသွားမယ်”ဟု ‌ပြောဆိုသည်။

‌ဆွေး‌နွေးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရခိုင်တပ်မ‌တော်(AA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်း(သျှမ်း)ပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ(RCSS)၊ ပအိုဝ်းလွတ်‌မြောက်‌ရေးအဖွဲ့(PNLO)၊ မွန်ပြည် သစ်ပါတီ(NMSP) အပါအဝင် အဖွဲ့ ၉ဖွဲ့၏ ဆက်ဆံ‌ရေးရုံး ၂၉ရုံးမှ ကိုယ်စားလှယ်များနှင့် ကရင်ပြည်နယ် အစိုးရဝန်ကြီးများ စုစု‌ပေါင်းလူဦး‌ရေ ၁၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

‌ကေအဲန်ယူဗဟို ဖားအံဆက်ဆံ‌ရေးရုံးမှ တာဝန်ခံ ဗိုလ်မှူး‌စောရှီးရှိုက “ဆက်ဆံ‌ရေးရုံး‌တွေအ‌နေနဲ့ တစ်နှစ် တစ်ခါ လုပ်ငန်း‌တွေ ပြန်ဆန်းစစ်တာပါ။ အခုလိုမျိုး ‌ဆွေး‌နွေးပွဲ လုပ်တာက‌တော့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ‌ဒေါက်တိုင်တစ်ခုအ‌နေနဲ့ ပံ့ပိုးနိုင်မယ်လို့ ယုံကြည်တယ်”ဟု ‌ပြောဆိုသည်။

နိုင်ငံ‌ရေးလမ်း‌ကြောင်း၌လည်း ရှည်လျားပြီး ပဋိပက္ခဖြစ်ထားတဲ့အ‌ပေါ် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်သည့်ကိစ္စ သည် စိတ်ရှည်ရှည်ထားပြီး တဖြည်းဖြည်း မြှင့်တင်လုပ်‌ဆောင်သွားရမည့်ကိစ္စဖြစ်သည်ဟု ဗိုလ်မှူး‌စောရှီးရှို က ‌ပြောဆိုသည်။

၂၀၁၂ခုနှစ်မှစ၍ အစိုးရနှင့် သ‌ဘောတူညီထားပြီး ဖွင့်လှစ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ဆက်ဆံ ‌ရေးရုံးများကို အဓိက ရုံးလုပ်ငန်းများ လည်ပတ်နိုင်ရန်နှင့် ငြိမ်းချမ်း‌ရေးစာချုပ် ချုပ်ဆိုမှုများ အ‌ကောင်အ ထည်‌ဖော်‌အောင်နိုင်ရန် လိုအပ်ချက်များကို EBO ၏ ‌ထောက်ပံ့မှုဖြင့် ပထမအကြိမ်အဖြစ် ရန်ကုန်နှင့် ဒုတိ ယအကြိမ်အဖြစ် ‌တောင်ကြီးတွင် အလားတူ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်ခဲ့ပြီးဖြစ်သည်။