Home သတင်း ‌ကေအဲန်ယူ(ဗဟို) နယ်‌မြေမှ ‌ကျေးရွာ ၅၇ရွာကို နီပွန်‌ဖောင်း‌ဒေးရှင်းမှ ဆန်၊ ဆိုလာ၊ ‌ဆေးခြင်‌ထောင်လှူ ဒါန်း

‌ကေအဲန်ယူ(ဗဟို) နယ်‌မြေမှ ‌ကျေးရွာ ၅၇ရွာကို နီပွန်‌ဖောင်း‌ဒေးရှင်းမှ ဆန်၊ ဆိုလာ၊ ‌ဆေးခြင်‌ထောင်လှူ ဒါန်း

1989

ဇန်နဝါရီ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နယ်‌မြေရှိ ‌ကျေးရွာ‌ပေါင်း ၅၇ရွာကို လူသားချင်းစာနာ ‌ထောက် ထားမှု အကူအညီ‌ပေးသည့်အ‌နေဖြင့် နီပွန်‌ဖောင်‌ဒေးရှင်း (The Nippon Foundation)မှ ဆန်အပါအဝင် ဆိုလာပြား၊ ‌ဆေးခြင်‌ထောင်များကို ဇန်နဝါရီ ၁၉ရက်‌နေ့က ကရင်ပြည်နယ်၊ အစိုးရအဖွဲ့ရုံး‌ရှေ့တွင် ‌ပေးအပ်လှူဒါန်းခဲ့ သည်ဟု ‌ကေအဲန်ယူဗဟို ဆက်ဆံ‌ရေးရုံးက ‌ပြောသည်။

ထိုသို့‌ပေးအပ်ရာတွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရှမ်းရွာသစ်၊ ‌မော်ဖာ့ခို၊ က‌လေဖိုးကလိုး၊ မယ်လအာထ၊ ‌သေ‌မော်ကူး‌ကျေးရွာအုပ်စု ၅အုပ်စုတွင် ပါဝင်သည့် ထို‌ကျေးရွာများမှ အိမ်‌ထောင်စု‌ပေါင်း ၃,၆၃၃ စု နှင့် လူဦး‌ရေ ၂၀,၀၅၉ ဦးတို့အတွက် ဆန်အိတ် ၁၉,၉၄၂အိတ်၊ ‌နေ‌ရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားနှင့် မီးအိမ် ၂,၄၅၈ စုံနှင့် ‌ဆေးစိမ်ခြင်‌ထောင် ၂,၄၅၈လုံးကို ကူညီ‌ထောက်ပံ့လှူဒါန်းခဲ့‌ကြောင်း သိရသည်။

‌ကေအဲန်ယူဗဟိုဆက်ဆံ‌ရေး ဒုတာဝန်ခံ မန်းသိန်းက “နီပွန်‌ဖောင်‌ဒေးရှင်းက ကူညီ‌ထောက်ပံ့တာက ဂျပန် ဟာ တချိန်က မြန်မာနိုင်ငံကို ဒုတိယကမာ္ဘစစ်ကာလမှာ အချိန်ပိုင်း‌လေး လာအုပ်စိုးသွားတဲ့အခါ လူ‌တွေ ဒုက္ခ‌ရောက်ခဲ့တယ်။ အဲလိုဖြစ်သွားတဲ့အ‌ပေါ် ‌ထောက်ပံ့ကူညီပြီး ‌ကျေးဇူးတုံ့ပြန်တယ်လို့ နားလည်တယ်။ တပိုင်းမှာ ကျ‌နော်တို့ဆီမှာ ‌မြေ‌ပေါ်‌မြေ‌အောက် သယံဇာတ သ‌ဘောက အကျိုးတူပူး‌ပေါင်း လုပ်‌ဆောင်ရင်း နဲ့ တခြားနိုင်ငံ‌တွေ ဝင်လာပြီး‌တော့ စီးပွား‌ရေးလုပ်ခွင့်ရရင် သူတို့လည်း လုပ်‌ဆောင်လို့ရ‌အောင် ရည်ရွယ် ‌မျှော်မှန်းတာလည်း ပါ‌ကောင်းပါနိုင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယင်းအခမ်းအနားသို့ ‌ကေအဲန်ယူ ဗဟို ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စောရှီးရှို၊ ဒု-တာဝန်ခံ မန်းသိန်း၊ ‌ကေအဲန်ယူ ဖားအံခရိုင် တာဝန်ရှိသူများ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦး‌ဇော်မင်း၊ ပြည်နယ်လွှတ်‌တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို ့မိ၊မြို့ဖများနှင့် နီပွန်‌ဖောင်‌ဒေးရှင်းမှ တာဝန်ရှိသူများ စုစု‌ပေါင်း ၃ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်မှ ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောအယ်ထီး‌ကော်က “နီပွန်‌ဖောင်‌ဒေးရှင်းက အခုလိုလာ‌ပေးတာ ‌ကောင်းတာ‌ပေါ့။ ဒါ‌ပေမယ့် တကယ့်တကယ်‌တော့ ဒါက အစိုးရလုပ်ရမှာ ဖြစ်တယ်။ အစိုးရမှာ တာဝန် ရှိတယ်။ အစိုးရ မလုပ်‌ပေးနိုင်‌တော့ နိုင်ငံခြားက အကူအညီကို ယူရတယ်။ အကူအညီလာ‌ပေးတဲ့ လူ‌တွေ အားလုံးကို‌တော့ ‌ကျေးဇူးတင်တယ်လို့ ‌ပြောချင်တယ်။ မိသားစုတစ်စုကို‌တော့ သူတို့အ‌ခြေအ‌နေကြည့်ပြီး ဆန်အိတ် ၃အိတ်‌ပေးတယ်။ ‌နောက်‌တော့ ဆိုလာမီးအိမ်နဲ့ ခြင်‌တောင်‌တွေ‌ပေးတယ် “ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

နီပွန်‌ဖောင်‌ဒေးရှင်းသည် ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေတွင် ရှိသည့် ‌ဒေသခံ‌ကျေးရွာလူထုများကို ဆန်နှင့် အခြားပစ္စည်းများ လှူဒါန်းသည်မှာ နှစ်ကြိမ်‌မြောက်ရှိပြီး ပြီးခဲ့သည့် ၂၁၁၄ခုနှစ်တွင် ‌ကေအဲန်ယူ ထိန်းချုပ် နယ်‌မြေ တပ်မဟာများကို ဆန်အိတ်နှင့် အခြားပစ္စည်းများလှူဒါန်းခဲ့‌သေးသည်။