Home သတင်း ပန်းတ‌နော်မြို့နယ် ရုံး‌ချောင်းရွာတွင် ကိုယ်ထူကိုယ်ထ စာကြည့်တိုက် ဖွင့်လှစ်

ပန်းတ‌နော်မြို့နယ် ရုံး‌ချောင်းရွာတွင် ကိုယ်ထူကိုယ်ထ စာကြည့်တိုက် ဖွင့်လှစ်

1911

ဇန်နဝါရီ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ နန့်ကလိန်‌စေးအိုင်

‌ဒေသခံ လူထုများ ပညာဗဟုသုတ တိုးပွားလာ‌စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော် မြို့နယ်၊ မရမ်း‌ကျေးရွာအုပ်စု ရုံး‌ချောင်း‌ကျေးရွာ၌ “မြဟိတ”အမည်ရှိ ကိုယ်ထူကိုယ်ထ စာကြည့်တိုက် တစ်လုံးကို ဇန်နဝါရီလ ၁၆ရက်‌နေ့တွင် ဖွင့်လှစ်ခဲ့သည်။

ကရင်တိုင်းရင်းသားများ‌နေထိုင်‌သော ၎င်း‌ဒေသတွင် စာကြည့်တိုက် ဖြစ်‌မြောက်‌ရေးအတွက် ပန်းတ‌နော်မြို့ မြ‌တောင်စာသင်တိုက်မှ ဒုတိယနာယက ဆရာ‌တော် အရှင်ဦးကုမာရနှင့်တကွ ဦး‌ဆောင်ပါဝင်သည့် သံဃာ ‌တော်များနှင့် ‌ကျေးရွာလူငယ်များက မြဟိတ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို နံနက် ၉နာရီအချိန်တွင် ဖွင့်လှစ်‌ပေးခဲ့ခြင်းဖြစ်သည်။

ဖွင့်လှစ်လိုက်သည့် မြဟိတ စာကြည့်တိုက်၏ ဥယျာဉ်မှူး အရှင်‌ခေမိန္ဒက “မြဆိုတာ မြင့်မြတ်‌သော၊ ဟိတ ဆိုတာ အစီးအပွါး တနည်းအားဖြင့် မြင့်မြတ်‌သောအကျိုးစီးပွားဖြစ်‌စေတဲ့ စာကြည့်တိုက်လို့ အဓိပ္ပါယ်ရ တယ်။ အလှူရှင်‌တွေရဲ့ သဒ္ဒါတရား၊ လူငယ်‌တွေရဲ့ ‌သွေး‌ချွေး‌တွေနဲ့ အားထုတ်ကြိုးစားမှု‌တွေ၊ ရွာသူရွာသား ‌တွေရဲ့ လုပ်အား‌ပေးမှု‌ကြောင့် ဒီစာကြည့်တိုက် ဖြစ်လာခဲ့တာပါ”ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

စာကြည့်တိုက်ထဲတွင် ဗဟုသုတ ဖြစ်‌စေသည့် စာအုပ်များဖြစ်‌သော သုတ၊ ရသ၊ ဓမ္မစာ‌ပေများ၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး စသည့် စာအုပ်များ ထားရှိမည်ဖြစ်ပြီး စာကြည့်တိုက် တိုးတက်လာ‌စေရန် စာ‌လေ့လာသူ၊ စာဖတ်သူများပြား လာ‌စေရန် အသင်းဝင်ကဒ်လုပ်‌ပေးခြင်းနှင့် အခြားအစီအစဉ်‌ကောင်းများ စွာ စီစဉ်ထား‌ကြောင်းလည်း အရှင်‌ခေမိန္ဒက ဆက်လက်မိန့်ကြားသည်။

အဆိုပါ စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားတွင် မြ‌တောင်စာသင်တိုက်မှ သံဃာ‌တော်များ၊ အလှူရှင်များ၊ ‌ကျေးရွာ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ‌ကျေးရွာလူငယ်များ၊ ‌ဒေသခံရွာသူရွာသားများ စုစု‌ပေါင်း ၁၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြကာ ရုံး‌ချောင်းလူငယ်များက တက်‌ရောက်လာသူများကို ဘင်ခရာတီးမှုတ်ခြင်းနှင့် ဒုံးယိမ်းကခြင်းတို့ဖြင့် ဧည့်ခံ‌ဖျော်‌ဖြေခဲ့သည်။

အခမ်းအနားတက်‌ရောက်‌သော စာကြည့်တိုက်ဖြစ်‌မြောက်‌ရေးတွင် ပါဝင်ဦး‌ဆောင်သူ လူငယ်တစ်ဦးဖြစ် သည့် စကို‌မွှေးက “အခက်အခဲ‌တွေ ‌ကျော်ဖြတ်ပြီး ဒီ‌နေ့မှာ စာကြည့်တိုက်ဖွင့်ပွဲ လုပ်နိုင်ပြီ ဆို‌တော့‌နော်။ ‌သေးငယ်တဲ့ ရွာ‌လေးတစ်ရွာကို ဒီလိုခမ်းနားမြင့်မြတ်တဲ့ စာကြည့်တိုက်ရှိတယ်ဆိုပြီး ကျ‌နော့်ရွာအတွက် အရမ်းဂုဏ်ယူဝမ်း‌မြောက်မိပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြဟိတ စာကြည့်တိုက်ကို လွန်ခဲ့သည့် ၂၀၁၁ခုနှစ်၊ ‌မေလ ၅ရက်‌နေ့က အစပြုခဲ့ပြီး‌နောက် ရုံး‌ချောင်းရွာရှိ လူငယ်များ၏ ရံပုံ‌ငွေ‌ဈေး‌ရောင်းပွဲမှ ရလာသည့် ‌ငွေများ၊ ကရင်နှစ်သစ်ကူးပွဲ‌တော်များမှ ရရှိသည့် ဆု‌ကြေး ‌ငွေများ၊ လစဉ်‌ကြေးများနှင့် အခြားအ‌ထွေ‌ထွေမှ ရရှိသည့် ‌ငွေများဖြင့် တည်‌ဆောက်ကာ စုစု‌ပေါင်း ကျပ်‌ငွေ ၄၅ သိန်း ကုန်ကျခဲ့သည်ဟု စကို‌မွှေးက ဖြည့်စွက်‌ပြောသည်။

ရုံး‌ချောင်း‌ကျေးရွာမှ မူလတန်း‌ကျောင်းအုပ် ဆရာမန်းစိုးမင်းကလည်း “စာကြည့်တိုက်ဖွင့်လှစ်ပြီး စာဖတ်ရင် ပြည်တွင်း၊ ပြည်ပစာ‌ပေ အနုပညာရှင်‌တွေ၊ အီလက်ထ‌ရောနစ်ပညာ‌တွေနဲ့ ကိုယ့်‌ကျေးရွာ ကိုယ့်‌ဒေသထဲမှာ အကုန်သုံးသပ်လို့ ရတယ်။ ရုံး‌ချောင်း‌ကျေးရွာမှာရှိတဲ့ လူတိုင်းနဲ့ ‌နောက်လာမယ့် အနာဂါတ်မျိုးဆက်သစ် ‌တွေ‌ရော ဖတ်မယ်‌လေ့လာမယ်ဆို သူတို့ဘဝ အလင်း‌ရောင်‌လေး‌တွေ ပွင့်ထွန်းလာမယ်။ ဘယ်‌လောက်ပဲ ဆင်းရဲဆင်းရဲ စာ‌ပေအသိရှိလာပြီဆို ကိုယ့်ဘဝကို ‌ကောင်း‌ကောင်းတည်‌ထောင်နိုင်ပြီ”ဟု ‌ပြောဆိုသည်။

မရမ်း‌ကျေးရွာအုပ်စုတွင် ပိ‌တောက်စု၊ ကျုကရက်၊ ကျုံသာယာ၊ မရမ်း၊ ‌အေးပုံစု၊ ကျုံကမြင်နှင့် အခြားရွာများ စုစု‌ပေါင်း ၁၄ ရွာ တည်ရှိပြီး ယခင်ဖွင့်လှစ်ထားသည့် မရမ်းစာကြည့်တိုက်နှင့် ယခုအသစ်ဖွင့်လှစ်လိုက် သည့် မြဟိတ စာကြည့်တိုက်နှစ်လုံးရှိ‌ကြောင်း သိရသည်။