Home သတင်း ‌ကော့ကရိတ်‌တောင်ပိုင်းရှိ အံဖကြီး‌ချောင်း‌ပေါ် တံတားတည်‌ဆောက်ရန် ‌ကေအဲန်ယူ ခွင့်ပြု

‌ကော့ကရိတ်‌တောင်ပိုင်းရှိ အံဖကြီး‌ချောင်း‌ပေါ် တံတားတည်‌ဆောက်ရန် ‌ကေအဲန်ယူ ခွင့်ပြု

1940

ဒီဇင်ဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

မြန်မာအစိုးရ၏ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန လက်‌အောက်ခံ ပြည်သူ့‌ဆောက်လုပ်‌ရေးလုပ်ငန်းက ကရင်ပြည်နယ်၊ ‌ကော့က ရိတ်မြို့နယ်‌တောင်ပိုင်း၊ ‌ကော့ကရိတ်မြို့နှင့် ကျိုက်ဒုံမြို့နယ်ခွဲကြားရှိ အံဖကြီး‌ချောင်းကို ဖြတ်၍ တံတားတည်‌ဆောက်ရန်ကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ခွင့်ပြုလိုက်ပြီဖြစ်‌ကြောင်း သိရှိရသည်။

‌ကေအဲန်ယူသည် ၂၀၁၂ခုနှစ်မှစ၍ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး‌နောက်ပိုင်း ဒူးပလာယာခရိုင်တွင် ‌ကော့ကရိတ်-ကျိုက်ဒုံကားလမ်းကို ‌ဖောက်လုပ်ရန်နှင့် အ‌သေးစားတံတားများကိုသာ တည်‌ဆောက်ရန် ခွင့်ပြုထားခဲ့‌သော်လည်း အကြီးစား တံတားအဖြစ် အံဖကြီး‌ချောင်း‌ပေါ်တွင် ‌ဆောက်လုပ်ရန် ပြည်သူ့‌ဆောက်လုပ်‌ရေးလုပ်ငန်းကို ယခု ဒီဇင်ဘာလတွင် ခွင့်ပြုလိုက် ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

‌ကေအဲန်ယူ ဒူးပလာယာခရိုင် တွဲဘက်အတွင်း‌ရေးမှူး ပဒို‌စောမိုးအဲ့ဒို့ထူးက “အရင်က‌တော့ အကြီးစားဖွံ့ဖြိုး‌ရေးတံတား တည် ‌ဆောက်ဖို့ ကျ‌နော်တို့ ခွင့်မပြုခဲ့ဘူး။ ဒါ‌ပေမယ့် ‌ဒေသခံ ပြည်သူလူ‌တွေရဲ့ လိုအပ်ချက်အရ ဒီတံတားကို တည်‌ဆောက်ဖို့ ခွင့်ပြုရ ခြင်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ပြည်သူ့‌ဆောက်လုပ်‌ရေးလုပ်ငန်းမှ အံဖကြီး‌ချောင်းအ‌ပေါ် တည်‌ဆောက်သွားမည့် အကြီးစားတံတား၏ ‌ပေအကျယ်၊ အရှည် စသည့် အကွာအ‌ဝေးများကို မသိရ‌သေး‌သော်လည်း ကုန်ကျစရိတ်ကိုမူ ကျပ်သိန်း‌ပေါင်း ငါး‌ထောင်‌ကျော် လျာထားသည်ဟု ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် လမ်းပန်းဆက်သွယ်‌ရေးတာဝန်ခံ ပဒိုမန်းနဲသိုင့်က ‌ပြောသည်။

၎င်းတံတားစီမံကိန်းနှင့် ပတ်သက်၍ ‌ကော့ကရိတ်မြို့နယ်မှ ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောမြ‌အေးက “ကျ‌နော်တို့‌ဒေသခံအ‌နေနဲ့က ‌တော့ ဒီတံတားကို တည်‌ဆောက်လိုက်ခြင်းအားဖြင့် ပညာ‌ရေး၊ ကျန်းမား‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး သွား‌ရေးလာ‌ရေး အဆင်‌ပြေ ‌ပေမယ့် တကယ်လို့ အပစ်အခတ်ရပ်စဲ‌ရေးက ‌နောက်‌ကြောင်းပြန်လှည့်လာမယ်ဆိုရင် လုံခြုံ‌ရေးအတွက် စိုးရိမ်ရတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယခုနှစ်၊ ‌မေလ ၁၆ရက်‌နေ့က ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်း ရွာတန်းရှည်‌ကျေးရွာနှင့် အံဖ‌လေး‌ကျေးရွာအ ကြားရှိ အံဖ‌လေး‌ချောင်းကို ဖြတ်‌ကျော်၍ ရပ်ရွာကိုယ်ထူကိုယ်ထဖြင့် အရှည် ၁၅၀‌ပေ၊ အကျယ် ၅‌ပေရှိ‌သော ‘‌ဒေါန‌မေတ္တာ ‌အေး ချမ်းသာယာ’ တံတားတစ်စင်းကို ‌ဒေသခံ သံဃာ‌တော်များနှင့် လူထုများ စု‌ပေါင်းအင်အားဖြင့် ‌ဆောက်လုပ်ခဲ့သည်။