Home သတင်း ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ဖားအံမြို့နယ်၊ လှာကမြင်‌ကျေးရွာအုပ်စုတွင် လူဦး‌ရေစာရင်းစတင်‌ကောက်ခံ

၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ဖားအံမြို့နယ်၊ လှာကမြင်‌ကျေးရွာအုပ်စုတွင် လူဦး‌ရေစာရင်းစတင်‌ကောက်ခံ

1982

နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်တွင် လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲကျင်းပရန်အတွက် မဲ‌ပေးနိုင်မည့် လူဦး‌ရေစာရင်းများကို ယခုလ နိုဝင်ဘာ ၁၃ရက်‌နေ့မှစ၍ ဖားအံမြို့နယ်၊ လှာကမြင်‌ကျေးရွာအုပ်စုအတွင်းရှိ ‌ကျေးရွာများတွင် သက်ဆိုင်ရာ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ဦး‌ဆောင်ကာ စတင်‌ကောက်ခံ‌နေပြီးဖြစ်သည်ဟု သိရသည်။

လှာကမြင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စော‌ဌေး‌ကျော်မျိုးက “လူဦး‌ရေစာရင်း‌တွေ လိုက်‌ကောက်တဲ့‌နေရာမှာ အဓိက ‌တော့ လာမယ့် ၂၀၁၅ နိုဝင်ဘာလမှာ အသက် ၁၈ နှစ်အရွယ် ပြည့်မပြည့် ကြည့်တယ်။ ‌နောက်တစ်ချက်‌တော့ မှတ်ပုံတင်‌တွေကို ကြည့်တယ်။ လူဦး‌ရေနဲ့ အိမ်‌ထောင်စုစာရင်းလည်း ကြည့်တယ်။ အဲဒါ‌တွေပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လှာကမြင်‌ကျေးရွာအုပ်စုအတွင်းတွင် လှာကမြင်၊ ရသ‌ဝေါ်၊ မဲ‌ဘောင်၊ ‌နောင်ယ‌ဖေး၊ စံပန်နုံ၊ ‌ဈေးမသွယ်၊ သံတုံး၊ ထားဝယ်အံ၊ မိန်းမလျာ၊ လှယဉ်‌ကျေး၊ ပါယို၊ မြိုင်သာယာနှင့် ကွက်သစ် စသည့် ‌ကျေးရွာ‌ပေါင်း ၁၃ရွာရှိပြီး ‌ကျေးရွာအုပ်ချုပ်‌ရေးများက မဲ‌ပေးနိုင်သည့် လူဦး‌ရေစာရင်းများ လိုက်လံ‌ကောက်ခံရာတွင် နိုင်ငံသားစီစစ်‌ရေး ကဒ်နှင့် အိမ်‌ထောင်စုစာရင်းများကို ‌ကောက်ခံ‌နေခြင်းဖြစ်သည်ဟု လှာကမြင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စော‌ဌေး‌ကျော်မျိုးက ဆက်‌ပြောသည်။

ထိုသို့ စတင်‌ကောက်ခံခြင်းသည် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်း၊ ‌ကျေးရွာတိုင်းများတွင် ‌ကောက်ခံသွား မည်ဖြစ်ပြီး ရရှိလာသည့် စာရင်းနှင့်အချက်အလတ်များကို ဖားအံမြို့ရှိ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူးရုံးသို့ ပြန်လည် ‌ပေးပို့ရမည်ဟု ‌စော‌ဌေး‌ကျော်မျိုးက ဆက်‌ပြောသည်။

လူဦး‌ရေစာရင်း‌ကောက်ခံမှုနှင့် ပတ်သက်၍ ‌ကောက်ခံရာ၌ ရက်သတ္တပတ် တစ်ပတ်ဝန်ကျင်း ကြာမြင့်မည်ဖြစ်ပြီး လက်ရှိ ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လှာကမြင်တွင် စတင်‌ကောက်ခံလာသည်နှင့်အမျှ ‌ရှေ့ဆက်၍ လှိုင်းဘွဲ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နှင့် သံ‌တောင် စသည့် မြို့နယ်များတွင် သက်ဆိုင်ရာ အုပ်ချုပ်‌ရေးမှူး များမှတဆင့် လူဦး‌ရေစာရင်း ‌ကောက်ခံသွားရန် စီစဉ်လုပ်‌ဆောင်လျှက်ရှိသည်ဟု သိရသည်။

လှာကမြင်‌ကျေးရွာအုပ်စုအတွင်း လူဦး‌ရေစာရင်း ‌ကောက်ခံရာတွင် အိမ်‌ထောင်စုစာရင်း၊ အမည်၊ ‌မွေးသက္ကရာဇ်၊ မိဘအမည်၊ ကျား-မ၊ ‌တော်စပ်ပုံ၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်‌ရေး ကဒ်ပြားအမှတ်၊ လူမျိုး၊ နိုင်ငံသား၊ ဘာသာ စသည်တို့ကို သတ်မှတ်ထားသည့် ပုံစံစာရွက်ထဲတွင် ဖြည့်စွက်ရသည်ဟု လှာကမြင် ‌ကျေးရွာအုပ်စုရှိ ‌ဒေသခံတစ်ဦးဖြစ်သူ နန်းသန်းသန်းစိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

နန်းသန်းသန်းစိုးက “သူတို့‌ပြောတာက‌တော့ လာမယ့် ၂၀၁၅ မှာ မဲ‌ပေးဖို့အတွက် ‌ကောက်ခံတာပါလို့‌တော့ ‌ပြောပါတယ်။ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအဖွဲ့တို့‌နေအိမ်မှာ ရွာသား‌တွေက သွားပြီး‌တော့ စာရင်း‌ပေးသွင်းရတယ်” ဟု ‌ပြောသည်။

‌ကျေးရွာ‌ပေါင်း ၁၃ ရွာရှိ‌သော ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လှာကမြင်‌ကျေးရွာအုပ်စုတွင် စုစု‌ပေါင်း အိမ်‌ခြေ‌ပေါင်း ၁၆၁ဝ အိမ်နှင့် လူဦး‌ရေ ၉ ‌ထောင်‌ကျော် ရှိသည်ဟု လှာကမြင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး၏ ‌ပြောပြချက်အရ သိရသည်။