Home သတင်း ကရင်အမျိုးသားပါတီ ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ စတင်ဖွဲ့စည်း

ကရင်အမျိုးသားပါတီ ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ စတင်ဖွဲ့စည်း

1999
(ကရင်အမျိုးသားပါတီ ဥက္ကဌ မန်းသိန်း‌ရွှေ)

နိုဝင်ဘာ ၁၇ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ပြည်‌ထောင်စု‌ရွေး‌ကော်ပွဲ‌ကော်မရှင်မှ ပါတီတည်‌ထောင်ခွင့်ပြုထားပြီးဖြစ်သည့် ကရင်အမျိုးသားပါတီ(KNP) သည် နိုဝင်ဘာ ၁၅ ရက်‌နေ့က ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်၊ မရမ်းရွာရှိ ပါတီ ဒုဥက္ကဌ မန်းထိန် ဝင်းစိန် ‌နေအိမ်၌ အစည်းအ‌ဝေးကျင်းပကာ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ထိုသို့ ‌ကော်မတီများ ဖွဲ့စည်းရာတွင် ဥက္ကဌ အဖြစ် မန်းသိန်း‌ရွှေ၊ ဒုဥက္ကဌများ အဖြစ် မန်းထိန်ဝင်းစိန်၊ မန်းအုန်း ‌မောင်၊ ‌စောလွန်းတင်၊ မန်းတင်‌ရွှေတို့ကို လည်း‌ကောင်း၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးအဖြစ် မန်း‌ကျော်ငြိမ်း၊ တွဲဘက်အတွင်း‌ရေးမှူးများဖြစ်ကြသည့် မန်းမင်းရဲ‌ထွေးနှင့် ‌စောဆာ တ‌ပေါ၊ ‌စောက‌ပေါ်မှူး၊ မန်း‌ကျော်‌အေးတို့ကို လည်း‌ကောင်း အစဉ်လိုက်‌ရွေးချယ်ပြီး ဘဏ္ဍာ‌ရေးမှူး(၁)အဖြစ် မန်း‌အောင်မြိုင်၊ (၂)အဖြစ် ဂါ့သန်း‌အေး စုစု‌ပေါင်း ‌ကော်မတီဝင် ၁၃ ဦးကို ‌ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားပါတီ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဖြစ်လာသည့် မန်း‌ကျော်ငြိမ်းက “အခု ဗဟိုအလုပ်မှု‌ဆောင် ‌ကော်မတီက ‌နောက်ပိုင်း ပြုလုပ်မဲ့ ပါတီညီလာခံက‌နေ ထွက်‌ပေါ်လာမဲ့ ပါတီအလုပ်မှု‌ဆောင်‌ကော်မတီသစ် မတိုင်ခင်အထိ တာဝန်ယူသွားမယ်။ ‌နောက်ပြီး‌တော့ ပါတီဗဟို‌ကော်မတီဝင်‌တွေ တိုးချဲ့ဖွဲ့ဖို့လည်း ရှိတယ်။ အခု ပါတီဝင် ၁,၀၀ဝ စု‌ဆောင်းတာတို့၊ ပါတီ ရုံးချုပ်ဖွင့်ဖို့တို့ စီစဉ်‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ‌ရွေးချယ်ပြီး‌နောက် ဗဟို‌ကော်မတီဝင်များပါဝင်သည့် လုပ်ငန်း ‌ကော်မတီများကို ဆက်လက်‌ရွေးချယ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ‌နေရာ‌ဒေသစုံ၊ အမျိုးသမီး၊ အမျိုးသားနှင့် လူငယ်များမျှတ‌အောင် လုပ်‌ဆောင်သွားမည်ဟု ကရင်အမျိုးသားပါတီက ‌ပြောဆိုထား‌ကြောင်း သိရသည်။

ကရင်အမျိုးသားပါတီ တည်‌ထောင်ခြင်းနှင့် ‌ကော်မတီဖွဲ့စည်းခဲ့သည့်အ‌ပေါ် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေး အဖွဲ့ (KWEG) ဒါရိုက်တာ ‌နော်စူစဲန်နာ လှလှစိုးက “ကရင်ပါတီ‌တွေများလာတာ‌တော့ မ‌ကောင်းဘူး‌ပေါ့၊ ဒါ‌ပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က ဖတ်ကြည့်‌တော့ ‌ကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူထုအတွက် ရပ်တည်နိုင်မယ် တခြား ကရင်ပါတီ‌တွေနဲ့ ပူး‌ပေါင်းနိုင်မယ်ဆိုရင်‌တော့ ဒါကြိုဆိုစရာ‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသားပါတီ ပြုလုပ်သည့် ယင်းအစည်းအ‌ဝေး၌ ရန်ကုန်တိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီးနှင့် ဧရာဝတီတိုင်း‌ဒေသကြီး တို ့မှ ကိုယ်စားလှယ် ၆ဝ ဦးခန့် တက်‌ရောက်ကာ အစည်းအ‌ဝေးတွင် စည်းလုံးညီညွတ် ‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)အဖွဲ့သို့ ဝင်‌ရောက်ရန် ဆုံးဖြတ်ခဲ့သလို ပါတီ‌ပြောခွင့်ရ ပုဂ္ဂိုလ်များ အဖြစ် မန်းထိန်ဝင်းစိန်၊ မန်း‌ကျော်ငြိမ်းနှင့် မန်းမင်းရဲ‌ထွေးတို့ကိုလည်း တာဝန်‌ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ တရားဝင်ကရင်နိုင်ငံ‌ရေးပါတီများအဖြစ် ကရင်ပြည်နယ်အတွင်း ဖလုံ-စ‌ဝေါ်ဒီမိုကရက် တစ်ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ်ဖွံ့ဖြိုး‌ရေးနှင့်ဒီမိုက‌ရေစီပါတီ (KSDDP)နှင့် ကရင်ပြည်နယ်ပြင်ပ ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)တို့ တည်ရှိပြီး ကရင်အမျိုးသားပါတီ (KNP)မှာ ၅ခု‌မြောက် ကရင်နိုင်ငံ‌ရေးပါတီ ဖြစ်သည်။

အဆိုပါ ကရင်နိုင်ငံ‌ရေးပါတီများအနက် PSDP သည် ညီ‌နောင်တိုင်းရင်းသားများအဖွဲ့ချုပ် (NBF) ၊ အဖွဲ့ဝင်ဖြစ်ပြီး KPP နှင့် KDP တို ့မှာ ဖက်ဒရယ်မိတ်‌ဆွေပါတီများမဟာမိတ်အဖွဲ့ (FDA) အဖွဲ့ ဝင်များဖြစ်ကာ လက်ရှိ ကရင်အမျိုးသားပါတီမှာလည်း ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သို ့ အသီးသီးဝင်‌ရောက်ထားသည်။