Home သတင်း မြဝတီမြို့တွင်း ကရင်အလံ လွှင့်ထူထားမှုများကို အစိုးရအာဏာပိုင်များ တားမြစ်

မြဝတီမြို့တွင်း ကရင်အလံ လွှင့်ထူထားမှုများကို အစိုးရအာဏာပိုင်များ တားမြစ်

4583

‌အောက်တိုဘာ ၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် မြဝတီမြို့အတွင်း မသက်ဆိုင်သည့် ‌နေရာများတွင် ကရင်အမျိုးသားအလံ လွှင့်ထူထားမှုများ မပြုလုပ်ဘဲ လိုက်လံဖြုတ်သိမ်း‌ပေးရန် ရပ်ကွက်အုပ်ချုပ်‌ရေးများကို သက်ဆိုင်ရာ မြန်မာအစိုးရ အာဏာပိုင်များက ညွှန်ကြားမှုပြုလုပ် လျှက်ရှိ‌ကြောင်း သိရသည်။

လက်ရှိ မြဝတီမြို့အ‌ခြေစိုက် အစိုးရတပ် အမှတ်(၂၇၅) ‌ခြေလျင်တပ်ရင်း (‌ရှေ့တန်းရုံး)မှ တပ်ရင်းမှူးကိုယ်တိုင် မလိုအပ်ဘဲ ကရင်အလံလွှင်ထူထားမှုများ မပြုလုပ်ရန် နှုတ်ဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု မြဝတီမြို့ အမှတ်(၄)ရပ်ကွက်မှူးတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ညွှန်ကြားထားတာ‌တော့ လွန်ခဲ့တဲ့ ၃ရက် ၄ရက်‌လောက်တုန်းကပါပဲ။ သ‌ဘောက‌တော့ အခါကြီးရက်ကြီး‌တွေ မဟုတ်ရင် ‌နေ အိမ်‌တွေမှာ ကရင်လွှင့်ထူထားခြင်း မပြုလုပ်ဖို့ ‌ပြောတာပါ။ ပြဿနာဖြစ်‌နေတဲ့ ကာလအ‌တောအတွင်းမှာ အ‌ခြေအ‌နေ‌တွေ ရှုတ် ‌ထွေးသွားမှာစိုးလို့ အခုလို လုပ်တာလို့ ထင်ပါတယ်”ဟု အဆိုပါရပ်ကွက်မှူးက ‌ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် ညွှန်ကြားထားသည်ကို အ‌သေးစိတ်သိရှိရန် မြဝတီအ‌ခြေစိုက် အစိုးရတပ် အမှတ်(၂၇၅) ‌ခြေလျင်တပ်ရင်း(‌ရှေ့တန်းရုံး)မှ ဒုတိယဗိုလ်မှူးကြီးဝင်းထွန်းထံသို့ ‌ကေအိုင်စီက ‌မေးမြန်းရန် ကြိုးစား‌သော်လည်း ဆက်သွယ်၍ မရခဲ့‌ပေ။

ထိုသို့ ညွှန်ကြားမှုများရှိ‌သော်လည်း မြဝတီမြို့တွင်း ဖွင့်လှစ်ထားသည့် ကရင်လက်နက်ကိုင်များ၏ ဆက်ဆံ‌ရေးရုံးများတွင်မူ အလံလွှင့်ထူခြင်းမပြုရန် ‌ပြောဆိုမှုများ မရှိ‌သေး‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဆက်ဆံ‌ရေးရုံး တာဝန်ခံ ဗိုလ်မှူး‌စော‌ဇောရိုးက ‌ပြောသည်။

ဗိုလ်မှူး‌စော‌ဇောရိုးက “ရပ်ကွက်အုပ်ချုပ်‌ရေးမှူး‌တွေက အပတ်စဉ်အစည်းအ‌ဝေးမှာ ထုတ်‌ပြောမှ ကျ‌နော်တို့သိတာ။ ရပ်ကွက်‌တွေမှာ ကရင်အလံလိုက်ဖြုတ်ခိုင်းတာ‌တော့ ဟုတ်တယ်။ ကျ‌နော်တို့ကို တိုက်ရိုက်‌ပြောတာ‌တော့ မရှိ‌သေးဘူး။ တကယ်လို့ အဲလိုလုပ် ခိုင်းရင်လည်း KNU ဗဟိုကို အ‌ကြောင်းကြားပြီး ‌ဖြေရှင်းရမှာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ကရင်အမျိုးသားအလံမှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သလို ကရင်တစ်မျိုးသားလုံးကို ကိုယ် စားပြုထားပြီး ကရင်အားလုံးနှင့် သက်ဆိုင်သည့်အတွက် ယခုလိုပြုလုပ်ရန် ညွှန်ကြားမှု‌ပေးထားခြင်းမှာ သင့်‌လျော်မှုမရှိ‌ကြောင်း ဗိုလ်မှူး‌စော‌ဇောရိုးက ဆက်လက် ‌ပြောဆိုသည်။

မြဝတီမြို့တွင် ကရင်တိုင်းရင်းသားများ‌နေထိုင်သည့် အိမ်များ၊ ‌ဈေးဆိုင်များ၊ ကားများတွင် ကရင်အမျိုးသားအလံ လွှင့်ထူထား ခြင်းများနှင့် ငြိမ်းချမ်း‌ရေး ရယူထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်များ၏ ဆက်ဆံ‌ရေးရုံးများတွင် ကရင်အမျိုးသား အလံများ လွှင့်ထူထား‌လေ့ရှိသည်။

ကရင်လွှင့်ထူခြင်းဖြုတ်သိမ်းရန် အစိုးရ၏ ညွှန်ကြားမှုအ‌ပေါ် အမည်မ‌ဖော်လိုသူ မြဝတီမြို့ခံတစ်ဦးက “သူတို့လည်း သူတို့လူမျိုး ကိုချစ်လို့ အလံလွှင့်တာ‌ပေါ့။ အဲလိုလုပ်လို့ အခြားဘယ်သူမှ မထိခိုက်ဘူး။ ပြဿနာဖြစ်တာလည်း မကြားဖူးဘူး။ အလံ‌ထောင် လို့ ကိုယ့်စီးပွားလည်း ဘာမှလာထိခိုက်တာမဟုတ်ဘူး။ လူမျိုးတစ်မျိုးကို ပိတ်ပင်တဲ့ သ‌ဘောမျိုးက‌တော့ မ‌ကောင်းလှဘူး” ဟု ၎င်း၏အမြင်ကို ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရရှိပြီး‌နောက် ကရင် တိုင်းရင်းသားများ ‌နေထိုင်သည့် ‌ဒေသအသီးသီးတွင် ကရင်အမျိုးသားအလံများ စတင် လွှင့်ထူခွင့်‌ပေးခဲ့သည်။