Home သတင်း HIV ‌ဝေဒနာရှင်များအား ပံ့ပိုးနိုင်‌ရေးအတွက် ထိုင်း-မြန်မာနယ်စပ် ကျန်းမာ‌ရေးအဖွဲ့များ ‌တွေ့ဆုံ‌ဆွေး‌နွေး

HIV ‌ဝေဒနာရှင်များအား ပံ့ပိုးနိုင်‌ရေးအတွက် ထိုင်း-မြန်မာနယ်စပ် ကျန်းမာ‌ရေးအဖွဲ့များ ‌တွေ့ဆုံ‌ဆွေး‌နွေး

1614

စက်တင်ဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်ရှိ ကျန်းမာ‌ရေးအဖွဲ့အစည်းများက HIV ‌ဝေဒနာရှင်များအတွက် စနစ်တကျ ဝန်‌ဆောင်မှုဖြစ်လာရန်နှင့် ကူညီ‌စောင့်‌ရှောက်မှုအဖွဲ့များ၏ အချင်းချင်းအကြား ချိတ်ဆက်မှုရရှိရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့‌ဆေးရုံကြီးတွင် စက်တင်ဘာ ၉ရက်‌နေ့က ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။

၎င်း‌ဆွေး‌နွေးပွဲတွင် HIV ‌ဝေဒနာရှင်များအတွက် တစ်‌နေရာမှ တစ်‌နေရာသို့ ‌နေရာလွှဲ‌ပြောင်းသည့်အခါ အချိတ် အဆက်များ လွယ်ကူ‌စေရန်နှင့် ထိ‌ရောက်‌သော ဝန်‌ဆောင်မှု‌ပေးသည့် လုပ်‌ဆောင်ချက်များ စသည်တို့ကို ‌ဆွေး‌နွေးဖလှယ်ခဲ့ကြသည်ဟု ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ နယ်စပ်အ‌ခြေစိုက် Community Health Outreach Manager ‌စောသန်းလွင်က ‌ပြောသည်။

“ဒီအစည်း‌ဝေးမှာက လူနာ‌တွေအတွက် ‌ဆေးရရှိ‌အောင် ဘယ်လိုလွဲ‌ပြောင်း‌ပေးရမလဲ။ ‌နောက်ပြီး အစိုးရ (ထိုင်း -မြန်မာ)အချင်းချင်း ဘယ်လိုအဆက်အသွယ်လုပ်ရမလဲ ‌ဆွေး‌နွေးတယ်။ ‌နောက်ပြီး မဲ‌ဆောက်‌ဆေးရုံနဲ့ မြဝတီ‌ဆေးရုံ လူနာလွဲ‌ပြောင်းရင် ဘာအချက်လိုမလဲ။ NGO, CBO ‌တွေကလည်း ဘယ်လိုလွဲ‌ပြောင်းရမယ်‌ပေါ့။ အဲဒါ‌တွေ ‌ဆွေး‌နွေးကြတယ်”ဟု ‌စောသန်းလွင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် ထိုင်းမဲ‌ဆောက်‌ဆေးရုံကြီး၊ မြဝတီ‌ဆေးရုံကြီးနှင့် မယ်‌တော်‌ဆေးခန်းတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ အပါအဝင် နယ်စပ်တ‌လျှောက်ရှိ လူမှုကျန်းမာ‌ရေး ကူညီ‌စောင့်‌ရှောက်မှုအဖွဲ့အစည်းများ၊ ဒုက္ခသည်စခန်းများ အတွင်းမှ ကျန်းမာ‌ရေး အ‌ထောက်အကူပြုအဖွဲ့များနှင့် အစိုးရ မဟုတ်သည့် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုအဖွဲ့ များမှ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၄၅ ဦး တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

လက်ရှိ နယ်စပ်‌ဒေသရှိ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေး‌နေသည့် ကျန်းမာ‌ရေးဌာနများသည် HIV ‌ဝေဒနာရှင် များအတွက် ကုသမှုလုပ်‌ဆောင်ရာတွင် ကုသမှုအပိုင်း၊ ကာကွယ်မှုအတွက် ပညာ‌ပေးမှုအပိုင်းများအပြင် အိမ်တိုင်ရာ‌ရောက် သွား‌ရောက်ကုသ‌ပေးမှုအပိုင်း စသည်တို့ဖြင့် ‌ဆောင်ရွက်‌ပေး‌နေသည်ဟု သိရသည်။

ထို့အပြင် HIV ပညာ‌ပေးပြုစု‌စောင့်‌ရှောက်သည့် ဌာနများကို ထိုင်းမြန်မာနယ်စပ်ရှိ ‌ဆေးရုံအများစုတွင် ‌စောင့်‌ရှောက်မှုဌာနများရှိသလို ဒုက္ခသည်စခန်းများတွင်လည်း HIV ပညာ‌ပေး ပြုစု‌စောင့်‌ရှောက်သည့် ဌာနများ ထားရှိ‌ကြောင်း ‌စောသန်းလွင်က ‌ပြောသည်။

နယ်စပ်ရှိ ကျန်းမာ‌ရေးအဖွဲ့အစည်းများ စု‌ပေါင်း၍ HIV ပိုးရှိသူ ‌ဝေဒနာရှင်များအတွက် ကူညီ‌စောင့်‌ရှောက်မှု ‌ပေး‌နေသည့် အဖွဲ့များ အချင်းချင်းအကြား စနစ်တကျ ချိတ်ဆက်မှုရရှိရန် ယခုလို အစည်း‌ဝေးပြုလုပ်ပြီး ‌တွေ့ဆုံသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ကျန်းမာ‌ရေး၊ လူမှု‌ရေးနှင့် အစိုးရမဟုတ်‌သော အဖွဲ့အစည်းများ၊ ထိုင်းနှင့် မြန်မာ‌ရွှေ့‌ပြောင်း ‌ကျောင်းသူ‌ကျောင်းသားများနှင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပူး‌ပေါင်း၍ နှစ်စဉ် ဒီဇင်ဘာ ၁ရက်‌နေ့၌ ကျ‌ရောက်‌သော ကမ္ဘာ့ HIV/AIDS ‌ရောဂါ တိုက်ဖျက်‌ရေး‌နေ့တွင် လမ်း‌လျှောက်ချီတက်ပွဲ နှင့် ပညာ‌ပေး‌ဟော‌ပြောပွဲ အခမ်းအနားများ ပြုလုပ်လျှက်ရှိသည်။