Home သတင်း ၂၆နှစ်‌မြောက် ၈၈ နှစ်ပတ်လည် အခမ်းအနား မဲ‌ဆောက်တွင် ကျင်းပ

၂၆နှစ်‌မြောက် ၈၈ နှစ်ပတ်လည် အခမ်းအနား မဲ‌ဆောက်တွင် ကျင်းပ

1414

ဩဂုတ် ၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

၈၈(ရှစ်‌လေးလုံး) ပြည်သူ့အ‌ရေး‌တော်ပုံတွင် ကျဆုံးသွားသူများအား ၂၆နှစ်‌မြောက် သတိရ‌အောက်‌မေ့ခြင်း အထိမ်းအမှတ်အ ဖြစ် ရဟန်းသံဃာ‌တော်များအား ‌နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားတစ်ရပ်ကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ မြန်မာဘုန်း ‌တော်ကြီး‌ကျောင်းဖြစ်သည့် ‌တောရ‌ကျောင်းတွင် ယ‌နေ့ ပြုလုပ်ခဲ့သည်။

အခမ်းအနားဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်စီစဉ်ခဲ့သူ ကိုသံဒုတ်က “ဒီမိုက‌ရေစီအ‌ရေး၊ လူ့အခွင့်အ‌ရေးအတွက် ‌တောင်းဆို တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲ‌ဘော်ရဲဘက်‌တွေ၊ ပြည်သူ‌တွေ၊ ရဟန်းသံဃာ‌တွေအတွက် ‌အောက်‌မေ့တဲ့အ‌နေနဲ့ရယ်၊ မပြီး ဆုံး‌သေးတဲ့ တာဝန်‌တွေအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားဖို့အတွက်ရယ် အဲဒါ‌တွေ ရည်ရွယ်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ကျင်းပရာတွင် အခမ်းအနားကို ၈၈ အ‌ရေး‌တော်ပုံအပြီး ထိုင်းနိုင်ငံသို့ ‌ရောက်ရှိလာကြ‌သော ဒီမိုက‌ရေစီအင်အားစုများမှ စု‌ပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ‌တောရ‌ကျောင်းတိုက်အတွင်း သီတင်းသုံး‌နေ‌သော သံဃာ ၁၅ပါးကို ‌နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ သည်။
8888 annual 26th
နံနက် ၁၁နာရီခွဲအချိန်တွင် စတင် ကျင်းပခဲ့သည့် အခမ်းအနားတွင် ‌နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ခြင်းအပြင် ကျဆုံးသွားသူများ အတွက် ‌ရေစက်ချ အမျှ‌ဝေခြင်း၊ အ‌လေးပြုခြင်းများကို ပြုလုပ်ခဲ့ရာ ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ဒီမိုက‌ရေစီအင်အားစုများ အပါအဝင် ဧည့်ပရိဿတ် စုစု‌ပေါင်း ၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

“ကျ‌နော်တို့ ဒါကို သမိုင်းမ‌ပျောက်ပျက်ရ‌အောင်လို့ လုပ်တာလည်း ပါပါတယ်။ ထိုင်းစစ်အာဏာသိမ်းပြီးတဲ့‌နောက်မှာ အရင်နှစ် ‌တွေကထက်စာရင် ဒီလိုမျိုး‌တွေကိုလုပ်ရတာ အခက်အခဲ‌တွေ ရှိလာတယ်”ဟု ၎င်းအခမ်းအနားသို့ တက်‌ရောက်ခဲ့သူ ကို‌အောင် နိုင်က ‌ပြောသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်တွင် ‌ရောက်ရှိ‌နေကြ‌သော ဒီမိုက‌ရေစီအင်အားစုများက ယခုလိုအခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့ကြ ‌သော်လည်း ယခုနှစ်တွင် အခက်အခဲအမျိုးမျိုး‌ကြောင့် အခမ်းအနားကို အကျဉ်းချုံးအ‌နေဖြင့်သာ ကျင်းပနိုင်ခဲ့ကြသည်။

အလားတူ ယ‌နေ့ကျ‌ရောက်‌သော ၂၆နှစ်‌မြောက် ၈၈ပြည်သူ့အ‌ရေး‌တော်ပုံ ‌အောက်‌မေ့ဖွယ် နှစ်ပတ်လည်အခမ်းအနားကို ၈၈ ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦး‌ဆောင်ပြီး ရန်ကုန်မြို့‌တော် ခမ်းမ‌ရှေ့၌ နံနက် ၈နာရီ‌ကျော်တွင် ပြုလုပ်ကျင်းပခဲ့ကြ ‌ကြောင်း သိရသည်။