Home သတင်း သဘာဝပတ်ဝန်းကျင်နှင့် မူးယစ်‌ဆေး အန္တရာယ် ပညာ‌ပေး ငြိမ်း‌ဖောင်‌ဒေးရှင်းပြုလုပ်

သဘာဝပတ်ဝန်းကျင်နှင့် မူးယစ်‌ဆေး အန္တရာယ် ပညာ‌ပေး ငြိမ်း‌ဖောင်‌ဒေးရှင်းပြုလုပ်

1429

ဩဂုတ် ၂ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌လောင်းကိုင်‌ကျေးရွာ၌ ပြီးခဲ့သည့် ဇူလိုင်လ၂၈ရက်‌နေ့က သဘာဝပတ်ဝန်းကျင်နှင့် မူးယစ် ‌ဆေးဝါးအန္တရာယ်ကို အသိပညာ‌ပေးမှု ပြုလုပ်ခဲ့‌ကြောင်း ငြိမ်း‌ဖောင်‌ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌နော်အဲ့‌ဖောဝါးက ‌ကေ အိုင်စီသို့ ‌ပြောသည်။

သဘာဝပတ်ဝန်းကျင်နှင့် မူးယစ်‌ဆေးဝါးအန္တရာယ်ကို သွား‌ရောက်‌ဟော‌ပြောရသည့် ရည်ရွယ်ချက်မှာ ယင်း‌ဒေသတွင် မူးယစ် ‌ဆေးဝါးများ ဝယ်ယူသုံးစွဲသူနှင့် ‌ရောင်းသူများ များပြားလာသည့်အတွက်‌ကြောင့် ‌ဒေသခံများကိုယ်တိုင် ‌ခေါင်းစဉ်များကို ‌ရွေးချယ်၍ ပညာ‌ပေး‌ဟော‌ပြောရန် ‌တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

‌နော်အဲ့‌ဖောဝါးက “မူးယစ်‌ဆေးဝါးနဲ့ ပတ်သက်တာ အရမ်းကိုများတယ်။ ပြီး‌တော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာ ထိန်း သိမ်းဖို့ ‌ပြော‌နေတဲ့အချိန်မှာ သစ်ခုတ်မှု‌တွေကလည်း အရမ်းများ‌နေတယ်‌ပေါ့‌နော်။ အဲဒီနှစ်ခုက ‌ဒေသအန္တရာယ်နဲ့ ဘယ်လိုပတ် သက်‌နေလဲဆိုတာ သိ‌နေတယ်။ မ‌ပြောရြဲကဘူး ဖြစ်‌နေတယ်။ ဒီလိုလုပ်‌နေတဲ့လူ‌တွေ အကုန်လုံးက လက်နက်‌တွေရှိတယ်”ဟု ဆိုသည်။

ထို‌ဒေသများ၌ မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)တို့ အပစ်အခတ်ရပ်စဲ‌ရေး‌နောက်ပိုင်းတွင် မူးယစ် ‌ဆေး‌ရောင်းဝယ်သူ၊ သုံးစွဲများ အလွန်များပြားလာပြီး သုံးစွဲသူ လူကြီးလူငယ်များထဲတွင်လည်း အသက် ၁၄နှစ်အရွယ် ‌ကျောင်း သားများပါဝင်‌နေ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

၎င်း‌ဟော‌ပြောပွဲကို ‌လောင်းကိုင်‌ကျေးရွာ ဘုန်းကြီး‌ကျောင်းတွင် ပြုလုပ်ခဲ့ပြီး ဖားကျ၊ ‌လောင်းကိုင်၊ က‌မော့ကသူ၊ ‌ကော့‌ဖောင်၊ ‌နောင်တလာ၊ မိထလန်းနိုင်ရွာများမှ ‌ကျေးရွာဥက္ကဌများနှင့် ရပ်မိရပ်ဖများ စုစု‌ပေါင်း ၃၀‌ကျော်တက်‌ရောက်ကြသည့်အပြင် သမိန် ဒွတ်‌ကျေးရွာတွင်လည်း သွား‌ရောက်‌ဟော‌ပြောခဲ့‌ကြောင်း သိရသည်။

ဖားကျ‌ကျေးရွာဥက္ကဌ နန်းခင်လှက “ကျမတို့ကို အခုလိုမျိုး လာ‌ရောက်‌ဟော‌ပြော‌ပေးပြီး အသိပညာလာ‌ပေးတာက‌တော့ ကျမ တို့‌တွေအတွက် အများကြီး‌ကောင်းတာ‌ပေါ့‌နော်။ ကျမတို့ ဗဟုသုတလည်း ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ရက်‌နေ့က ဖားအံမြို့နယ်၊ သံလွင်အ‌နောက်ခြမ်းရှိ ဝင်းဒရယ်‌ကျေးရွာအုပ်စုတွင် ကရင်ပြည်နယ်တွင် အ‌ခြေစို်က်သည့် ငြိမ်း‌ဖောင်‌ဒေးရှင်းက ငြိမ်းချမ်း‌ရေးနှင့် လူထုပါဝင်မှုအခန်းကဏ္ဍကို သွား‌ရောက်‌ဟော‌ပြောရာတွင် ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးက ယင်းအ‌ကြောင်းကို မ‌ဟော‌ပြောရန် သတိ‌ပေးခံခဲ့ရ‌ကြောင်း သိရသည်။