Home သတင်း နယ်စပ်ကျန်းမာ‌ရေးလမ်းစဉ်နှင့် နည်းဗျူဟာချမှတ်ရန် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့များ ‌ဆွေး‌နွေးခဲ့

နယ်စပ်ကျန်းမာ‌ရေးလမ်းစဉ်နှင့် နည်းဗျူဟာချမှတ်ရန် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့များ ‌ဆွေး‌နွေးခဲ့

1607

ဩဂုတ် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

တိုင်းရင်းသား‌ဒေသအတွင်းရှိ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုအဖွဲ့ ၈ဖွဲ့နှင့် စု‌ပေါင်းဖွဲ့စည်းထားသည့် HCCG (Health Conver-gencen Core Group) က ဩဂုတ်လ ၁၄ရက်မှ ၁၅ရက်‌နေ့အထိ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့၌ ပြုလုပ်ကျင်းပခဲ့သည့် ၎င်းတို့၏ ၅ကြိမ်‌မြောက်အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ကျန်းမာ‌ရေးဆိုင်ရာ ‌ရှေ့ဆက်လုပ်ငန်းစဉ်နှင့် နည်းဗျူဟာများ ချမှတ်ရန် ‌ဆွေး‌နွေးခဲ့ကြ သည်။

၎င်းအစည်းအ‌ဝေးတွင် တက်‌ရောက်လာ‌သော နယ်စပ်နှင့် တိုင်းရင်းသား‌ဒေသဆိုင်ရာ ကျန်းမာ‌ရေးအဖွဲ့များက မိမိတို့‌ဒေသများ မှ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုစနစ်များ၊ လုပ်‌ဆောင်ချက်များနှင့် အနာဂတ်တွင် ပြုလုပ်မည့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု အစီအ စဉ်များအနက် တိုင်းရင်းသား‌ဒေသများတွင် ဗဟိုထိန်းချုပ်မှုစနစ်များကို ‌လျော့ကျ‌စေလိုသည့် အချက်များကိုလည်း ‌ဆွေး‌နွေးခဲ့ ကြ‌ကြောင်း BMA program director မန်း‌နေထူးက ‌ပြောသည်။

“ကျန်းမာ‌ရေးစနစ်တစ်ခုကို တည်‌ဆောက်ဖို့ ဖယ်ဒရယ်စနစ်အရ ဗဟိုထိန်းချုပ်မှုစနစ်ကို ‌လျော့ချဖို့ ဗဟိုချုပ်ကိုင်မှုမဟုတ်ဘဲ ဗဟိုအစိုးရမှာ ဘာ‌တွေလုပ်ပိုင်ခွင့်ရှိလဲ။ ပြီး‌တော့ ပြည်နယ်နှင့်တိုင်းမှာ လုပ်ပိုင်ခွင့် ဘာ‌တွေရှိလဲ အဲဒီအချက်ကို ‌ဆွေး‌နွေးထား တယ်‌ပေါ့။ ဗဟိုချုပ်ကိုင်မှုတစ်ခုထဲလုပ်ရင်‌တော့ ဒီကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုဟာ လူထု‌တွေဆီမှာ ထိထိ‌ရောက်‌ရောက်ရှိမှာ မဟုတ်ဘူး”ဟု မန်း‌နေထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ကျန်းမာ‌ရေးလုပ်ငန်းများ လုပ်‌ဆောင်ရာတွင် လက်ရှိအ‌ခြေအ‌နေအရ နယ်စပ်‌ဒေသအ‌ခြေစိုက် ကျန်းမာ‌ရေးလုပ်သားများ ကို အစိုးရက အသိအမှတ်ပြုခြင်း မရှိ‌သေး‌သော်လည်း အချို့ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုသင်တန်း အ‌သေးအဖွဲများကို စတင်ဖွင့် ‌ပေးထားမှုများရှိပြီး ကျန်းမာ‌ရေးလုပ်သားများ အသိအမှတ်ပြုရန် လက်ရှိအစိုးရနှင့် ညှိနိုင်း‌နေဆဲဖြစ်သည်ဟု ‌စော‌နေထူးက ထပ်မံ ဖြည့်စွက်‌ပြောဆိုသည်။

ထို့အပြင် ဖက်ဒရယ်ပြည်‌ထောင်စုစနစ်ဆီသို့ ဦးတည်သည့် ငြိမ်းချမ်း‌သော အသွင်ကူး‌ပြောင်းမှုဖြစ်စဉ်ကို အ‌ထောက်အကူပြု‌စေ မည့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို ထိ‌ရောက်စွာ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်ရန်အတွက် HCCG မှ အ‌ခြေခံမူ ၉ချက်ချမှတ်ကာ လုပ်ငန်းများကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေ‌ကြောင်း သိရသည်။

ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန KDHW တာဝန်ခံ ‌စောအဲ့ကလူ‌ရွှေဦးက “အခုချိန်မှာ‌တော့ ကိုယ့်ရဲ့တိုင်းရင်းသား‌ဒေ သ‌တွေမှာ သွားလာလုံခြုံ‌ရေး‌တွေအတွက်‌တော့ မပူရ‌တော့ဘူး။ ဒါ‌ပေမဲ့ ကိုယ့်ပြည်နယ်မှာ ကျ‌နော်တို့ဘက်က အ‌ခြေခံ‌ဆေးသင် တန်းတို့ ဖွင့်ရင်‌တော့ သူတို့ဆီကို ကိုယ်က သတင်းဖလှယ်တဲ့သ‌ဘောနဲ့ အ‌ကြောင်းကြားတာတို့ဘာတို့ လုပ်ရတာ‌ပေါ့”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

အဆိုပါအစည်းအ‌ဝေးတွင် ကရင်ပညာ‌ရေးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့ KED က ‌လေ့လာမှုအဖြစ် ပါဝင်ခဲ့သလို မယ်‌တော်‌ဆေးခန်း တာဝန်ခံ ‌ဒေါက်တာစင်သီယာ‌မောင်၊ HCCG အဖွဲ့ဝင်များနှင့်အတူ စုစု‌ပေါင်းလူဦး‌ရေ ၇၅ဦး တက်‌ရောက်ခဲ့ကြသည်။ မြန်မာပြည် အ‌ရှေ့ခြမ်း နယ်စပ်‌ဒေသတစ်‌လျှောက်တွင် အစိုးရက လက်လှမ်းမမှီနိုင်သည့်‌နေရာများကို ကူညီ‌ပေးနိုင်ရန်အတွက် ကျန်းမာ‌ရေး ဆိုင်ရာ ဆုံချက်ရနိုင်‌ရေး ‌ဆောင်ရွက်မည့်အစုအဖွဲ့(HCCG) ကို ၂၀၁၂ခုနှစ်တွင် နယ်စပ်‌ဒေသအ‌ခြေစိုက် လူထုအ‌ခြေပြုကျန်းမာ ‌ရေးအဖွဲ့အစည်း ၄ဖွဲ့နှင့် တိုင်းရင်းသားကျန်းမာ‌ရေး‌ကော်မတီ ၄ဖွဲ့တို့ ပါဝင်ဖွဲ့စည်းထားသည်။

၎င်းတို့မှာ မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း BMA၊ နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ BPHWT၊ မယ် ‌တော်‌ဆေးခန်း MTC၊ အမျိုးသားကျန်းမာ‌ရေးနှင့် ပညာ‌ရေး‌ကော်မတီ NHEC၊ ကရင်ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန KDHW၊ ကရင်နီနယ်လှည့်ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ကော်မတီ KnMHC၊ မွန်အမျိုးသားကျန်းမာ‌ရေး‌ကော်မတီ MNHC နှင့် ရှမ်းကျန်းမာ ‌ရေး‌ကော်မတီ SHC တို့ဖြစ်ပြီး ယခုနှစ်တွင် ‌ကေအိုင်အိုလက်‌အောက်ခံ ကျန်းမာ‌ရေးဌာန KIOHD တစ်ဖွဲ့ ထပ်မံ တိုးလာသည်။