Home သတင်း “တာဝန်သိမှု တာဝန်ရှိမှု” အလုပ်ရုံ‌ဆွေး‌နွေးပွဲ ဖားအံတွင် ပြုလုပ်

“တာဝန်သိမှု တာဝန်ရှိမှု” အလုပ်ရုံ‌ဆွေး‌နွေးပွဲ ဖားအံတွင် ပြုလုပ်

1766

ဇူလိုင် ၁၉ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်အစိုးရနှင့် ရန်ကုန်အ‌ခြေစိုက် ပါရမီစွမ်းအင်‌ဖောင်‌ဒေးရှင်းတို့ ပူး‌ပေါင်း၍ “တာဝန်သိမှု တာဝန်ရှိမှု”‌ခေါင်းစဉ်ဖြင့် အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ခမ်းမတွင် ဇူလိုင်လ ၁၈ရက်‌နေ့က ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

အစိုးရ၊ လူမှုအဖွဲ့အစည်းနှင့် ပြည်သူ အလွှာသုံးရပ်ကို ‌ပေါင်းကူးဆက်စပ်‌ရေးအတွက် ရည်ရွယ်၍ ယခု အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် တာဝန်သိမှု၊ တာဝန်ရှိမှုကိစ္စနှင့် ပတ်သက်၍ ‌ဝေမျှခြင်းအဆင့်သာဖြစ်‌ကြောင်း၊ ၎င်း‌ဆွေး‌နွေးပွဲဖြစ်‌မြောက်‌ရေးအတွက် ပြည်နယ် အစိုးရက ပြုလုပ်မည့်‌နေရာ တာဝန်ယူကာ ပါရမီစွမ်းအင်‌ဖောင်‌ဒေးရှင်းက ‌ဆွေး‌နွေး‌ဟော‌ပြောခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင် တက်‌ရောက်ခဲ့သူ ဖားအံပညာ‌ရေး‌ဖောင်‌ဒေးရှင်းမှ ဦးသန်း‌အောင်က ‌ပြောသည်။

“ဒီ‌ခေါင်းစဉ်နဲ့ တာဝန်သိမှု တာဝန်ရှိမှုကို သိ‌အောင်လို့ ပညာ‌ပေးအစီအစဉ်နဲ့ ကျ‌နော်တို့ လုပ်တာပါ။ ကိုယ့်သ‌ဘောထားနဲ့ သူ့ သ‌ဘောထားကို ရှင်းပြခွင့်‌ပေးတဲ့ပွဲလည်း ဖြစ်ပါတယ်။ ပြည်သူ‌တွေလည်း လွတ်လွတ်လပ်လပ် ‌မေးတာရှိသလို ဝန်ထမ်း‌တွေ လည်း ‌မေးတာရှိပါတယ်။ အဲဒါ‌တွေကို ပြန်‌ဖြေပြီး‌တော့ ‌ဆွေး‌နွေးတဲ့ပွဲပါ”ဟု ဦးသန်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယင်း‌ဆွေး‌နွေးပွဲကို ပါရမီစွမ်းအင်‌ဖောင်‌ဒေးရှင်းမှ ရုပ်ရှင်ဟာသသရုပ်‌ဆောင် ဦးဇာဂနာ၊ စာ‌ရေးဆရာ ဦးမာ‌ဂျေ၊ စာ‌ရေးဆရာ ဦး ‌ဇော်သက်‌ထွေး၊ ဦး‌အောင်မျိုးရှိန်၊ ရုပ်ရှင်သရုပ်‌ဆောင် ‌ဒေါ်‌ဆွေဇင်ထိုက်နှင့် စာ‌ရေးဆရာကြီး လယ်တွင်းသား‌စောချစ်၊ ဖားအံ ပညာ‌ရေး‌ဖောင်‌ဒေးရှင်းမှ ဆရာဦးသန်း‌အောင်၊ ဖားအံပညာ‌ရေး‌ကောလိပ်မှ ဆရာမ‌ဒေါ်‌အေးမိစံ၊ ဖားအံတက္ကသိုလ် ဓာတု‌ဗေဒ ဌာန ကထိက ‌ဒေါက်တာ‌ဒေါ်မျိုးမျိုး‌အေးတို့က ဦး‌ဆောင်‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

ထို‌ဟော‌ပြောပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးဦး‌ဇော်မင်းအပြင် ကရင်ပြည်နယ်ရှိ အစိုးရဌာနဆိုင်ရာများ၊ လွှတ်‌တော်ကိုယ်စားလှယ် များ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထု စုစု‌ပေါင်း လူဦး‌ရေ ၄၀ဝခန့် တက်‌ရောက်ကြသည်။

‌ဆွေး‌နွေးပွဲတွင် ဦး‌ဆောင်‌ဆွေး‌နွေးခဲ့သည့် ဦးဇာဂနာကလည်း “ကျ‌နော်တို့‌တွေဟာ နှစ်‌ပေါင်း ၆ဝလည်း ‌ကျော်လွန်လာခဲ့ပြီးဖြစ် တဲ့အတွက်‌ကြောင့် ပြည်သူပြည်သားမှာလည်း နိုင်ငံသားရဲ့ တာဝန်၊ အစိုးရမှာလည်း အစိုးရရဲ့တာဝန် ပြီး‌တော့ အုပ်ချုပ်‌ရေးမှာ လည်း အုပ်ချုပ်‌ရေးယန္တရားရဲ့ တာဝန် အဲဒီတာဝန်‌ကျေပြွန်မှု‌တွေကို ကျ‌နော်တို့‌ပြောတယ်။ ကျ‌နော်တို့တိုင်းပြည်ဟာ ဒုက္ခနွံထဲ နစ်ခဲ့ရတာကို အဓိကထား မီး‌မှောင်းထိုးပြီး‌တော့ ရှင်းပြတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သူ ဖားအံမြို့ဘာသာ‌ပေါင်းစုံ ဥက္ကဌ ဦး‌ကျော်ကြီးက “ဒီတာဝန်သိမှု တာဝန်ရှိမှု‌ခေါင်းစဉ်က‌တော့ ရည်ရွယ်ချက်လည်း ‌ကောင်းပါတယ်။ သက်ဆိုင်ရာ လူကြီး‌တွေ‌ရော ပွင့်လင်းမြင်သာတဲ့အချိန်မှာ ဒီလိုမျိုးအမြင်‌လေး‌တွေဟာ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ပဲ လိုပါတယ်။ အခုဟာ တစ်ဖက်‌စောင်းနင်း အထူးပြု‌တွေ မထား‌တော့ဘဲ ပွင့်ပွင့်လင်းလင်းသွားတဲ့ ပုံစံ မျိုးဖြစ်တဲ့အတွက် ဝမ်းသာတယ်”ဟု ‌ပြောသည်။

ရန်ကုန်မြို့အ‌ခြေစိုက် ရုပ်ရှင်သရုပ်‌ဆောင် ‌ဒေါ်‌ဆွေဇင်ထိုက်နှင့် စာ‌ရေးဆရာ ဦး‌အောင်မျိုးရှိန်တို့ ဦး‌ဆောင်‌သော ပါရမီစွမ်းအင် ‌ဖောင်‌ဒေးရှင်းသည် “တာဝန်သိမှု၊ တာဝန်ရှိမှု”‌ခေါင်းစဉ်ဖြင့် ရှမ်းပြည်နယ်၊ မ‌ကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တ‌လေးတို်င်း ‌နေရာအချို့ တွင် ‌ဟော‌ပြောခဲ့ပြီး ယခု ကရင်ပြည်နယ်၊ ဖားအံမြို့ပြီးလျှင် ကယားနှင့် ချင်းပြည်နယ်သို့လည်း သွား‌ရောက်‌ဟော‌ပြောသွားမည် ဖြစ်‌ကြောင်း သိရသည်။