Home သတင်း ‌ကေအဲန်ယူ ဒုဥက္ကဌနှင့် ‌ဒေါ်‌အောင်ဆန်းစုကြည် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ အမြင်ဖလှယ်ခဲ့

‌ကေအဲန်ယူ ဒုဥက္ကဌနှင့် ‌ဒေါ်‌အောင်ဆန်းစုကြည် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ အမြင်ဖလှယ်ခဲ့

1343

‌မေ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်သည် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ‌မေလ ၉ရက်‌နေ့ည‌နေပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ‌နေအိမ်၌ အလွတ်သ‌ဘော‌တွေ့ဆုံကာ အမြင်ဖလှယ်ခဲ့ကြသည်။

၎င်း‌တွေ့ဆုံမှုတွင် ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က “‌ဒေါ်စုနဲ့ ‌တွေ့တာက အလွတ်သ‌ဘော‌တွေ့ဆုံမှုပဲ ဖြစ်တယ်။ တပြည်လုံး ငြိမ်း ချမ်း‌ရေးလုပ်ငန်းစဉ်ကိုု သွား‌နေတာဟာ တဖက်တလမ်းက အားလုံးပါဝင်မှုကလည်း အ‌ရေးကြီးတယ်။ ဒါ‌ကြောင့် ကျမတို့ လိုလား‌နေတဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေးနဲ့ တန်းတူညီမျှမှု ရရှိမှာ ဖြစ်တယ်။ အခု ကျမတို့သွား‌နေတဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်း စဉ်မှာ အခက်အခဲ‌တွေရှိတာကို ‌ဒေါ်စုနဲ့ အမြင်ဖလှယ်ခဲ့ကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်နာရီ‌ကျော်ကြာသည့် ယင်း‌တွေ့ဆုံမှုတွင် ပြည်တွင်ငြိမ်းချမ်း‌ရေးနှင့် ပတ်သက်၍ ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် သူမ၏ စိုးရိမ်မှုများကို ‌ပြောဆိုခဲ့သလို အကြံဉာဏ်များလည်း‌ပေးပြီး မည်သို့ ပူး‌ပေါင်းလုပ်‌ဆောင်ရမည်ဆိုသည်ကိုလည်း ‌ဆွေး‌နွေးဖြစ် ခဲ့‌ကြောင်း ပဒို‌နော်စီဖိုးရာစိန်က ဆက်‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံပွဲသို့ ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန် အပါအဝင် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များဖြစ်ကြသည့် ပဒို‌စောသမိန် ထွန်း၊ ပဒို‌စောမြ‌မောင်၊ ပဒို‌စောလှထွန်း၊ ပဒို‌စောလစ္စတန်၊ ကရင်အမျိုးသမီးအစည်းအရုံး(‌ကေဒဗလျူအို) ဗဟို‌ကော်မတီဝင် ‌နော်ဘလူးမင်းနိုက်ဇန်တို့ တက်‌ရောက်ခဲ့ကြသည်။

‌တွေ့ဆုံပွဲအ‌ပေါ် ရန်ကုန်မြို့ခံ ‌စောထူးက‌ပေါ်က “လက်ရှိ ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေနဲ့ ပြည်‌ထောင်စုလွှတ်‌တော်နှင့် အစိုးရအဖွဲ့ တို့ရဲ့ အ‌ခြေအ‌နေ သ‌ဘောထားကို သုံးသပ်သိရှိထားနိုင်တဲ့အတွက် အခုလို အမြင်ဖလှယ်‌တွေ့ဆုံမှုဟာ ပြည်တွင်းငြိမ်းချမ်း‌ရေး အတွက် ‌ကောင်းမွန်တဲ့အမြင်‌တွေ ရရှိလိမ့်မယ်လို့ ‌မျှော်လင့်မိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌နော်စီဖိုးရာစိန်သည် ထို‌နေ့က ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် မ‌တွေ့ဆုံမီ ရန်ကုန်မြို့ရှိ Hope International Development Agency အဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်‌ကောင်စီနှင့် တိုင်းရင်းသူအမျိုးသမီးများကို လက်ခံ‌တွေ့ဆုံ‌သေးသည်ဟု သိရ သည်။

ပဒို‌နော်စီဖိုးရာစိန်သည် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဧပြီလကလည်း ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် တာဝန်ဖြင့် ရန်ကုန် တိုင်း‌ဒေသကြီး ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ‌နေအိမ်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ပထမတစ်ကြိမ် ‌တွေ့ဆုံခဲ့ပြီး ဖြစ်သည်။