Home သတင်း ‌ကေအဲန်ယူ တပ်မဟာ(၇)က တန်ဖိုးနည်းအိမ်ရာ အလုံး ၁၀ဝ တည်‌ဆောက်မည်

‌ကေအဲန်ယူ တပ်မဟာ(၇)က တန်ဖိုးနည်းအိမ်ရာ အလုံး ၁၀ဝ တည်‌ဆောက်မည်

1414

ဧပြီ ၂၈ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်တွင် ‌နေထိုင်လျက်ရှိသည့် ကရင်ဒုက္ခသည်များ‌နေရပ်ပြန်လာသည့်အခါ ‌နေထိုင်နိုင်ရန်အတွက် ကရင်အမျိုး သားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ(၇)က ဦးစီးပြီး ၎င်းတို့၏ ထိန်းချုပ်နယ်‌မြေ ‌မော်ဖိုး‌ကေနှင့် မဲ့သရိ‌ဒေသများ တွင် တန်ဖိုးနည်း အိမ်အလုံး ၁၀ဝကို ‌ဆောက်လုပ်‌ပေးသွားမည်ဟု သိရှိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၇)၏ စီးပွား‌ရေးတာဝန်ခံ ‌စောမိုးဇက်က “ကျ‌နော်တို့ ဒီတန်ဖိုးနည်းအိမ်ရာ‌တွေကို ‌ပေး‌ရောင်းတာ မဟုတ် ပါဘူး။ အဓိက‌တော့ နယ်စပ်ဒုက္ခသည်စခန်းက လူ‌တွေ၊ ကိုယ်လက်အဂင်္ါချို့ယွင်းသူ ‌တွေအတွက်ကို ဦးစား‌ပေး ‌နေရာချထား ‌ပေးမှာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

တန်ဖိုးနည်းအိမ်ရာများအတွက် ပြည်‌ထောင်စုုအစိုးရက ကျပ်‌ငွေသိန်း ၅‌ထောင်ချထား‌ပေးပြီး ‌ကေအဲန်ယူ တပ်မဟာ(၇)က အ‌ကောင်အထည်‌ဖော် ‌ဆောက်လုပ်‌ပေးမည်ဖြစ်ကာ ‌ဒေသတစ်ခုတွင် အိမ်အလုံး ၅ဝစီ ‌ဆောက်လုပ်‌ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

၎င်း‌နေအိမ်များတွင် ‌နေထိုင်ခွင့်ရရှိမည့် ဒုက္ခသည်များ စိစစ်‌ရွေးချယ်ခြင်းကိုမူ ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ကရင်ဒုက္ခသည် ‌ရေးရာ‌ကော်မတီ(KRC)က စိစစ်‌ဆောင်ရွက်‌ပေးမည်ဖြစ်ပြီး ချမှတ်ထားသည့် အစီအစဉ်အတိုင်း လက်ခံ‌ပေးသွားမည်ဖြစ် ‌ကြောင်း ‌စောမိုးဇက်က ဆက်‌ပြောသည်။

ဧပြီလ ၁ရက်‌နေ့က ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်များ အပါအဝင် လက်သမားအ‌ယောက် ၈ဝဖြင့် တန်ဖိုးနည်းအိမ်ရာများကို စတင် ‌ဆောက်လုပ်လျက်ရှိပြီး ‌ပေ ၂၀ဝ x ၁၀ဝ အကျယ်အဝန်းရှိ ‌မြေကွက်များတွင် သွပ်မိုးပျဉ်‌ထောင် အမျိုးအစားရှိ လူ‌နေအိမ်များကို လာမည့် ‌မေလကုန်တွင် အပြီးသတ် တပ်မဟာ(၇) ‌ကေအဲန်ယူက ဆိုသည်။

‌ကေအာရ်စီ၏ တွဲဖက် အတွင်း‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်က “အပစ်အခတ်ရပ်စဲ‌ရေးဟာ ဘာမှအာမခံချက် မရှိ‌သေးတဲ့ အ‌ခြေအ‌နေမှာ ‌ကေအာရ်စီအ‌နေနဲ့က‌တော့ ဒုက္ခသည်ပြန်လည်ပို့‌ဆောင်‌ရေးအတွက် ‌လော‌လောဆယ် ဘာအစီအစဉ်မှ မရှိ ‌သေးပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

နှစ်‌ပေါင်း ၆၀‌ကျော်ကြာရှည်လာသည့် ပြည်တွင်းစစ်‌ကြောင့် မူလ‌နေထိုင်ရာ‌ကျေးရွာများမှ အိမ်နီးချင်းထိုင်း-မြန်မာနယ်စပ်သို့ ထွက်‌ပြေးတိမ်း‌ရှောင်ရသည့် ဒုက္ခသည်‌ပေါင်း ၁၃၂,၀၀ဝ ‌ကျော်သည် ဒုက္ခသည်စခန်း ၉ခုတွင် အ‌ခြေချ‌နေထိုင်‌နေကြသည်ဟု ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလထုတ် KRC ၏ မှတ်တမ်းအရ သိရသည်။

ယခုလို အိမ်ရာများနည်းတူ ၂၀၁၁ခုနှစ်က လှိုင်းဘွဲမြို့နယ် ‌တောင်ဆုံး‌တောင်‌ခြေရင်း၌လည်း မြန်မာအစိုးရ အကူအညီဖြင့် အိမ် ‌ခြေ ၂၇၈လုံးရှိသည့် ကိုယ်လက်အဂင်္ါ မသန်စွမ်းသူ အများဆုံး‌နေထိုင်‌သော သစ္စာ‌အေးမြိုင် ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ ‌တော် (DKBA) စစ်မှုထမ်း‌ဟောင်းအိမ်ရာတစ်ခုကို DKBA က ဦး‌ဆောင်ကာ ‌ဆောက်လုပ်‌ပေးခဲ့သည်။