Home သတင်း ထူးချွန်‌ကျောင်းသူ‌ကျောင်းသားများအား ဂုဏ်ပြုသည့် ပညာဒါနဆုချီးမြှင့်ပွဲ ကျင်းပပြီးစီး

ထူးချွန်‌ကျောင်းသူ‌ကျောင်းသားများအား ဂုဏ်ပြုသည့် ပညာဒါနဆုချီးမြှင့်ပွဲ ကျင်းပပြီးစီး

1507

ဧပြီ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်အတွင်းရှိ ထူးချွန်‌ကျောင်းသူ‌ကျောင်းသားများအား ဂုဏ်ပြုသည့် ဖားအံမြို့နယ်၊ ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိ၏ ပညာဒါနဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၂၇ရက်‌နေ့က ကျင်းပပြီးစီးသွားခဲ့သည်။

၂၀၁၂/၂၀၁၃ ပညာသင်နှစ်တွင် ဂုဏ်ထူး တစ်ဘာသာမှ ‌ခြောက်ဘာသာ(ဘာသာစုံ)အထိ ‌အောင်မြင်ကြသည့် ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား‌ပေါင်းစုံ၊ ဘာသာ‌ပေါင်းစုံများမှ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၅၆ဦးအား ‌ရွှေနှင့် ကျပ်‌ငွေတို့ဖြင့် ဂုဏ်ပြု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ပွဲကျင်းပ‌ရေး‌ကော်မတီ အတွင်း‌ရေးမှူးလည်းဖြစ်၊ ‌တောင်က‌လေးဆရာ‌တော်၏ လက်‌ထောက်လည်းဖြစ်သူ ဆရာ‌တော် ဦးဥတ္တမ က “ဒီဆု‌တွေကို လက်ခံရရှိကြတဲ့ လူငယ်‌တွေအ‌နေနဲ့ မိမိတို့လူမျိုး၊ မိမိတို့နိုင်ငံအတွက် အ‌တွေးအ‌ခေါ် မြင့်မားစွာနဲ့ အကျိုးရှိရှိ ပြန်လည်လုပ်‌ဆောင်နိုင်‌အောင် လုပ်‌ပေးတာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ မြွက်ကြားခဲ့သည်။

ပညာဒါနဆုချီးမြှင့်ပွဲသည် ကရင်ပြည်နယ်ရှိ တိုင်းရင်းသားမျိုးဆက်သစ်လူငယ်များအ‌နေဖြင့် နိုင်ငံ့အကျိုးအတွက် ပြန်လည် လုပ် ‌ဆောင်နိုင်ရန်နှင့် လူငယ်များအ‌တွေးအ‌ခေါ် မြင့်မားလာ‌စေရန် ရည်ရွယ်လုပ်‌ဆောင်ခြင်းဖြစ်ပြီး ‌တောင်က‌လေးဆရာ‌တော်၏ ပုဂ္ဂိုလ်‌ရေးအရ ထင်‌ပေါ်‌ကျော်ကြား‌အောင် လုပ်‌ဆောင်ခြင်း မဟုတ်‌ကြောင်းလည်း ဆရာ‌တော် ဦးဥတ္တမက ဆက်လက်မြွက် ကြားသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းနှင့် အခြားဝန်ကြီးများ ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များ၊ နိုုင်ငံ‌ရေးပါတီများ၊ ‌ကျောင်းသူ ‌ကျောင်းသားများနှင့် ပရိဿတ် စုစု‌ပေါင်း ၄၀၀‌ကျော် တက်‌ရောက်ခဲ့သည့် ၎င်းပညာဒါနဆု‌ပေးပွဲတွင် ထူးချွန်ဆုရ ‌ကျောင်းသူ ‌ကျောင်းသားများအတွက် ကျပ်သိန်း ၃၀၀‌ကျော်နှင့် ပွဲကျင်းပ‌ရေးအတွက် ကျပ်သိန်း ၁၀ဝခန့် အကုန်ကျခံခဲ့‌ကြောင်း သိရသည်။

ဆု‌ပေးပွဲတွင် တက်‌ရောက်ဆုယူသည့် ‌ကော့ကရိတ်မြို့နယ် ‌ကြောင်လျှာကုန်းရွာမှ ‌လေးဘာသာဂုဏ်ထူးရှင် ‌စောလာခိုင်ဂါးက “ဆရာ‌တော်က လူငယ်‌တွေကို ဆုချီးမြှင့်တဲ့အတွက် အထူး‌ကျေးဇူးတင်ပါတယ်။ ဒီဆုကို လက်ခံရရှိတဲ့အတွက်လည်း ဝမ်း ‌မြောက်ဂုဏ်ယူမိပါတယ်။ နိုင်ငံသား‌ကောင်းရတနာတစ်‌ယောက်ဖြစ်‌အောင် ကျ‌နော် ဆက်လက်ကြိုးစားသွားမယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

‌တောင်က‌လေးဆရာ‌တော်မှ လူငယ်များအ‌ပေါ် ‌စေတနာထားပြီး ကျင်းပသည့် ယခုလို ဂုဏ်ပြုပွဲမျိုးသည် လူငယ်မျိုးဆက်သစ် များအတွက် လုပ်သင့်လုပ်ထိုက်သည့် ပွဲဖြစ်သကဲ့သို့ ဂုဏ်ယူဖွယ်‌ကောင်းသည့် လုပ်‌ဆောင်ချက်ဖြစ်သည်ဟုလည်း ကရင်ပြည် နယ် စက်မှုနှင့်လျှပ်စစ်ဝန်ကြီး ‌စောကြည်လင်းက ‌ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ အထင်ကရ ဆရာ‌တော်ဖြစ်သည့် ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိမှ အမှူးပြု စီစဉ်၍ ပညာ ဒါနဆုချီးမြှင့်ပွဲကို ယခုလို ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ပြီး လာမည့်နှစ်များတွင်လည်း နှစ်စဉ်နှစ်တိုင်း ဆက်လက် လုပ်‌ဆောင် သွားရန်ရှိသည်ဟု သိရသည်။