Home သတင်း အစိုးရ ‌မြေယာငှားရမ်း‌ပေးထားသူနှင့် ‌ဒေသခံတို့အကြား ပိုင်ဆိုင်ခွင့်ကိစ္စ အငြင်းပွား

အစိုးရ ‌မြေယာငှားရမ်း‌ပေးထားသူနှင့် ‌ဒေသခံတို့အကြား ပိုင်ဆိုင်ခွင့်ကိစ္စ အငြင်းပွား

1540

‌ဒေသခံရွာသားများနှင့် ‌မြေယာလုပ်ပိုင်ခွင့် ရရှိထားသူများ

‌ဖေ‌ဖေါ်ဝါရီ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း၊ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ထီလုံ‌ကျေးရွာကြိုးဝိုင်း၌ ပြည်နယ်သစ်‌တောဦးစီးဌာနက တနှစ်လျှင် ‌မြေတစ်ဧက ကျပ် ၅၀ဝ နှုန်းဖြင့် ရာဘာစိုက်ပျိုးရန် ငှားရမ်း‌ပေးထားသူများနှင့် ယင်း‌မြေ‌နေရာတွင် ယခင်ကတည်းက လယ်ယာစိုက်ပျိုးခဲ့သူ ‌နောင်က မြိုင်ရွာခံတို့အကြား ‌မြေယာပိုင်ဆိုင်ခွင့် အငြင်းပွားမှု ဖြစ်ပွား‌နေ‌ကြောင်း သိရသည်။

အငြင်းပွားမှုနှင့်ပတ်သက်၍ ယ‌နေ့ ‌ဖေ‌ဖေါ်ဝါရီ ၂ဝရက်‌နေ့၌ ၎င်း‌ဒေသရှိ ‌နောင်ကမြိုင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးတွင် ‌ဒေသခံရွာ သားများနှင့် အစိုးရလုပ်ပိုင်ခွင့်‌ပေးထားသူများ ‌တွေ့ဆုံမှု ပြုလုပ်ခဲ့‌သော်လည်း တစုံတရာ ညှိနှိုင်းနိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာသို့ တင်ပြ‌ဖြေရှင်းရန်ရှိသည်ဟု ‌နောင်ကမြိုင်ရွာ လယ်သမား‌ခေါင်း‌ဆောင် ‌စော‌အောင်သိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“တခြားရွာ‌တွေ‌တော့ မသိဘူး။ ‌နောင်ကမြိုင်က‌နေ လယ်သွားလုပ်တဲ့လူ ၅၀‌ကျော်ရှိတယ်။ နီးစပ်ရာ‌တွေ ချုပ်လိုက်ရင် ဧကတစ် ‌ထောင်‌ကျော်‌လောက် ရှိတယ်။ အခုအားလုံးပါသွားပြီး။ ဘယ်အချိန်က ဘယ်သူ့ကိုလုပ်ခွင့်‌ပေးလဲမသိဘူး။ အခုယာထဲမှာ သူတို့ အလုပ်သမား‌တွေ‌ရောက်လာပြီး ခုတ်ထွင်ရှင်းလင်းမှပဲ သိရတယ်”ဟု ‌စောသိန်း‌အောင်က ‌ပြောသည်။

သက်ဆိုင်ရာက ‌ဈေးနှုန်းချိုသာစွာဖြင့် ရာဘာစိုက်ရန် ငှားရမ်း‌ပေးလိုက်သည့် ထီလုံကြိုးဝိုင်း‌မြေ‌နေရာများသည် ‌ဒေသခံရွာသား များက ဘိုးစဉ်‌ဘောင်ဆက်၊ ‌ခေတ်အဆက်ဆက် လယ်ယာ‌မြေစိုက်ပျိုးခဲ့ကြပြီး ယခင် မဆလ‌ခေတ်ကတည်းက အစိုးရထံ စပါး အခွန်‌ပေးသွင်းခြင်း၊ အခြားအဖွဲ့အစည်းများကို ကူညီပံ့ပိုး‌ပေးခြင်းများ လုပ်‌ဆောင်ခဲ့‌သော်လည်း တရားဝင်လုပ်ပိုင်ခွင့်ရရန် မည် သို့မျှ‌ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဘဲ ‌မြေယာပိုင်ဆိုင်ခွင့် အငြင်းပွားဖွယ်များ ဖြစ်‌ပေါ်လာသည်ဟု ‌နောင်ကမြိုင်ရွာသားများက ‌ပြောဆို ‌နေကြသည်။

လက်ရှိထီလုံကြိုးဝိုင်းတွင် ရာဘာစိုက်ပျိုးရန် ‌မြေဧက ၅ဝ လုပ်ပိုင်ခွင့်ရရှိသူတစ်ဦးနှင့် ကရင်ပြည်နယ်သစ်‌တောဦးစီးဌာနတို့က ၂၀၁၃ခုနှစ်၊ ဇွန် ၁၄ရက်‌နေ့တွင် ချုပ်ဆိုထားသည့်စာချုပ်အရ ရာဘာစိုက်ပျိုးရန် ‌မြေငှားရမ်းခြင်းကို နှစ် ၃ဝ ‌မြေငှားဂရမ်စနစ်ဖြင့် တနှစ်လျှင် ‌မြေတစ်ဧကငှားရမ်းခ ကျပ် ၅၀ဝနှုန်းဖြစ်‌ကြောင်း သိရသည်။

‌နောင်ကမြိုင်ရွာသား ‌စောအနိုင်က “အခု လုပ်ငန်းရှင်‌တွေကို တနှစ်ကို တစ်ဧကကျပ်၅၀ဝနှုန်းနဲ့ ငှားတယ်သိရ‌တော့ ရင်နာ တယ်။ ကျ‌နော်တို့ဒီထက်မက ‌ပေးနိုင်တယ်။ ဒါ‌ပေမယ့် ‌ဒေသခံ‌တွေရဲ့ ဘဝရပ်တည်‌ရေးကို လှည့်မကြည့်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်း‌ဒေသတွင် လုပ်ပိုင်ခွင့်ရရှိထားသူ ပြည်နယ်လွှတ်‌တော်အမတ် ‌စောမင်း‌အောင်လင်းက “ကျ‌နော်လည်း ပြည်သူထဲက ပြည် သူတစ်‌ယောက်ပဲ။ ပြည်သူတစ်‌ယောက်ရဲ့ ရပိုင်ခွင့်နဲ့ သက်ဆိုင်ရာကို တရားဝင်‌လျှောက်တယ်။ လုပ်ခွင့်ရလို့လုပ်တယ်။ အခုလို လုပ်လို့ရတာ လယ်သမား‌တွေလက်ခံလို့‌ပေါ့။ လက်မခံရင် လယ်သမား‌တွေရဲ့ လယ်‌တွေကိုမထိပါဘူး။ ဘာအရှိန်အဝါနဲ့မှ မဆိုင် ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံများနှင့် လုပ်ပိုင်ခွင့်ရထားသူများအကြား ယခုလို အငြင်းပွား‌နေမှုနှင့် ပတ်သက်၍ ပြည်နယ်သစ်‌တောဝန်ကြီးထံသို့ ‌ကေအိုင်စီက ဖုန်းဆက်‌မေးမြန်းရာ ပြည်နယ်သစ်‌တောရုံးကိုသာ ဆက်သွယ်‌မေးမြန်းရန်‌ပြောဆိုခဲ့သည်။ သို့‌သော် ပြည်နယ်သစ် ‌တောရုံးသို့ ထပ်မံ ဆက်သွယ်‌မေးမြန်းခဲ့‌သော်လည်း ဖုန်းကိုင်မည့်သူ မရှိခဲ့‌ပေ။

ယခု ‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းက ထီလုံကြိုးဝိုင်း၌ ‌ဒေသခံပိုင် ‌မြေယာများတွင် အမည်မသိလူတစ်စုက လာ‌ရောက်၍ ခုတ်ထွင်ရှင်း လင်းမှုများ ပြုလုပ်ပြီး ‌ဒေသခံရွာသားများက ယင်းသို့ ခုတ်ထွင်ရှင်းလင်းရသည့် အ‌ကြောင်းရင်းကို ‌မေးမြန်းရာတွင် ခြံပိုင်ရှင်က ငှားရမ်း၍ လုပ်‌ဆောင်ရ‌ကြောင်း တုန့်ပြန်‌ပြောဆိုခဲ့သည်ဟု ‌ဒေသခံများ၏ ပြန်လည်‌ပြောပြချက်အရ သိရသည်။