Home သတင်း လူငယ်‌တွေ့ဆုံပွဲနှင့် ကရင့်သမိုင်း စာတမ်းဖတ်ပွဲ ရန်ကုန်၌ ပြုလုပ်

လူငယ်‌တွေ့ဆုံပွဲနှင့် ကရင့်သမိုင်း စာတမ်းဖတ်ပွဲ ရန်ကုန်၌ ပြုလုပ်

2177

‌ဖေ‌ဖော်ဝါရီ ၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်း‌ဘေးရှိ ယုဒသန်ခမ်းမတွင် ယမန်‌နေ့က ၆၅နှစ်‌မြောက် ကရင့်‌တော်လှန်း‌ရေး‌နေ့၌ အထိမ်း အမှတ်အဖြစ် ကရင်လူငယ်များ‌တွေ့ဆုံပွဲနှင့် ကရင့်သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ရပ်ကို ကရင်လူငယ်များကွန်ယက်က ဦး‌ဆောင်ကျင်းပခဲ့သည်။

ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့နှင့်အတူ ပူးတွဲကျင်းပခဲ့သည့် အဆိုပါပွဲမှာ ကရင်လူငယ်များ တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ကာ စည်းလုံးညီညွတ်မူရှိ‌စေရန်၊ မျက်‌မှောက်နိုင်ငံ‌ရေး အ‌ခြေအ‌နေများကို ပိုမိုသိရှိနားလည်‌စေရန်နှင့် ကရင်အမျိုးသား သမိုင်းဆိုင် ရာများကို သိရှိရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်‌ကြောင်း ဦး‌ဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် ‌စောထွန်းထွန်းက ‌ပြောဆိုသည်။

“ဒီ‌နေ့ဟာ ၆၅နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ဖြစ်တယ်။ တိုင်းပြည်အကူးအ‌ပြောင်းကာလမှာ တိုင်းရင်းသား‌တွေဟာ သူတို့ရဲ့ ဆန္ဒကို လွတ်လပ်စွာ ‌ပြောဆိုခြင်း၊ ‌ဆွေး‌နွေးနိုင်ခြင်း အခန်းကဏ္ဍ ပိုပြီး‌တော့ ‌ကောင်းမွန်လာဖို့ ဒီအစီအစဉ်ကို လုပ်‌ဆောင်ရခြင်း ဖြစ်ပါတယ်”ဟု ‌စောထွန်းထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အခမ်းအနားတွင် နိုင်ငံ‌ရေးအကျဉ်းသူ‌ဟောင်းတစ်ဦးဖြစ်သည့် ‌နော်အုန်းလှ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ‌တော်လှန် ‌ရေးနယ်‌မြေမှ ‌စောပိုပိုထူး‌အောင် အပါအဝင် တက္ကသိုလ်များ မဟာရန်ကုန် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ကရင် ‌ကျောင်းသူ‌ကျောင်းသားများ၊ ‌ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံ‌တေး၊ ‌မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံနှင့် ရန်ကုန်မြို့တို့တွင် ‌နေထိုင်ကြ‌သော ကရင်လူငယ်‌ပေါင်း ၁၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားတက်‌ရောက်သူ ‌မှော်ဘီနည်းပညာတက္ကသိုလ် ဒုတိယနှစ်‌ကျောင်းသား မန်း‌သောသျှမ်းက “ဒီ‌နေ့အခမ်းအနား လာတက်ရတာ မသိ‌သေးတဲ့အရာ‌တွေ သိရတယ်။ ဒါ‌ပေမယ့် နိုင်ငံ‌ရေးအ‌ကြောင်းအရာ‌တွေ အရမ်းများတယ်။ လူငယ်‌တွေအ‌နေ နဲ့ ‌ရှေ့ဆက်ဘာလုပ်သင့်တယ်။ ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်ကြမလဲ။ ဒါ‌တွေကိုရှင်း‌အောင် လုပ်သွားနိုင်ရင် ပို‌ကောင်းတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ဒီမိုက‌ရေစီအသွင်ကူး‌ပြောင်း‌ရေးတွင် ကရင်လူငယ်များ၏ အခန်းကဏ္ဍစာတမ်း၊ ကရင်လက်နက်ကိုင် ‌တော်လှန်‌ရေး ‌ပေါ်‌ပေါက်လာပုံ သမိုင်းစာတမ်းများနှင့် ၆၅နှစ်‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့သို့ ‌ပေးပို့သည့် KNU ဥက္ကဌ မူတူး‌စေးဖိုး၏ မိန့်ခွန်း များကို အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

ကမ္ဘာ‌အေး သာသနာ့တက္ကသိုလ်မှ ဆရာ‌တော်ဦးဝိစိတ္တက ကရင့်ကံကြမ္မာ ကရင်ဖန်တီး‌ရေး၊ တန်းတူအခွင့်အ‌ရေး စသည့်အမျိုး သား‌ရေးတာဝန်များသည် ကရင့်လူငယ်များ၏ လက်ဝယ်တွင်ရှိ‌ကြောင်း၊ နည်းပညာ‌ခေတ်ကြီးထဲတွင် ပြင်ပယဉ်‌ကျေးမှုများ ဝင် ‌ရောက်လာသည့်အတွက် မိမိယဉ်‌ကျေးမူ၊ စာ‌ပေ၊ဓ‌လေ့ထုံးစံများ ‌မှေးမိန်‌ပျောက်ကွယ်သွားနိုင်သည်ကို ကရင်လူငယ်များအ‌နေ ဖြင့် သတိပြုကာ ထိန်းသိမ်း‌စောင့်‌ရှောက်သွားရန်လို‌ကြောင်း မြွက်ကြားခဲ့သည်။

ကရင်လူငယ်များကွန်ယက်ကို ကရင်လူငယ်များ ‌သွေးစည်းညီညွှတ်‌ရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်‌ဆောင်ရန် ရည်ရွယ် ချက်ဖြင့် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလက ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌နောင်နိုင်းရွာ၌ ကရင်လူငယ်အစည်းအရုံး-KYO မှ ဦး‌ဆောင်ကျင်းပခဲ့‌သော နှီး‌နှောဖလှယ်ပွဲတွင် ဖွဲ့စည်းခဲ့သည်။