Home သတင်း တိုက်ပွဲဆက်ဖြစ်၍ ပြည်လုံးကျွတ်လက်မှတ်ထိုး‌ရေး ကြန့်ကြာနိုင်ဟု UNFC ‌ပြောဆို

တိုက်ပွဲဆက်ဖြစ်၍ ပြည်လုံးကျွတ်လက်မှတ်ထိုး‌ရေး ကြန့်ကြာနိုင်ဟု UNFC ‌ပြောဆို

1482

‌ဖေ‌ဖော်ဝါရီ ၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်တို့တွင် အစိုးရစစ်တပ်နှင့် ‌တော်လှန်‌ရေးလက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ ဆက် လက် ဖြစ်ပွား‌နေသည့်အတွက် ပြည်လုံးကျွတ်လက်မှတ်ထိုး‌ရေးကိစ္စမှာ ကြန့်ကြာနိုင်သည်ဟု ညီညွှတ်‌သော တိုင်းရင်းသားလူ မျိုးများဖက်ဒရယ်‌ကောင်စီ(UNFC)က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

ယမန်‌နေ့ ‌ဖေ‌ဖော်ဝါရီ ၃ရက်‌နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နိုင်ငံတကာ တတ်သိပညာရှင်သုံးဦးက တိုင်းရင်းသားအဖွဲ့ ၁၂ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့် UNFC အဖွဲ့ဝင်ကိုယ်စားလှယ် ၂၀‌ကျော်နှင့် တစ်ရက်တာ လာ‌ရောက်ပြုလုပ်သည့် ပဋ္ဋိပက္ခ‌ဖြေရှင်းခြင်းနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ လုပ်နည်းလုပ်ဟန်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် UNFC က ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

UNFC ဒုဥက္ကဌ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မဟာမိတ်ဆက်ဆံ‌ရေးဌာန တာဝန်ခံ ပဒို‌စော‌ဒေးဗစ်သာက‌ဘောက “တစ်ပြည်လုံး ပစ်ခတ်ရပ်စဲ‌ရေးကိစ္စနဲ့ ပတ်သက်လို့ ‌ဆွေး‌နွေးတဲ့အခါ ဘယ်‌နေရာမှာ အခက်အခဲရှိလည်း ‌ဆွေး‌နွေးကြတယ်။ အဲဒီ ‌နေရာမှာ အစိုးရက လက်ရှိ ကချင်နဲ့ ပ‌လောင်(တအန်း)အဖွဲ့‌တွေကို တိုက်‌နေ‌သေးတာကိုကြည့်ရင် တနိုင်ငံလုံး အပစ်ရပ် ‌ရေး သ‌ဘောတူညီဖို့က ကြန့်ကြာသွားနိုင်‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရဘက်က မည်သည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ကိုမျှ တိုက်ခိုက်ခြင်းမရှိ‌တော့မှသာ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲ‌ရေး ဖြစ်‌ပေါ်လာနိုင်ပြီး ထိုမှတဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးခြင်း အခန်းကဏ္ဍသို့ဆက်သွားကာ စစ်မှန်သည့် ပြည် ‌ထောင်စုစနစ်ထူ‌ထောင်‌ရေး၊ အချုပ်အခြာအာဏာ တည်မြဲ‌ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု တည်မြဲ‌ရေး၊ ပြည်‌ထောင်စု မပြိုကွဲ‌ရေးများကို ရရှိနိုင်မည်ဟု သူက ဆက်‌ပြောသည်။

ယမန်‌နေ့ နံနက် ၉နာရီမှ ည‌နေ၄နာရီအထိ ပြုလုပ်ကျင်းပခဲ့‌သော အဆိုပါအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် အဂင်္လန်နိုင်ငံ သံအမတ်အရာ ရှိ၊ အင်ဒိုနီးရှား‌ရှေ့‌နေချုပ်‌ဟောင်းနှင့် ‌တောင်အာဖရိကနိုင်ငံ ငြိမ်းချမ်း‌ရေးဆိုင်ရာ အတတ်ပညာရှင် ၃ဦးတို့မှ UNFC အဖွဲ့ဝင် ‌ခေါင်း‌ဆောင်ကိုယ်စားလှယ်များကို လာ‌ရောက်‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ပါဝင်သူ ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)၏ ဗဟို‌ကော်မတီဝင် ဂျိမ်းစ်လွမ်း‌ဒေါင်က “အစိုးရဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးချင်တယ်လို့‌ပြောတယ်။ တဖက်မှာလည်း ကျ‌နော်တို့ကို တိုက်‌နေတုန်းပဲ။ တကယ်ဖြစ်ရမှာက တစ်ပြည်လုံးအပစ်အခတ်ရပ်စဲ‌ရေးလိုချင်ရင် တိုက်ခိုက်မှု‌တွေကို ရပ်တန့်ရမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌ဆွေး‌နွေးပွဲတွင် တတ်သိပညာရှင်တို့ဘက်ကလည်း နိုင်ငံ‌ရေးပဋိပက္ခနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံနှင့် အာဖရိကနိုင်ငံ အ‌တွေ့ အကြုံများကို ‌ဆွေး‌နွေးဖလှယ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များနှင့် အစိုးရအကြား အမျိုးသား ပြန်လည် သင့်မြတ်‌ရေးရရှိရန်အတွက် တတ်စွမ်းသမျှ ညှိနှိုင်း‌ပေးသွားမည်ဟု‌ပြောခဲ့‌ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဗမာ(မြန်မာ)လူမျိုးဦး‌ရေ ၇ဝရာခိုင်နှုန်းရှိ‌ကြောင်း နိုင်ငံတကာ၏ အထင်မှားမှုအ‌ပေါ် ၎င်းတို့ကို ပြန် လည်ရှင်းပြခဲ့သလို အမှန်စင်စစ်မှာ တိုင်းရင်းသားဦး‌ရေ ၇ဝရာခိုင်နှုန်း‌ကျော်ရှိ‌ကြောင်း ရှင်းပြခဲ့သည်ဟု UNFC က ဆိုသည်။

ဇန်နဝါရီ ၂ဝရက်မှ ၂၅ရက်‌နေ့အထိ KNU ထိန်းချုပ်ရာနယ်‌မြေ ‌လော်ခီးလာစခန်း၌ တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်းများ၏ ကွန်ဖရင့်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်ကို အဖွဲ့ (၁၇)ဖွဲ့က အတည်ပြု လက်မှတ်ထိုးခဲ့ပြီး ‌နောက် UNFC အဖွဲ့ဝင်များက နိုင်ငံတကာတတ်သိပညာရှင်များကို ယခုလို ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။