Home သတင်း စိတ်ကြွ‌ဆေး ‌လေး‌သောင်း‌ကျော် DKBA နှင့် မြဝတီခရိုင်ရဲများ ပူး‌ပေါင်းဖမ်းဆီး

စိတ်ကြွ‌ဆေး ‌လေး‌သောင်း‌ကျော် DKBA နှင့် မြဝတီခရိုင်ရဲများ ပူး‌ပေါင်းဖမ်းဆီး

2076

‌ဖေ‌ဖော်ဝါရီ ၄ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA)နှင့် မြဝတီခရိုင်၊ မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ ပူး‌ပေါင်းပြီး ဦး‌အောင် (ခ) ကို‌အောင် ‌အောင် ၅၁နှစ်နှင့် စိုင်းထွန်း‌အောင် ၄၁နှစ်တို့အား စိတ်ကြွ‌ဆေးပြား အလုံး ‌ရေ ၄၄၁၁ဝနှင့်အတူ ‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့က မြဝတီမြို့ အမှတ်-၅ရပ်ကွက်၊ ‌ရွှေဝါထွန်းလမ်း တွင် ဖမ်းဆီးလိုက်‌ကြောင်း သိရသည်။

ထို‌နေ့တစ်ရက်တည်းပင် DKBA ကလို့ထူးလားတပ်ဖွဲ့မှ မြဝတီမြို့တွင် စိတ်ကြွ‌ဆေးပြား‌ပေါင်း ၂၂,၁၃ဝပြားကို သိမ်းဆည်းရမိခဲ့ပြီး ‌နောက် မြဝတီခရိုင်၊ မြို့နယ်မူးယစ်တပ်ဖွဲ့များ၊ အုပ်ချုပ်‌ရေးမှူး၊ သတင်းတပ်ဖွဲ့များနှင့်ပူး‌ပေါင်းပြီး ‌နောက်ထပ် ရှာ‌ဖွေမှုများ ပြုလုပ်ခဲ့ ရာ ‌ဆေးပြား‌ပေါင်း (၂၁၉၈၀)ပြားကို ၎င်းတို့ထံမှ ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု DKBA မြဝတီမြို့၊ ဆက်ဆံ‌ရေးရုံး တာဝန်ခံ ဗိုလ်ကြီး‌စောစိုးမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ပထမအကြိမ်က‌တော့ ကျ‌နော်တို့ကိုယ်တိုင် သွား‌ရောက်ဖမ်းဆီးတာပါ။ ဒုတိယအကြိမ်‌တော့ သက်ဆိုင်ရာနဲ့ပူး‌ပေါင်းပြီး ဖမ်းဆီး တာဖြစ်ပါတယ်။ မူးယစ်‌ဆေးဝါးကာကွယ်တိုက်ဖျက်‌ရေးကို ကျ‌နော်တို့က တာဝန်တစ်ရပ်အ‌နေနဲ့ ခံယူထားတဲ့အတွက် အခုလို သွား‌ရောက်ဖမ်းဆီးခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး သက်ဆိုင်ရာနဲ့ လက်တွဲပြီး‌တော့ ပူး‌ပေါင်းတိုက်ဖျက်သွားမယ်”ဟု ဗိုလ်ကြီး ‌စောစိုးမြင့်က ‌ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးရမိပြီး သိမ်းဆည်းထားသည့် စိတ်ကြွ‌ဆေးပြားများမှာ စုစု‌ပေါင်း အ‌လေးချိန် (၄၁၉၉)ဂရမ်နှင့် ကာလတန်ဖိုး အားဖြင့် မြန်မာကျပ်‌ငွေ (၁၃၂,၃၃၀,၀၀၀)ရှိ‌ကြောင်း မြဝတီမြို့ ရဲစခန်း၏ စာရင်းမှတ်တမ်းအရ သိရသည်။

ကရင်လူငယ်ကွန်ယက်အဖွဲ့ဝင်ဖြစ်သူ DKBA ကလို့ထူးဝါး တပ်မဟာ ‌ထောက်လှမ်း‌ရေးမှူး ဗိုလ်ကြီး‌စောသရီးထူးက “ကျ‌နော်တို့ သတင်းရလို့ ဝင်‌ရောက်ဖမ်းဆီးတယ်။ ကျ‌နော်တို့တပ်ဖွဲ့အ‌နေနဲ့သာမဟုတ်ဘဲ ကရင်လူငယ်ကွန်ယက်အ‌နေနဲ့လည်း မူဝါဒနဲ့အ ညီ တာဝန်သိစွာနဲ့ လုပ်‌ဆောင်ရတာဖြစ်တယ်။ မြဝတီခရိုင်ရဲ‌တွေကလည်း အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်တာကို လက်ခံပါ တယ်”ဟု ‌ပြောဆိုသည်။

စိတ်ကြွ‌ဆေးနှင့် ပတ်သက်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့‌သော်လည်း လက်ရှိအချိန်တွင် စိုင်း‌အောင်ဆိုသူမှာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေ ‌ကြောင်းနှင့် ၎င်းတို့သုံးဦးကို မြဝတီမြို့မရဲစခန်းတွင် မယ(ပ)၅/၂၀၁၄မူး/ စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အ‌ရေးယူထား ‌ကြောင်း သိရသည်။

မြဝတီမြို့ခံတစ်ဦးက “အခုတ‌လော မူးယစ်‌ဆေးဝါး‌တွေ ဖမ်းမိတာ စိပ်လာတယ်။ လုပ်တဲ့သူ‌တွေကလည်း ပိုများလာတယ်။ သား သမီး‌တွေကို မိဘတစ်‌ယောက်အ‌နေနဲ့ စိတ်ပူရတယ်။ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အုပ်ချုပ်‌ရေးအာဏာပိုင်‌တွေ ပူး‌ပေါင်းပြီး ထိထိ‌ရောက်‌ရောက် တိုက်ဖျက်‌ပေးရင်‌တော့ ‌အောင်မြင်မှာ ‌သေချာတယ်”ဟု ‌ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့သည် မူးယစ်‌ဆေးဝါးသုံးစွဲမှုများ၊ ‌ရောင်းဝယ်‌ဖောက်ကားမှု များပြားလျှက်ရှိ သည့်မြို့ဖြစ်ပြီး အစိုးရ၏ မူးယစ်နှိမ်နင်း‌ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တို့က ဖမ်းဆီးနှိမ်နင်းမှုများရှိ‌သော် လည်း ယခုအချိန်ထိ အရှိန်‌လျော့မသွားဘဲ ဖမ်းဆီး‌နေရ‌နေဆဲဖြစ်သည်။