Home သတင်း သတ္တုတူး‌ဖော်‌ရေးလုပ်ငန်း‌ကြောင့် ထိခိုက်မှုများကို ထားဝယ်‌ဒေသခံများ ရှင်းလင်း

သတ္တုတူး‌ဖော်‌ရေးလုပ်ငန်း‌ကြောင့် ထိခိုက်မှုများကို ထားဝယ်‌ဒေသခံများ ရှင်းလင်း

2154

နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့အ‌ရှေ့ဘက်ရှိ ‌ကျေးရွာများမှ ‌ဒေသခံများ က အပစ်အခတ်ရပ်စဲ‌ရေး မတိုင်ခင်နှင့် ရပ်စဲပြီး ကာလ သတ္တုတွင်း တူး‌ဖော်မှု များ‌ကြောင့် ဖြစ်‌ပေါ် လာ‌သော ပြဿနာများနှင့် လူထု၏ ထိခိုက်ခံစားရမှုများကို သိမြင်‌စေရန် ရည် ရွယ်၍ နိုဝင်ဘာ ၁၂ရက်‌နေ့က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။

ထိုရှင်းလင်းပွဲတွင် ထားဝယ်အ‌ရှေ့ဘက်ခြမ်း၌ တူး‌ဖော်လျက်ရှိ‌သော ဟိန္ဒားနှင့် ဝကုန်းရွာရှိ ဘဝပင် မိုင်းတွင်းများ‌ကြောင့် ‌ရေထုညစ်ညမ်းမှုများ ဆိုးရွားစွာ ရင်ဆိုင်လျှက်ရှိပြီး ‌ကျောက်မီး‌သွေးမိုင်း‌ကြောင့် ဘန်း‌ချောင်း‌ဒေသတွင်လည်း ‌ရေထုညစ်ညမ်းမှု စတင် ရင်ဆိုင်‌နေရပြီဟု ‌ဒေသခံများက ဆိုသည်။

“ကျ‌နော်တို့‌ဒေသမှာ ‌ကျောက်မီး‌သွေးမိုင်း ဧက (၈၀၀၀)နဲ့ ၂၅နှစ် လုပ်ခွင့်ရထားတယ်လို့ သိထားတဲ့အတွက် ‌ကြောက်မက်ဖွယ် ရာ ထိခိုက်ပျက်စီးမှုု‌တွေ ဖြစ်လာမှာ အရမ်းစိုးရိမ်မိတယ်။”ဟု က‌ထောင်းနီ ‌ကျေးရွာမှ ‌စောကဘူးက ‌ပြောသည်။

ဒဂုံမြို့နယ်ရှိ PartRoyal Hotel ၌ နိုဝင်ဘာ ၁၂ရက်၊ ‌နေ့လည် ၁နာရီကTa Ka Paw YouthGroup (တာက‌ပေါ)နှင့် ထားဝယ် ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့တို့ ပြုလုပ်ခဲ့သည့် ယင်းရှင်းလင်းပွဲတွင် သတ္တုတူး‌ဖော်‌ရေးပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ထိခိုက်ခံစားရသူ ‌ဒေသခံများ၊ မီဒီယာများ အပါအဝင် စိတ်ပါဝင်စားသူ လူဦး‌ရေ ၇၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

Ta Ka Paw YouthGroup မှ ‌နော်‌ပေတာ‌လောက “ထားဝယ်အ‌ရှေ့ဘက်ခြမ်း‌တွေမှာ အပစ်ခတ်ရပ်စဲ‌ရေး‌နောက်ပိုင်း ကုမ္ပဏီ ‌တွေကို ကရင်တိုင်းရင်းသား‌တွေ ‌နေထိုင်တဲ့‌ဒေသ‌တွေမှာ ရာဘာစိုက်ပျိုးဖို့ ‌မြေဧက‌သောင်းချီပြီး အစိုးရက ခွင့်ပြု‌ပေးတာ၊ ပွင့် လင်းမြင်သာမှုမရှိဘဲ မိုင်းအသစ် တူး‌ဖော်‌နေတာ‌တွေကို မီး‌မောင်းထိုးပြချင်တာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၎င်း‌ဒေသ၌ သတ္တုတွင်းတူး‌ဖော်မှုများ‌ကြောင့် ဧက‌ထောင်ချီ‌သော ‌ဒေသခံများ၏ ဥယျာဉ်ခြံ‌မြေနှင့် အသက်‌မွေးဝမ်း ‌ကြောင်း ဆုံးရှုံးရန် ခြိမ်း‌ခြောက်လျှက်ရှိသည်ဟု သတင်းစာရှင်းလင်းပွဲ၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲပြီး‌နောက်ပိုင်း အလုံးအရင်းနှင့် ဝင်‌ရောက်လာ ‌သော စီးပွား‌ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ‌ကေအဲန်ယူ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင် တွဲဖက်အတွင်း‌ရေးမှူး ‌စောအဲ့နာ က ယခုလို ‌ပြောသည်။

သူက “ကျ‌နော်တို့က‌တော့ ‌ဒေသဖွံ့ဖြိုး‌ရေး၊ စီးပွား‌ရေးလုပ်ငန်း‌တွေနဲ့ ပတ်သက်လာရင် KNU ဗဟိုက ချမှတ်ထားတဲ့ မူအတိုင်းပါ ပဲ။ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ရဘူး။ ပြည်သူလူထုကိုမထိခိုက်ရဘူး။ အစည်းအရုံးကို အသိ‌ပေးရမယ်။ ‌နောက်ပြီး ချမှတ် ထားတဲ့ စည်းကမ်း‌တွေမလိုက်နာရင် ဘယ်စီးပွား‌ရေးလုပ်ငန်းမှ ခွင့်‌ပေးမှာ မဟုတ်ဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘန်း‌ချောင်း‌ကျောက်မီး‌သွေးမိုင်းသည် မြန်မာ‌မေဖလားဝါးကုမ္ပဏီနှင့် East Star ကုမ္ပဏီ (ထိုင်း)တို့က ၂၀၁၁ခုနှစ်တွင် စတင် တူး‌ဖော်ခဲ့သည်။ သို့‌သော် ‌အောက်တိုဘာလက ပြုလုပ်ခဲ့‌သော ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အစည်းအ‌ဝေးတွင် East Star ကုမ္ပဏီ၏ ‌ကျောက်မီး‌သွေးတူး‌ဖော်ခြင်းလုပ်ငန်းကို ‌ဒေသခံများ၏ ‌တောင်းဆိုမှုဖြင့် ‌ခေတ္တရပ်နားထားရန် ဆုံးဖြတ်ထားခဲ့‌ကြောင်း အဆိုပါ ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူက ‌ပြောဆိုသည်။

လက်ရှိအချိန်တွင် အစိုးရက ခွင့်ပြုထား‌သော မြန်မာ‌မေဖလားဝါးကုမ္ပဏီသည် ဆီ‌ဒေါမှ က‌ထောင်းနီရွာသို့ ‌ကျောက်မီး‌သွေး သယ်ယူရန် စတင်လမ်း‌ဖောက်လုပ်လျှက်ရှိပြီး ထားဝယ်အ‌ရှေ့ဘက် ခ‌မောင်းသွယ်‌ဒေသတွင်လည်း First Resource Co., Ltd က သတ္တုမိုင်းအသစ်များ တူး‌ဖော်ရန် ကြိုးစား‌နေ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ‌ကျောက်မီး‌သွေးသိုက် (၃၃)ခုရှိသည်ဟု အာရှဖွံ့ဖြိုး‌ရေးဘဏ်(Asia Development Bank-ADB)၏ အစီ ရင်ခံစာ၌ ‌ဖော်ပြထားပြီး ၎င်းတို့အနက် တနသင်္ာရီတိုင်း‌ဒေသကြီးတွင် ‌ကျောက်မီး‌သွေးသိုက် (၄)ခု ရှိသည်။