Home ကဗျာ သူရဲ‌ကောင်း (ကဗျာ)

သူရဲ‌ကောင်း (ကဗျာ)

3658
(လကင်္ာဒီပ)

Lionရဲ‌ဘော်……………..
ယုတ္တိသဘာဝကျတဲ့ သ‌ဘောတရား
အမျိုးသားတရပ်လုံး
တုံး‌အောက်ကဖား အဖြစ်‌တွေမှ လွတ်‌မြောက်‌ရေး
သမိုင်း‌ပေးတာဝန်‌တွေ ထမ်း‌ဆောင်ရင်း
ဒုက္ခတွင်းထဲ ကုန်းထ ရုန်းထ ပြုတ်ကျလိုက်
ပြန်ထူလိုက် ‌ဖေးမလိုက်နဲ့
မှတ်‌ကျောက်တိုက် စစ်‌ဆေးခံခဲ့တာ
သင်ဟာ ‌ဖောက်ပြန်‌ရေးသမားတ‌ယောက် မဟုတ်ခဲ့ဘူး။

တုံးတိုက်တိုက် ကျားကိုက်ကိုက်
ရင်ခွင်ပိုက်ခဲ့တဲ့‌တော်လှန်‌ရေး
အ‌ကွေ့အ‌ဖျောက် အတက်အကျ
‌လောကဒဏ် လှိုုင်းထန်ထန်
စစ်မှန်တဲ့ သင့်‌တော်လှန်‌ရေး စိတ်ဓါတ်ကိုကား
‌ဝေဝါး မ‌ထွေပြားသွား‌စေနဲ့ ရဲ‌ဘော်။

တယူမသန်ပါဘူး
ဆူးကြားခ‌ယောင်းကြား
မထားခဲ့ရက်နိုင်တဲ့ ဆန္ဒ
အများတွက် ဘဝကို‌တောင်
အ‌နှောင်မပါ ထိုး‌ကျွေးဝံ့တဲ့လူစား‌တွေ
‌သေဆုံးခြင်း ရှင်သန်ခြင်း
အလျင်းသူနဲ့ မဆိုင်သ‌ဘောထား
ပြည်သားပြည်သူ တန်းတူညီမျှဖို့အ‌ရေး
စိတ်‌ကောင်း‌မွေးခဲ့တဲ့ သူရဲ‌ကောင်းရဲ‌ဘော်။

‌တော‌တောင်‌ကျောက်‌ဆောင်
‌တောင်တန်းကြီး‌တွေ လျို‌မြောင်‌တွေကြား
နှင်းခါးမိုးခါး ‌နွေခါးခါး
‌ချွေးများ ‌သွေးများ ခါးသီးခဲ့ကြလည်း
အရဲစွန့် ‌နောက်မတွန့်စတမ်း
ဖြတ်သန်း ‌ပေးဆပ် စွန့်လွှတ်မှု‌တွေက
ညီမျှတဲ့ တန်းတူအခွင့်အ‌ရေး‌တွေအတွက် မဟုတ်လား။

တန်းတူ‌ရေးကိုယ်ပိုင်ပြဌာန်းခွင့်
သင့်မြတ်‌လျှော်ညီ‌ရေး
ရင်မှာ ‌မွေးဖွား‌ပေးခဲ့လာ
တာဝန်နဲ့ ဝတ္တရား
တပြားသားမှ မ‌လျော့ဘူးဆိုတဲ့
ကျူးရင့်ခဲ့တဲ့ သင့်စကားလုံး
သက်ထက်ဆုံး သင်တာဝန်ယူနိုင်သွားမယ်ဆိုရင်။

‌ဘေးဒုက္ခ‌ရောက်တာ‌တောင်
‌ရှောင်လဲမသွား မြက်မစားခဲ့တာ
‌ကေသရာဇာခြ‌သေင့်္လိုစိတ်နဲ့ သူရဲ‌ကောင်း
‌ခေါင်း‌ဆောင်‌ကောင်း အသိရှိစွာ
သံသာ‌လေတဖက်ကမ်း
လှမ်းလို့ ဆွဲ‌ခေါ်သွားရစ်မဲ့‌မောင်
‌ရွှေ‌တောင်ပံ‌တွေလဲ မကျွတ်စတမ်းခတ်မယ်‌ပေါ့။

(စက်တင်ဘာ ၂ဝ ၂၀၁၃)