Home သတင်း ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံသားတစ်ဦး ‌သေ နတ်ဖြင့် အပစ်ခံရ

ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံသားတစ်ဦး ‌သေ နတ်ဖြင့် အပစ်ခံရ

1802

စက်တင်ဘာလ ၂၇ရက်။ ၂၀၁၃ခုနှစ်။ ‌စောသိန်းမြင့်

2013-09-25 22.10.46-1
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးနယ်ခွဲရှိ ဘုရားသုံးဆူမြို့ ရပ်ကွက်(၄) ဒီဘဂင်္ရာဘုရားလမ်း၊ တိုင်တစ်ရာ ဘုန်းကြီး‌ကျောင်းဝင်းအတွင်း၌ စက်တင်ဘာလ ၂၅ရက်‌နေ့၊ မြန်မာစံ‌တော်ချိန် ည ၈နာရီ‌ကျော်အချိန်တွင် ထိုင်းနိုင်ငံသားတစ်ဦးကို ‌သေနတ်ဖြင့် ပစ်ခတ်မှုခံခဲ့ရသည်ဟု သိရသည်။

အပစ်ခံရသူမှာ အသက် ၃၆နှစ်အရွယ် အလစ်ဆိုသူဖြစ်ပြီး ၎င်းအသိမိတ်‌ဆွေတစ်ဦး၏ ‌ခေါ်‌ဆောင်ရာ‌နောက်သို့ လိုက်ပါသွားခဲ့ ရာမှ ‌သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ပစ်ခတ်မှုအ‌ပေါ် ကိုယ်တိုင်‌သေနတ်သံ ကြားခဲ့ရသူ ဘုရားသုံးဆူမြို့ခံတစ် ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဘုန်းကြီး‌ကျောင်းဝင်းမှာ အပစ်ခံရတာ။ ‌သေနတ်သံ သုံးချက် ကြားတယ်။ ‌နောက်ပြီး ‌ခွေး‌ဟောင်သံလည်း ကြားလို့ ဘုန်းကြီးတစ်ပါးက သွားကြည့်‌တော့ ကြံခင်းထဲမှာ လူးလှဲ‌နေတာကို ‌တွေ့တယ်။ ဘုန်းကြီးက သူ့ရဲ့ ဒကာ‌တွေကို ‌ခေါ်ပြီး ‌ဆေးရုံ ကို ပို့လိုက်တယ်”ဟု ‌ပြောသည်။

‌သေနတ်ဖြင့် အပစ်ခတ်ခံရသူမှာ ၎င်း၏ ညာဘက်ခြမ်း ရင်ဘတ်တွင် တစ်ချက်ထိမှန်၍ ထိုးထွင်း‌ပေါက်သွားခဲ့သလို ညာဘက် လက်‌မောင်းနှင့် ညာဘက်တံ‌တောင်‌အောက်တွင် တစ်ချက်စီ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။ ယခု ပစ်ခတ်ခံရ မှုမှာ မူးယစ်‌ဆေးဝါးနှင့် သက်ဆိုင်‌ကြောင်း၊ အချင်းချင်းကြား ‌ဝေစုမတည့်၍ ပစ်ခတ်ခံရသည်အထိ ပြဿနာဖြစ်လာခြင်းဖြစ် ‌ကြောင်း ၎င်းတို့နှင့်နီးစပ်သူများက ‌ဝေဖန်‌ပြောဆို‌နေကြသည်။

အဆိုပါထိုင်းနိုင်ငံသား အလစ်မှာ ထိုင်းနိုင်ငံ၊ ဆိုဖန်ခရိုင်တွင် ‌နေထိုင်ကာ ဝက်‌မွေးမြူ‌ရေးလုပ်ငန်း လုပ်ကိုင်‌နေသူတစ်ဦးဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ချင်း ထိစပ်သည့် ဘုရားသုံးဆူမြို့တွင် အစဉ်အမြဲလိုလို ဝင်ထွက်သွားလာသူတစ်ဦး ဖြစ်သည်။ ၎င်းအား ဘုရား သုံးဆူမြို့‌ဆေးရုံတွင် အနည်းငယ် ‌ဆေးကုသ‌စေပြီး‌နောက် ည ၉နာရီ‌ကျော်အတွင် နှစ်နိုင်ငံနယ်စပ် ဆက်ဆံ‌ရေးရုံးမှတဆင့် ထိုင်းအာဏာပိုင်များထံသို့ ညတွင်းချင်း ပြန်လည်လွှဲ‌ပြောင်း‌ပေးလိုက်‌ကြောင်း သိရသည်။

၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ ဘုရားသုံးမြို့ရှိ ရဲအရာရှိတစ်ဦးအား ‌ကေအိုင်စီက ‌မေးမြန်းခဲ့ရာ ‌ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ သို့ ‌သော် အစိုးရအာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက “‌နောက်က‌နေ လှမ်းပစ်တဲ့ အ‌နေအထားပဲ။ အတို(ပစ္စတိုနဲ့ ပစ်ခတ်ခံရတဲ့ပုံစံ ပဲ။ အခုချိန်ထိ‌တော့ တရားခံကို ဘယ်သူဘယ်ဝါလည်းဆိုတာ သက်ဆိုင်ရာ အာဏာပိုင်‌တွေက ဆက်လက် စုံစမ်း‌နေဆဲပါ”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံသားအချို့သည် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ဖက်စပ်စီးပွား‌ရေးလုပ်ငန်းနှင့် အလည်အပတ်များအတွက် ‌နေ့ချင်းပြန် သို့မဟုတ် ညအိပ်ည‌နေ ဝင်ထွက်သွားလာ‌နေလည်း ရှိ‌သော်လည်း ယခုကဲ့သို့ ပစ်ခတ်ခံရမှုများ မရှိခဲ့‌ပေ။