Home သတင်း ကရင်သတင်းစဉ်၏ အ‌ခြေခံသတင်းသင်တန်း အာဏာပိုင်များ ‌စောင့်ကြည့်မှုရှိခဲ့

ကရင်သတင်းစဉ်၏ အ‌ခြေခံသတင်းသင်တန်း အာဏာပိုင်များ ‌စောင့်ကြည့်မှုရှိခဲ့

1836

စက်တင်ဘာလ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

DSC08275ကရင်သတင်းစဉ်ဂျာနယ်က ဦးစီး၍ ကရင်ပြည်နယ် ဘားအံမြို ့၊ သု‌မေဓါရာမ ကြား‌တောရ‌ကျောင်းတိုက်၌ စက်တင်ဘာလအ တွင်းက ဖွင့်လှစ်ခဲ့သည့် အ‌ခြေခံသတင်းစာသင်တန်းသို့ အာဏာပိုင်အချို့က သင်ကြား‌နေမူကို လာ‌ရောက်‌စောင့်ကြည့်ခဲ့ ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် ပြန်ကြား‌ရေးဝန်ကြီးဌာနက တရားဝင် ထုတ်‌ဝေခွင့်ပြုခဲ့သည့် ကရင်သတင်းစဉ်အ‌နေဖြင့် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်ကို ဖြည့်ဆည်းရန်နှင့် အ‌ခြေခံသတင်း‌ရေးသားနည်းကို သိရှိပြီး ပြန်လည်မျှ‌ဝေဖလှယ်၊ ‌ရေးသားတတ်‌စေရန် ရည်ရွယ်၍ သင်တန်းသား ၂၁ဦးကို စိစစ်‌ခေါ်ယူသင်တန်းပို့ချခဲ့ခြင်းဖြစ်‌ကြောင်း ဂျာနယ်အယ်ဒီတာအဖွဲ့က ‌ပြောသည်။

“ရန်ကုန်က အ‌တွေ့အကြုံရှိတဲ့ စာနယ်ဇင်းသမား‌တွေကို‌မေးကြည့်‌တော့ သူတို့လည်း တိုက်တွင်းသတင်းစာသင်တန်းကို ဒီလို ‌ခေါ်ပြီး သင်တန်းဖွင့်တယ်။ သတင်းသမား‌တွေ ‌မွေးယူတယ်လို့ သူတို့အ‌တွေ့အကြုံကို ‌ပြောပြတယ်။ ‌နောက်သိရသ‌လောက် ဆိုရင် ‌ထွေ‌ထွေထူးထူး ခွင့်ပြုချက်မလိုဘူးလို့ ‌ပြောကြတယ်”ဟု အယ်ဒီတာတစ်ဦးဖြစ်သူ ‌စောထွန်းလင်းက ‌ပြောဆိုသည်။

ယင်းသင်တန်းဖွင့်လှစ်ရန် ဘားအံခရိုင်အုပ်ချုပ်‌ရေးမှူးထံသို ့အ‌ကြောင်းကြားစာ‌ပေးပို့ခဲ့‌ကြောင်း၊ သင်တန်းမဖွင့်လှစ်မှီ အချိန်အ တွင်း ခရိုင်အုပ်ချုပ်‌ရေးမှူး၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှူးတို့ လာ‌ရောက်ကာ သင်တန်းနှင့်ပတ်သက်၍ ‌မေး မြန်းခဲ့သည့်အပြင် ရဲသတင်းတပ်ဖွဲ့မှလည်း ဝင်‌ရောက်သတင်းယူခဲ့‌ကြောင်း ဂျာနယ်တာဝန်ရှိသူများက ပြန်လည်ရှင်းပြသည်။

သင်တန်းကြီးကြပ်သူ နန်း‌ဖော့‌ဂေက “ခရိုင်အုပ်ချုပ်‌ရေးမှူးက‌တော့ ဒီ‌ခေတ်က ခွင့်ပြုချက်ရမှ သင်တန်းလုပ်လို့ရတာမျိုး မဟုတ် ‌တော့ပါဘူး‌ပေါ့။ ဒါ‌ပေမဲ့ ဒီသင်တန်းမျိုးက ကျ‌နော်တို့မှာ အီးစီရဲ့ဆုံးဖြတ်ချက်နဲ့မှ လုပ်‌လေ့ရှိတာမို့ အခုက အီးစီဆီ ပြည့်ပြည့်စုံစုံ ပြန်တင်ပြနိုင်‌အောင်ပါလို့ သင်တန်းမစခင်‌လေးမှာ လာ‌ပြောပြသွားပါတယ်။ သင်တန်းစ‌တော့ ရဲသတင်းတပ်ဖွဲ့-SB ‌ရောက်လာ ပြီး တစ်ရက်စာ ‌ဆွေး‌နွေးချက်၊ ပို့ချချက်‌တွေကို ‌မေးမြန်းမှတ်ယူပြီး သင်တန်းသားစာရင်း‌တွေ ကူးယူသွားပါတယ်။”ဟု ဆိုသည်။

ရန်ကုန်မြို ့အ‌ခြေစိုက် ပုဂ္ဂလိက သတင်းစာပညာသင်တန်းများကို အာဏာပိုင်များက လာ‌ရောက်စုံစမ်း‌မေးမြန်းမှုအချို့ ရှိခဲ့ဘူး ‌သော်လည်း သင်တန်းအတွင်း ဝင်‌ရောက်ကာ တစ်‌နေ့တာသင်တန်းချိန်ကို လာ‌ရောက်‌စောင့်ကြည့်ခြင်းမျိုး မကြုံဘူး‌ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း‌ကောင်စီအဖွဲ့ဝင်၊ ‌ပေါ်ပြူလာသတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ မတင်ဇာ‌ဇော်က ယခုလို ‌ပြောသည်။

“သင်တန်းမှာ ဘာသင်လဲ လာထိုင်ကြည့်စရာမလိုဘူးလို ့ထင်တယ်။ အဲ့‌လောက်ထိ သံသယရှိရင် စာထုတ်ကန့်ကွက်တာမျိုး လုပ်သင့်တယ်။ ဥပ‌ဒေညွှန်ကြားချက် တိတိကျကျမရှိဘဲ ‌အောက်‌ခြေက သူ့သ‌ဘောနဲ့သူ လုပ်တာပဲလို့မြင်တယ်။ လာထိုင်ကြည့် တယ်ဆိုတာ‌တော့ ခြိမ်း‌ခြောက်တဲ့အသွင်‌ဆောင်တာ‌ပေါ့။”ဟု မတင်ဇာ‌ဇော်က ဆိုသည်။
DSC08253
မိမိတို့အ‌နေဖြင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ‌သေချာမသိရှိ‌သော်လည်း အပြန်အလှန် နားလည်မူရှိရှိ လုပ်ကိုင် သွားလို‌ကြောင်း၊ ယခုကဲ့သို ့လာ‌ရောက်‌စောင့်ကြည့်သည့်အတွက် မိမိတို့နှင့် ဆက်သွယ်မည့် သတင်းအရင်းအမြစ်များနှင့် ပတ် ဝန်းကျင်၏ အမြင်လွဲမှားမူမျိုး ဖြစ်‌ပေါ်လာမည်ကို မလိုလား‌ကြောင်း ကရင်သတင်းစဉ်အယ်ဒီတာ ‌စောထွန်းလင်းက ‌ပြောသည်။

“သင်တန်းထဲကိုသူတို ့လာထိုင်‌နေ‌တော့ အပြန်အလှန် ‌ဆွေး‌နွေးရတာ မလွတ်လပ်ဘူး‌ပေါ့၊ ပွင့်ပွင့်လင်းလင်း‌မေးဖို့‌တွေ၊ ကိုယ့်အ မြင်ကို တင်ပြဖို့‌တွေ မလုပ်ရဲ‌တော့ဘူး။”ဟု သင်တန်းသားတစ်ဦးက ဆိုသည်။

စက်တင်ဘာ ၂ရက်‌နေ ့မှ ၂ဝရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါ အ‌ခြေခံသတင်းသင်တန်းတွင် သတင်းနှင့် ပတ်သက်သည့် အ‌ခြေခံအ‌ကြောင်းအရာများ၊ အ‌ခြေခံသတင်းဓါတ်ပုံပညာနှင့် လက်‌တွေ့ကွင်းဆင်း‌မေးမြန်းခြင်း၊ ပြန်လည်‌ရေးသားခြင်းများကို ဝါရင့်သတင်းစာဆရာများက ၎င်းတို့၏ အ‌တွေ့အကြုံများနှင့်ယှဉ်ကာ သင်ကြား‌ပေးခဲ့သည်။