Home သတင်း အသင်းဝင်‌ကြေးနှင့် လစဉ်‌ကြေး‌ကြောင့် ဘုရားသုံးဆူမြို့ရှိ အထည် ချုပ်သမားအချို့ မ‌ကျေနပ်

အသင်းဝင်‌ကြေးနှင့် လစဉ်‌ကြေး‌ကြောင့် ဘုရားသုံးဆူမြို့ရှိ အထည် ချုပ်သမားအချို့ မ‌ကျေနပ်

1718
ဩဂုတ်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ ထိုင်းဘက်ခြမ်းမှ အထည်များကို မှာယူပြီး ‌နေအိမ်တွင် တပိုင်တနိုင် အထည်ချုပ်၍ အသက်‌မွေးဝမ်း‌ကျောင်းပြု‌နေကြသည့် အထည်ချုပ်သမားတချို့သည် မြို့ရှိ အထည်ချုပ်အသင်းထံသို့ အသင်းဝင်‌ကြေးနှင့် လစဉ်‌ကြေး ‌ပေးသွင်း‌နေရခြင်းကို မ‌ကျေမနပ်ဖြစ်‌နေကြသည်ဟု သိရသည်။

ဘုရားသုံးဆူမြို့ရှိ တပိုင်တနိုင် အထည်ချုပ်သူ အိမ်‌ထောင်စု ၂၀‌ကျော်သည် ၎င်းတို့ချုပ်‌နေရသည့် ယင်းအထည်များကို ယခင်လ တတိယပတ်မှစ၍ တပ်ကုန်း‌ရှေ့ရှိ လပြည့်ဝန်း အထည်ချုပ်အသင်းထံသို့ အသင်းဝင်‌ကြေး ထိုင်းဘတ်‌ငွေ ၁,၀၀ဝနှင့် လစဉ်‌ကြေး ၈ဝမှ ၄ဝ အထိ ‌ငွေး‌ပေးသွင်း‌နေရခြင်းအ‌ပေါ် မ‌ကျေနပ်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

၎င်းအထည်ချုပ်‌နေသူ တစ်ဦးက “၇လပိုင်း ၂၁ရက်‌နေ့မှာ လူကြီး(လပြည့်ဝန်းအထည်ချုပ်အသင်း) ငါး‌ယောက်လာသွား တယ်။ အသင်းဝင်ရမယ်တဲ့။ အသင်းဝင်‌ကြေးက ဘတ် ၁၀၀ဝတဲ့။ တလကို ၂၅ဝ ခွဲတမ်း‌ပေးရမယ်တဲ့။ လစဉ်‌ကြေးဆို လည်း တစ်‌ယေက်ကို ၂၀။ မသွင်းမ‌နေရ ပုံစံမျိုးနဲ့လာ‌ပြောသွားတာ။ ရုံကြီးဆိုလည်း အဲလိုပဲတဲ့။ မီးသတ်ဌာနက မီးကာ ကွယ်ဖို့ဆိုပြီး ခွဲတမ်းချထားတယ်တဲ့။ သူတို့အသင်းက ဘတ်တစ်သိန်း သွင်းလိုက်ရတယ်တဲ့။ ဒါ‌ကြောင့် အသင်းဝင်‌ကြေးနဲ့ လစဉ်‌ကြေးကို မဖြစ်မ‌နေ‌ကောက်တာပါတဲ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အသင်းဝင်‌ကြေးနှင့် လစဉ်‌ကြေးကို မသွင်းနိုင်ပါက အထည်ချုပ်အလုပ် လုပ်ခွင့်‌ပေးမှာ မဟုတ်သလို လုံးဝ ပိတ်ပစ်ရန်လည်း ၎င်းတို့မှာ လုပ်ပိုင်ခွင့်အပြည့်ရှိ‌ကြောင်း အဆိုပါ အထည်ချုပ်အသင်းမှ တာဝန်ရှိသူများက လာ‌ရောက် ခြိမ်း‌ခြောက်‌ပြောဆိုသွားခဲ့‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ယခုလ ၁၄ရက်‌နေ့က ၎င်းတပိုင်တနိုင် အထည်ချုပ်သူများကို တပ်ကုန်း‌ရှေ့ရှိ လပြည့်ဝန်းအထည်ချုပ်အသင်းရုံးတွင် အထည်ချုပ်အသင်း တာဝန်ရှိသူများမှ ‌ခေါ်ယူ‌တွေ့ဆုံကာ အထည်ချုပ်အသင်းသားများ၏ လိုက်ရာရမည့် ဥပ‌ဒေများကို ချပြရာတွင် အသင်းဝင်‌ကြေးနှင့် လစဉ်‌ကြေး လုံးဝ မရှိ‌ကြောင်းကို ‌ရေးသားထားပြီး ယခုလို ‌ငွေ‌ကောက်ခံရာတွင် အသင်း ရံပုံ‌ငွေအတွက် ‌ကောက်ခံခြင်းသာဖြစ်သည်ဟု ရှင်းလင်းချပြခဲ့ပြန်သည်ဟု တပိုင်တနိုင်အထည်ချုပ်သူများက ဆိုသည်။

ထိုလပြည့်ဝန်း အထည်ချုပ်အသင်းသည် သက်ဆိုင်ရာအာဏာပိုင်များ၏ တရားဝင်ခွင့်ပြုချက်ဖြင့် တည်‌ထောင်ထား‌သော အထည်ချုပ်အသင်းဖြစ်၍ ၎င်းတို့‌နောက်တွင် ဌာနဆိုင်ရာများအဖွဲ့အစည်းများ မည်မျှပါဝင်‌ကြောင်းကို မသိရှိရသဖြင့် ယခုကိစ္စကို မည်သည့် တိုင်ကြားမှုမှ မပြုလုပ်ရဲ‌ကြောင်း တပိုင်တနိုင် အထည်ချုပ်သမားများက ‌ပြောကြသည်။

သို့‌သော် ယခုလို အသင်းဝင်‌ကြေးနှင့် လစဉ်‌ကြေး ‌ပေးသွင်း‌နေရခြင်းကို လက်ခံ‌ကျေနပ်ကြသည့် တပိုင်တနိုင် အထည်ချုပ် သူ တချို့လည်းရှိပြီး ယ‌နေ့ ည‌နေတွင် လစဉ်‌ကြေး သွား‌ရောက်‌ပေးသွင်းခဲ့သူ တပိုင်တနိုင် အထည်ချုပ်သမတစ်ဦးက ‌တော့“ ကျမတို့ သွင်းနိုင်ပါတယ်။ ဘာဖြစ်လို့ လဲဆို‌တော့ ဥပမာ- ဒီလမှာ ဆယ်‌ယောက်ရှိသလို ‌နောက်လမှာလည်း ၅ ‌ယောက်ပဲ ရှိရင်ရှိမယ်‌လေ။ သူတို့ (လပြည့်ဝန်း)က ဆယ်‌ယောက်လုံး ယူတာမဟုတ်ဘူး‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ လပြည့်ဝန်းအထည်ချုပ်အသင်းဘက်က‌တော့ အထည်ချုပ် အသင်းဝင်‌ကြေးနှင့် လစဉ်‌ကြေး ‌ကောက်ခံရခြင်းသည် အသင်းအတွက် လိုအပ်‌နေ‌သော ရန်ပုံ‌ငွေအတွက် သာဖြစ်ပြီး အသင်းရုံး စတင်တည်‌ဆောက်ခဲ့ သည့်အချိန်တွင် တင်ရှိထား‌သော အ‌ကြွေးများကို ပြန်လည်‌ပေးဆပ်ရန်ဖြစ်သည်ဟု ‌ပြောသည်။

လပြည့်ဝန်း အထည်ချုပ်အသင်းမှ အလုပ်မှု‌ဆောင်တစ်ဦးဖြစ်သူ ကို‌စော‌ဂျော်နီဝင်းက “ မှတ်ပုံတင်‌ကြေးတစ်‌ထောင်ဆိုတာ က ကျ‌နော်တို့က ဘာကို ရည်ရွယ်လဲဆိုတာက‌တော့ ကျန်‌နေတဲ့အ‌ကြွေးအတွက် အဲဒီက‌နေ ကာပြီး‌တော့ ‌ပေးသွားမယ် ‌ပေါ့‌နော်။ သို့‌ပေမယ့် သူတို့အ‌နေနဲ့ ‌ပေးလိုချင်စိတ်မရှိဘူး။ ကျ‌နော်တို့ လုပ်ရပ်‌တွေ အားလုံးက မြို့နယ်ရဲ့ ညွှန်ကြားမှု အားလုံး‌အောက်က သွား‌နေတာဖြစ်တယ်”ဟု ‌ပြောသည်။

၎င်းတို့အသင်း၏ လုပ်‌ဆောင်ချက်များသည် သွယ်ဝိုက်ပြီး လုပ်‌ဆောင်ခြင်းမဟုတ်ဘဲ တရားဝင်လုပ်‌ဆောင်ခြင်းသာဖြစ် ‌သော‌ကြောင့် တပိုင်တနိုင် အထည်ချုပ်သူများအ‌နေဖြင့် ၎င်းတို့ အသင်းအား အမြင်ကင်းရှင်း‌စေလို‌ကြောင်းလည်း ကို‌စော‌ဂျော်နီဝင်းက ဖြည့်စွက် ‌ပြောဆိုသည်။

လပြည့်ဝန်းအထည်ချုပ် အသင်းသည် လွန်သည့် ၂၀၁၁ခုနှစ် မတ်လ ၉ရက်‌နေ့တွင် ဘုရားသုံးမြို့ရှိ မြို့နယ်အုပ်ချုပ်‌ရေးမှူး ရုံး၌ စတင်ဖွဲ့စည်းခဲ့ရာ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်‌နေ့တွင် စက်မှုလိုင်စင်ကို ရရှိခဲ့ပြီး တရားဝင်ရပ်တည်‌နေ‌သော အထည်ချုပ်အသင်းတစ်သင်းဖြစ်သည်ဟု မြို့ခံများက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် ‌ထောင်နှင့်ချီ‌သော မြို့ခံများသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူး၍ စက်ရုံအလုပ် ရုံများတွင် သွား‌ရောက်အလုပ်လုပ်သူများရှိသလို ထိုင်းနိုင်ငံဘက်ခြမ်းမှ အထည်များကို မှာယူပြီး တပိုင်တနိုင်ဖြင့် အထည် ချုပ်သူ အိမ်‌ထောင်စု ၃ဝခန့်ရှိသည်ဟု သိရသည်။