Home သတင်း ကရင်လူမှုအဖွဲ့အစည်း ၆ဖွဲ့ မစ္စတာကင်တာနားနှင့် ‌တွေ့ဆုံ

ကရင်လူမှုအဖွဲ့အစည်း ၆ဖွဲ့ မစ္စတာကင်တာနားနှင့် ‌တွေ့ဆုံ

1676
ဩဂုတ်လ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

Tomás-Ojea-Quintanaမြန်မာနိုင်ငံ လူ့အခွင့်အ‌ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ‌သောမတ်အို‌ဟေးကင်တားနား (Mr-Tomas Ojen Quintana)နှင့် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် လူမှုအဖွဲ့အစည်း ၆ဖွဲ့ ယမန်‌နေ့ ဩဂုတ်လ ၂၂ရက်‌နေ့က ထိုင်းနိုင်ငံ၊ မဲ‌ဆောက် မြို့ရှိ Queen Palace Hotel တွင် ‌တွေ့ဆုံခဲ့ကြသည်။

မစ္စတာကင်တားနားသည် နယ်စပ်အ‌ခြေစိုက် လူမှုအဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ နိုင်ငံ‌ရေးအ ကျဉ်းသားများကူညီ‌စောင့်‌ရှောက်‌ရေးအသင်း(AAPP)၊ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)၊ နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေး လုပ်သားအဖွဲ့(BPHWT)၊ မယ်‌တော်‌ဆေးခန်း(MTC)၊ ထိုင်းနယ်စပ် ဒုက္ခသည်များကို ကူညီ‌ပေး‌နေသည့်(TBC)အဖွဲ့တို့နှင့် ‌တွေ့ဆုံကာ ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

“မစ္စတာကင်တာနားဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်ပြီးတိုင်း နယ်စပ်အဖွဲ့အစည်း‌တွေနဲ့ ‌တွေ့‌လေ့ရှိပါတယ်၊ အစီရင်ခံစာ ပြန်တင် တဲ့အခါမှာ ပြည်တွင်းကအဖွဲ့အစည်းက အချက်အလက်‌တွေသာမကပဲ နယ်စပ်အ‌ခြေစိုက်အဖွဲ့အစည်း‌တွေရဲ့ အချက်အလက် ‌တွေကိုပါ ရယူလိုတဲ့သ‌ဘောနဲ့ အခုလို ကျမတို့နဲ့‌တွေ့တာ ဖြစ်ပါတယ်”ဟု ‌တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ KWO ဥက္ကဌ နန်းဒါးအဲ့ ကလယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံမှုတွင် ယမန်‌နေ့ နံနက် ၁၁နာရီမှစ၍ တစ်နာရီခွဲကြာ ‌တွေ့ဆုံခဲ့ပြီး လူမှုအဖွဲ့အစည်းများက မစ္စတာကင်တားနား ကို မူးယစ်‌ဆေးဝါးပြဿနာ၊ ‌မြေမြှုပ်မိုင်းပြဿနာ၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် လတ်တ‌လော ငြိမ်းချမ်း‌ရေး တည်‌ဆောက်မှု စသည်တို့ကို သက်ဆိုင်ရာအဖွဲ့အလိုက် အဓိကထား ‌ဆွေး‌နွေးတင်ပြခဲ့ကြသည်ဟု နန်းဒါးအဲ့ကလယ်က ဆက်‌ပြောသည်။

အလားတူ မစ္စတာကင်တာနားဘက်ကလည်း မြန်မာနိုင်ငံအတွင်း ၎င်းတာဝန်ယူ လုပ်‌ဆောင်‌နေရ‌သော လုပ်ငန်းများ အပါအဝင် လက်ရှိ မြန်မာ့နိုင်ငံ၏ လူ့အခွင့်အ‌ရေးနှင့် နိုင်ငံ‌ရေးအမြင်သ‌ဘောထားများကို လူမှုအဖွဲ့အစည်းများနှင့် အပြန်အလှန် ‌ဆွေး‌နွေးခဲ့ သည်။

လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် ပတ်သက်၍ နန်းဒါးအဲ့ကလယ်က “အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ အပစ်ရပ်‌ရေး ပဏာမ သ‌ဘောတူညီမှုရပြီး‌နောက်ပိုင်း လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံ‌နေရတာ‌တွေဟာ ပုံစံသစ်‌တွေနဲ့ ချိုး‌ဖောက်ခံ‌နေကြရတယ်။ အစိုးရစစ်တပ်က စခန်း‌တွေ တိုးချဲ့‌ဆောက်တယ်။ ‌နောက် ကရင်ပြည်နယ်အတွင်း မူးယစ်‌ဆေးဝါးသုံးစွဲမှုနဲ့ ဖြန့်ဖြူးမှု ပိုမို တွင်ကျယ်လာတဲ့ စိုးရိမ်စရာအ‌ခြေအ‌နေ‌တွေကိုလည်း ‌ဆွေး‌နွေးဖြစ်ခဲ့ကြတယ်”ဟု ‌ပြောသည်။

မစ္စတာကင်တားနားနှင့် ‌တွေ့ဆုံရာ၌ ပါဝင်သူ KHRG အဖွဲ့ဝင်တစ်ဦးက “အပစ်အခတ်ရပ်စဲ‌ရေးကို သိပ်ပြီး အယုံအကြည် မရှိ ‌သေးတဲ့အခါကျ‌တော့ ‌မြေမြှုပ်မိုင်းရှင်းလင်း‌ရေးမှာ နည်းနည်းအခက်အခဲ ဖြစ်‌နေတယ်။ (ပြည်တွင်းဌာ‌နေမဲ့ ဒုက္ခသည်) IDP ‌တွေ အတွက်‌ရော၊ ရွာသား‌တွေအတွက်‌ရော‌ပေါ့။ ဒုက္ခသည်‌တွေ ပြန်လည်‌နေရာချထား‌ရေးမှာလည်း မိုင်း‌တွေက ၂၀၁၃ခုနှစ်အထိ ‌ပေါက်ကွဲမှု‌တွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရ‌နေဆဲ အ‌ခြေအ‌နေ‌တွေ ကျမက ‌ဆွေး‌နွေးတင်ပြခဲ့ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မစ္စတာကင်တားနားသည် မြန်မာနိုင်ငံ ခရီးစဉ်ကာလအတွင်း ဩဂုတ်လ ၁၉ရက်‌နေ့တွင် မိတ္ထီလာမြို့သို့ သွား‌ရောက်ခဲ့ရာ ဆန္ဒပြသူ ၂၀ဝခန့်နှင့် ကြုံ‌တွေ့ခဲ့ရပြီး ၎င်းစီးနင်းလာကားကိုလည်း ပိတ်ဆို့တိုက်ခိုက်မှုများ ကြုံ‌တွေ့ခံခဲ့ရသည် ဟု ဩဂုတ်လ ၂၁ရက်‌နေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌လေဆိပ်တွင် ပြုလုပ်‌သော သတင်းစာရှင်းလင်းပွဲတွင် ‌ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ၈ကြိမ်‌မြောက်ခရီးစဉ်အဖြစ် ‌ရောက်ရှိလာ‌သော မစ္စတာကင်တားနားသည် မြန်မာပြည်မှအပြန် နယ်စပ်အဖွဲ့အ စည်းများနှင့်‌တွေ့ဆုံပြီး‌နောက် မြန်မာနိုင်ငံ ခရီးစဉ်ဆိုင်ရာ အစီရင်ခံစာ အပြည့်အစုံကို လာမည့် ‌အောက်တိုဘာလ ၂၄ရက်‌နေ့၊ ကုလသမဂ္ဂ အ‌ထွေ‌ထွေညီလာခံတွင် တင်သွင်းသွားမည်ဟု သိရသည်။